Biblia Todo Logo
La Biblia Online
- Anuncios -




၄ ရာ 11:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အစောင့်တပ်သား​တို့​သည် လက်နက်​ကိုယ်စီ​ကိုင်​လျက် အိမ်​တော်​တောင်ဘက်​ထောင့်​မှ မြောက်ဘက်​ထောင့်​အထိ​၊ ယဇ်ပလ္လင်​အနား​၊ အိမ်​တော်​အနား​တို့​၌ နေရာယူ​လျက် ရှင်ဘုရင်​ကို ခြံရံ​ပေး​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

11 သူ​သည်​မင်း​ကြီး​ကို​ကာ​ကွယ်​စောင့်​ရှောက် ရန်​အ​တွက်​ထို​သူ​တို့​အား ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​ဋ္ဌား​လွတ်​များ ကို​ကိုင်​၍​နေ​ရာ​ယူ​စေ​၏။-

Ver Capítulo Copiar

Garrad Bible

11 ဗိ မာန် တော် နှင့် ပူ​ဇော် ရာ ပ လ္လင် တော် ကို မျက် နှာ မူ သူ ရှေ့ တော် ပြေး တို့ သည် လက် နက် ကိုယ် စီ ကိုင် လျက် မင်း လောင်း ကို ခြံ ရံ ကွယ် ကာ ရန် တစ် ဘက် မှ တစ် ဘက် အ ထိ ရပ် နေ ကြ ရာ၊

Ver Capítulo Copiar

Judson Bible

11 စောင့်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်​လျက်၊ ရှင်​ဘု​ရင်​ကို​ဝိုင်း၍ ယဇ်​ပ​လ္လင်​အ​နား​နှင့် ဗိ​မာန်​တော်​အ​နား၌ လက်​ယာ​ထောင့်​မှ​စ၍ လက်​ဝဲ​ထောင့်​တိုင်​အောင် ရပ်​ကြ၏။

Ver Capítulo Copiar




၄ ရာ 11:11
9 Referencias Cruzadas  

ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော ဒါဝိဒ်​မင်းကြီး​၏​လှံ​များ​၊ ဒိုင်းလွှား​များ​ကို ရာတပ်မှူး​တို့​အား ပေးအပ်​၏​။


ထို့နောက် ယဇ်ပုရောဟိတ်​သည် ဘုရင့်​သား​တော်​ကို ထုတ်ဆောင်​လာ​၍ သရဖူ​နှင့်တကွ ကတိဝန်ခံလွှာ​ကို အပ်နှင်း​၏​။ လူ​တို့​သည်​လည်း သူ့​အား ဘိသိက်ပေး​မင်းမြှောက်​လိုက်​ကြ​၏​။ သူ​တို့​သည် လက်ခုပ်ဩဘာ​ပေး​လျက် “​မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​၏​။


သင်​တို့​တစ်ဦးချင်းစီ​သည် လက်နက်​ကို​ကိုင်ဆောင်​ထား​ပြီး ရှင်ဘုရင်​ကို ဝိုင်းရံ​ထား​ရ​မည်​။ စောင့်ကြပ်​သော​နေရာ​သို့ ရောက်လာ​သူ​တိုင်း​ကို သုတ်သင်​ပစ်​ရ​မည်​။ ရှင်ဘုရင်​သွား​လာ​လေရာရာ​သို့ သင်​တို့​လိုက်ပါစောင့်ရှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။


ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် လက်​ကို​ဖြန့်​တော်မူ​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဝင်ဝ​၏​ရှေ့တည့်တည့်​၌ မီးရှို့​ရာ​ယဇ်ပလ္လင်​ကို ထား​ရ​မည်​။


တစ်ဖန် ငါ့​ကို ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​သို့ ဆောင်သွား​ရာ လူ​နှစ်ဆယ့်​ငါး​ယောက်​ခန့်​သည် ဆင်ဝင်​နှင့် ယဇ်ပလ္လင်​ကြား​ရှိ ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးဝ​တွင် ထာဝရဘုရား​၏​ဗိမာန်တော်​ကို ကျောခိုင်း​ပြီး အရှေ့​အရပ်​သို့​မျက်နှာမူ​၍ အရှေ့​အရပ်​ရှိ​နေမင်း​အား ရှိခိုးကိုးကွယ်​ကြ​သည်​ကို တွေ့​ရ​၏​။


ထာဝရဘုရား​၏​အမှု​တော်​ဆောင် ယဇ်ပုရောဟိတ်​တို့​သည် ဆင်ဝင်ပေါက်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် ငိုကြွေး​လျက် “​အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​ကို သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​အမွေ​တော်​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​၊ ပုံခိုင်းစရာ​ဖြစ်​အောင် ပြု​တော်​မ​မူ​ပါ​နှင့်​။ လူမျိုးခြား​တို့​က ‘သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း’​ဟူ၍ လူမျိုးတကာ​၏​အလယ်​တွင် အဘယ်ကြောင့် ဆို​ရ​ပါ​မည်နည်း​”​ဟု လျှောက်​ကြ​စေ​။


သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။


မှန်​ပေ​၏။ ဤ​မျိုးဆက်​ထံမှ ထို​သွေး​ကြွေး​ကို​တောင်းယူ​လိမ့်မည်​ဟု ငါ​ဆို​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos