၂ ရာချုပ် 23:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထို့နောက် ယဇ်ပုရောဟိတ်သည် ဘုရင့်သားတော်ကို ထုတ်ဆောင်လာ၍ သရဖူနှင့်တကွ ကတိဝန်ခံလွှာကို အပ်နှင်း၏။ ယောယဒနှင့်သူ၏သားတို့သည်လည်း သူ့ကို ဘိသိက်ပေးမင်းမြှောက်ကာ “မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။ Ver CapítuloCommon Language Bible11 ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။ Ver CapítuloGarrad Bible11 ထို အ ခါ မင်း သား ကို၊ ယူ ဆောင်၍ သ ရ ဖူ နှင့် မင်း ကျင့် တ ရား ကျမ်း ကို တင် လျက်၊ ယော ယ ဒ နှင့် သား တို့ သည် ရာ ဇ ဘိ သိက် သွန်း ၍ မင်း မြှောက် ကြ ပြီး မှ၊ ဘုရင် မင်း မြတ် သက် တော် ရှည် ပါ စေ သော ဟု ကြွေး ကြော် ကြ ကုန် ၏။ Ver CapítuloJudson Bible11 ထိုအခါ ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကိုတင်လျက်၊ ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒနှင့် သူ၏သားတို့သည် ဘိသိက်ပေး၍၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကြွေးကြော်ကြ၏။ Ver Capítulo |
သို့သော် ယဟောရံမင်းကြီး၏သမီးတော်ယောရှေဘသည် အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ထည့်ထား၏။ ဤသို့ ယဟောရံမင်းကြီး၏သမီးတော် ယဇ်ပုရောဟိတ်ယောယဒ၏မယား အာခဇိမင်းကြီး၏နှမတော်ဖြစ်သောယောရှေဘသည် ယောရှကိုဝှက်ထားသဖြင့် အာသလိရန်မှ ကင်း၍ အသတ်မခံရတော့ပေ။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။