၄ ရာ 9:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထိုအခါ သူတို့သည် မိမိတို့အဝတ်ကိုချက်ချင်းယူ၍ ယေဟုဆင်းလာမည့်လှေကားထစ်များတွင် ဖြန့်ခင်းပေး၏။ ထို့နောက် တံပိုးကိုမှုတ်ပြီး “ယေဟုသည် ရှင်ဘုရင် ဖြစ်တော်မူ၏”ဟု ကြွေးကြော်ကြ၏။ Ver CapítuloCommon Language Bible13 ချက်ချင်းပင်ယေဟု၏အဖော်ဗိုလ်မှူးတို့သည် လှေကားထိပ်ပေါ်တွင်ယေဟုနင်းရန် မိမိတို့၏ ဝတ်လုံများကိုဖြန့်ခင်းပြီးလျှင်တံပိုးခရာ မှုတ်၍``ယေဟုသည်ဘုရင်ဖြစ်တော်မူ၏'' ဟု ကြွေးကြော်ကြ၏။ Ver CapítuloGarrad Bible13 အ သီး အ သီး ကိုယ့် ဝတ် လုံ ကို လှေ ခါး ထစ် ပေါ် တွင် ယေ ဟု နင်း ရန် ခင်း ပြီး လျှင် ယေ ဟု သည် ဘု ရင် မင်း ဖြစ် သည် ဟု ကြွေး ကြော် ခြင်း၊ တံ ပိုး မှုတ် ခြင်း ပြု ကြ သည် နှင့် Ver CapítuloJudson Bible13 သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီးအသီး မိမိတို့ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟုအောက်မှာ ခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ၏ဟုတံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။ Ver Capítulo |
ရှင်ဘုရင်သည် အစဉ်အလာအတိုင်း တိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများက ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာမှုတ်နေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။