Biblia Todo Logo
ကျမ်းစာ အပိုဒ်များ
- ကြော်ငြာတွေ -

အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

ဦးစာအုပ်

စိတ်သစ်လူသစ်သန့်ရှင်းစင်ကြယ်မှုဘုရားသခင်ထံ အိမ်ကို အပ်နှံခြင်းသန့်ရှင်းခြင်းလမ်းစဉ်တရားမျှတမှုကို ရှာဖွေခြင်းဘုရားသခင်ကို ရိုသေလေးစားခြင်းစိတ်အသစ်ပြုပြင်ခြင်းစိတ်ခံစားမှုကျန်းမာရေးဘုရားသခင်တောင်းဆိုတဲ့ သန့်ရှင်းမှုအကြောင်းဘုရားရှိခိုးကျောင်းများဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းအကြောင်းသန့်ရှင်းခြင်းအကြောင်းသန့်ရှင်းခြင်းအကြောင်းဗျာဒိတ်ကျမ်းထဲက သူတော်စင်တွေအကြောင်းသန့်ရှင်းသောပစ္စည်းများအကြောင်းသန့်ရှင်းခြင်းမရှိဘဲ ဘုရားသခင်ကို မည်သူမျှ မမြင်ရသန့်ရှင်းသူများ စည်းလုံးညီညွတ်ရေးအဝတ်အစားဘိသိက်ခံယူခြင်းစိတ်ထားဖြူစင်ခြင်း

102 ကျမ်းစာထဲက ဆီလိမ်းခြင်းအကြောင်း ကျမ်းပိုဒ်များ

102 ကျမ်းစာထဲက ဆီလိမ်းခြင်းအကြောင်း ကျမ်းပိုဒ်များ

ကျမ်းစာမှာ ရေးထားပါတယ်။ “ခရစ်တော်၌ ငါတို့ကို သင်တို့နှင့်အတူ တည်မြဲစေ၍ ငါတို့ကို ဘိသိက်ပေးတော်မူသောသူကား ဘုရားသခင်ပေတည်း။ ကိုယ်တော်သည် ငါတို့အပေါ်၌ တံဆိပ်ခတ်၍ ငါတို့စိတ်နှလုံး၌ ဝိညာဉ်တော်ကို ဤကဲ့သို့ အာမခံပေးတော်မူ၏။” (၂ ကောရိန္သု ၁:၂၁-၂၂)

ဒီလောကကြီးထဲကို ရောက်လာတာ တိုက်တိုက်ဆိုင်ဆိုင် မဟုတ်ပါဘူး။ ဘုရားသခင်က သင့်ရဲ့အတွင်းမှာ အနှစ်သာရတစ်ခု ထည့်သွင်းပေးထားပါတယ်။ ဒါက လောကမဖန်ဆင်းခင်ကတည်းက သင့်အတွက် ထာဝရရည်ရွယ်ချက် ရှိနေပြီဆိုတာကို ပြတာပါ။ ဒါကြောင့် သင့်ကို ခေါ်တော်မူသော ဘုရားသခင်က သင့်ကို အမြဲထောက်မပေးနေတယ်၊ ဘိသိက်ပေးတော်မူသော ဘုရားသခင်က သင့်ကို ခွန်အားနဲ့ ဉာဏ်ပညာတွေ ပေးပြီး ကိုယ်တော့်အလိုတော်နဲ့အညီ လုပ်ဆောင်နိုင်အောင် ပြင်ဆင်ပေးတယ်ဆိုတာ မမေ့ပါနဲ့။

ဘုရားသခင်ရဲ့ ခေါ်ယူခြင်းက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။ သင်ဟာ ဘုရားသခင်ရဲ့ သားသမီးဖြစ်ကြောင်း၊ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ တန်ခိုးတော်ကို ထင်ရှားစေဖို့ ရွေးချယ်ခံရသူဖြစ်ကြောင်း ပြသတဲ့ တံဆိပ်တစ်ခု သင့်မှာ ရှိနေပါတယ်။ ဒါကြောင့် သင်ဟာ တစ်ယောက်တည်း မဟုတ်ဘူး၊ သန့်ရှင်းသောဝိညာဉ်တော်က အမြဲလမ်းပြပေးနေတယ်ဆိုတာ သိပြီး ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းပါ။


ဟေ​ရှာ​ယ 61:1

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကို ယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။

ယာ​ကုပ် 5:14

ဖျား​နာ​သူ​သည်​အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ လူ​ကြီး​များ​အား​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​သခင် ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ​နာ အား​ဆီ​ဖြင့်​လူး​၍​ဆု​တောင်း​ကြ​စေ။-

ထွက်​မြောက် 30:22-25

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- ``မု​ရန်​ဆီ​တစ်​ဆယ့်​နှစ်​ပေါင်၊ မွှေး​ကြိုင်​သော​သစ် ကြမ်း​ပိုး​ခြောက်​ပေါင်၊ စ​ပါး​လင်​ခြောက်​ပေါင်၊- က​ရ​မက်​တစ်​ဆယ့်​နှစ်​ပေါင်​စ​သည့်​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​တို့​ကို (သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​ရန်) သံ​လွင်​ဆီ​တစ်​ဂါ​လံ​နှင့် ရော​၍၊- ဆီ​မွှေး​ကဲ့​သို့​ဘိ​သိက်​ဆီ​ကို​ဖော်​စပ်​လော့။

ဟေ​ဗြဲ 1:9

ကိုယ်​တော်​သည်​အ​မှန်​ကို​နှစ်​သက်​တော်​မူ​၍ အ​မှား​ကို​မုန်း​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​၏​ဘု​ရား​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​အား​ရွေး​ချယ်​၍​ကိုယ်​တော်​၏ အ​ပေါင်း​အ​ဖော်​တို့​ထက်​ပို​မို​ချီး​မြှင့်​ကာ ရွှင်​လန်း​ဝမ်း​မြောက်​ခွင့်​ကို​ပေး​တော်​မူ​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။-

ထွက်​မြောက် 29:7

ထို​နောက်​သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​ဘိ​သိက်​ဆီ လောင်း​လျက်​ဘိ​သိက်​ပေး​ရ​မည်။

ရှင်မာကု 6:13

များ​စွာ​သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​ကြ​၏။ ဖျား​နာ​သူ​အ​မြောက်​အ​မြား​ကို​ဆီ​လိမ်း ၍​ကျန်း​မာ​စေ​ကြ​၏။

ဝတ်​ပြု 8:10-12

ထို​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​ကို​ယူ ၍ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် နှင့်​တဲ​တော်​အ​တွင်း​ရှိ​ပစ္စည်း​တန်​ဆာ​အား လုံး​ကို​လိမ်း​လေ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား​တဲ​တော်​နှင့်​တဲ​တော်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​ကို​ဆက်​ကပ်​လေ​သည်။- ထို​နောက်​မော​ရှေ​သည်​ဆီ​အ​နည်း​ငယ်​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​နှင့်​ယဇ်​ပလ္လင်​ဆိုင်​ရာ​ပစ္စည်း တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့်​၎င်း ၏​အောက်​ခြေ​ကို​လည်း​ကောင်း​ခု​နစ်​ကြိမ် ဖျန်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။- တစ်​ဖန်​သူ​သည်​ဆီ​အ​နည်း​ငယ်​ကို​အာ​ရုန် ၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​လျက် ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​သိက္ခာ​တင်​သည်။-

ယာ​ကုပ် 5:14-15

ဖျား​နာ​သူ​သည်​အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ လူ​ကြီး​များ​အား​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​သခင် ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ​နာ အား​ဆီ​ဖြင့်​လူး​၍​ဆု​တောင်း​ကြ​စေ။- ယုံ​ကြည်​ခြင်း​ဖြင့်​ဆု​တောင်း​ခြင်း​သည် လူ​နာ အား​ကျန်း​မာ​စေ​လိမ့်​မည်။ သ​ခင်​ဘု​ရား​သည် သူ့​အား​ကျန်း​မာ​လာ​စေ​တော်​မူ​၍ သူ​ပြု​မိ သော​အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ လိမ့်​မည်။-

လုကာ 7:46

သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။-

၁ ယော 2:27

သင်​တို့​မူ​ကား​ခ​ရစ်​တော်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို​သင်​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ ပြီ။ ဝိ​ညာဉ်​တော်​သည်​သင်​တို့​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​လျက်​နေ​တော်​မူ​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​အား​အ​ခြား​အ​ဘယ်​အ​ရာ​မျှ သွန်​သင်​ပေး​စ​ရာ​မ​လို။ အ​ဘယ်​ကြောင့်​ဆို သော်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို​သွန်​သင်​ပေး တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သွန်​သင် တော်​မူ​သော​အ​ရာ​တို့​သည်​မှန်​ကန်​၍​အ​မှား မ​ရှိ။ ထို့​ကြောင့်​သင်​တို့​သည်​ဝိ​ညာဉ်​တော်​သွန် သင်​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​လော့။ ခရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​ကြ လော့။

ထွက်​မြောက် 30:30

ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို၊ ငါ​၏ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​ထမ်း​စေ ရန် သူ​တို့​အား​နံ့​သာ​ဆီ​ဖြင့်​ဘိ​သိက်​ပေး လော့။-

ထွက်​မြောက် 40:15

ထို​နောက်​သူ​တို့​အား​ယဇ်​ပု​ရော​ဟိတ်​အ​မှု ကို​ဆောင်​ရွက်​စေ​ရန် သူ​တို့​၏​အ​ဖ​အား​ဘိ သိက်​ပေး​သ​ကဲ့​သို့၊ သူ​တို့​အား​ဘိ​သိက်​ဆီ လောင်း​၍​ဆက်​ကပ်​လော့။ သူ​တို့​အား​ဤ​ကဲ့ သို့​ဘိ​သိက်​ဆီ​လောင်း​ခြင်း​အား​ဖြင့်၊ သူ​တို့ ၏​သား​စဉ်​မြေး​ဆက်​တို့​သည် ယဇ်​ပု​ရော ဟိတ်​အ​ရာ​ကို​အ​မြဲ​ဆက်​ခံ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဝတ်​ပြု 8:12

တစ်​ဖန်​သူ​သည်​ဆီ​အ​နည်း​ငယ်​ကို​အာ​ရုန် ၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​လျက် ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​သိက္ခာ​တင်​သည်။-

၁ ရာ 16:13

ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။

ဆာ​လံ 23:5

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် ရန်​သူ​အ​ပေါင်း​တို့​၏​ရှေ့​မှောက်​တွင်​စား​ပွဲ​ကို တည်​ခင်း​တော်​မူ​ပါ​၏။ ဧည့်​သည်​တော်​အ​ဖြစ်​ကျွန်​တော်​မျိုး​၏​ဦး​ခေါင်း​ကို ဆီ​လောင်း​၍​ကြို​ဆို​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​ခွက်​ဖ​လား​ကို​လည်း ပြည့်​လျှံ​အောင်​ဖြည့်​တော်​မူ​ပါ​၏။

ရှင်မာကု 14:8

ဤ​အ​မျိုး​သ​မီး​သည်​သူ​တတ်​နိုင်​သ​မျှ​ငါ့ အား​ပြု​စု​လေ​ပြီ။ ငါ​၏​ရုပ်​အ​လောင်း​ကို​သင်္ဂြိုဟ် ရန် ကြို​တင်​၍​ဆီ​မွှေး​နှင့်​လိမ်း​ကျံ​လေ​ပြီ။-

ထွက်​မြောက် 28:41

ထို​အ​ဝတ်​အင်္ကျီ​များ​ကို​သင်​၏​အစ်​ကို​အာ​ရုန် နှင့် သူ​၏​သား​တို့​အား​ဝတ်​ဆင်​ပေး​လော့။ ထို​နောက် သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင် ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သင်​သည်​သူ​တို့ အား​သံ​လွင်​ဆီ​ဖြင့်​ဘိ​သိက်​ပေး​လော့။-

၃ ရာ 1:39

ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။-

ထွက်​မြောက် 40:9

``တဲ​တော်​နှင့်​တဲ​တော်​အ​တွင်း​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို ဘိ​သိက်​ဆီ​သွန်း​လောင်း ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​လော့။-

၂ ရာ 2:4

ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-

ဆာ​လံ 92:10

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား နွား​လား​ရိုင်း​ကဲ့​သို့​သန်​စွမ်း​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​ရွှင်​လန်း​ဝမ်း​မြောက်​ရ​ခြင်း ကောင်း​ချီး​မင်္ဂလာ​ကို​ပေး​တော်​မူ​ပါ​ပြီ။

၃ ရာ 19:16

နိမ်​ရှိ​၏​သား​ယေ​ဟု​ကို​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ မြို့​သား​ရှာ​ဖတ်​၏​သား​ဧ​လိ​ရှဲ​ကို​သင်​၏ အ​ရိုက်​အ​ရာ​ဆက်​ခံ​ရန်​ပ​ရော​ဖက်​အ​ဖြစ် ဘိ​သိက်​ပေး​လော့။-

ဝတ်​ပြု 8:30

ထို့​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​အ​နည်း ငယ်​နှင့်​ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း ငယ်​ကို​ယူ​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​ပေါ် သို့​လည်း​ကောင်း၊ သူ​တို့​၏​အ​ဝတ်​များ​အ​ပေါ် သို့​လည်း​ကောင်း​ပက်​ဖျန်း​လေ​သည်။ ယင်း​သို့ ပြု​လုပ်​ခြင်း​အား​ဖြင့်​သူ​သည် အာ​ရုန်​နှင့် သူ​၏​သား​များ​နှင့်​တ​ကွ​သူ​တို့​ဝတ်​ဆင် သော​အ​ဝတ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ဆက်​ကပ်​လေ​သည်။

ဆာ​လံ 133:2

ယင်း​သို့​နေ​ထိုင်​မှု​သည်​အာ​ရုန်​၏​ဦး​ခေါင်း​မှ သူ​၏​မုတ်​ဆိတ်​နှင့်​ဝတ်​လုံ​အင်္ကျီ​လည်​ခွံ​သို့ တိုင်​အောင် စီး​ကျ​လာ​သည့်​အ​ဖိုး​တန်​ဘိ​သိက်​ဆီ​ကဲ့​သို့​ဖြစ်​၏။

ရှင်ယောဟန် 12:3

ထို​အ​ခါ​မာ​ရိ​သည်​အ​လွန်​အ​ဖိုး​ထိုက်​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​သုံး​ဆယ်​သား​ကို​ယူ​၍ သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီး​နောက် မိ​မိ​၏​ဆံ​ပင်​နှင့်​သုတ်​လေ​၏။ ဤ​ဆီ​မွှေး​၏ ရ​နံ့​သည်​တစ်​အိမ်​လုံး​မွှေး​ကြိုင်​လျက်​ရှိ​၏။-

မဿဲ 6:17

သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ​မျက်​စိ ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော သင်​တို့​၏​အ​ဖ​မှ​လွဲ​၍ အ​ခြား​မည်​သူ​မျှ​မ​သိ​စေ​ရန် မျက်​နှာ​ကို​သစ် ၍​ဦး​ခေါင်း​ကို​ဖြီး​ကြ​လော့။-

ဝတ်​ပြု 21:10-12

ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ဦး​ခေါင်း​ပေါ်​တွင် ဆီ​လောင်း​၍ ဘိ​သိက်​ခံ​လျက်​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဝတ်​ဆင်​ထား​သူ​ဖြစ်​သော​ကြောင့် ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​ဆံ​ပင်​ကို ဖား​လျား​မ​ချ​ရ။ မိ​မိ​၏​အ​ဝတ်​ကို​လည်း မ​ဆုတ်​မ​ဖြဲ​ရ။- သူ​သည်​ငါ့​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား သူ​ဖြစ်​၍ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မိ​မိ ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ရ။ ငါ​၏​တဲ​တော်​မှ ထွက်​၍​မည်​သည့်​အ​သု​ဘ​အိမ်​သို့​မျှ​မ သွား​ရ။ မိ​ရင်း​ဘ​ရင်း​သေ​ဆုံး​သည့်​အိမ်​သို့ ပင်​မ​သွား​ရ။ ဤ​သို့​လျှင်​ငါ​၏​တဲ​တော်​မှ ထွက်​၍​အ​သု​ဘ​အိမ်​သို့​သွား​ခြင်း​အား ဖြင့်​ငါ​၏​တဲ​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ။-

၁ ယော 2:20

သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​သင်​တို့​အ​ပေါ်​သန့် ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း​တော်​မူ သည်​ဖြစ်​၍ သင်​တို့​အ​ပေါင်း​သည်​သမ္မာ​တ​ရား ကို​သိ​ကြ​ပေ​သည်။-

တော​လည် 6:15

သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု​လုပ်​သော တ​ဆေး​မဲ့​မုန့်​လုံး​များ​နှင့် သံ​လွင်​ဆီ​သုတ် သော​တ​ဆေး​မဲ့​မုန့်​ပြား​များ​ပါ​ရှိ​သည့် မုန့်​တောင်း​ကို​လည်း​ဆက်​သ​ရ​မည်။ ထို့ အ​ပြင်​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည် သကာ​တို့​ကို​လည်း​ဆက်​သ​ရ​မည်။

ထွက်​မြောက် 29:21

ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း​ငယ်​နှင့် ဘိ​သိက်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍၊ အာ​ရုန်​နှင့် သူ​၏​အဝတ်​အင်္ကျီ​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့​၏​အ​ဝတ်​အင်္ကျီ​တို့ အ​ပေါ်​၌​လည်း​ကောင်း​ဖျန်း​ရ​မည်။ ဤ​နည်း အား​ဖြင့်​အာ​ရုန်​နှင့်​သူ​၏​အ​ဝတ်​အင်္ကျီ​တို့ ကို​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့ ၏​အ​ဝတ်​အင်္ကျီ​များ​ကို​လည်း​ကောင်း​ငါ့ အား​ဆက်​ကပ်​ရ​မည်။

ထွက်​မြောက် 35:8

မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​ဆီ​နှင့်​နံ့​သာ​ပေါင်း အ​တွက်​အ​မွှေး​အ​ကြိုင်၊-

၂ ကော 1:21-22

သင်​တို့​နှင့်​ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​အ​သက်​ရှင်​စေ​တော်​မူ​သော​အ​ရှင် မှာ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ငါ​တို့​အား​သီး သန့်​ရွေး​ချယ်​တော်​မူ​၍၊- မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​တံ​ဆိပ်​ခတ်​နှိပ် တော်​မူ​၏။ အ​နာ​ဂတ်​ကာ​လ​၌​ငါ​တို့​အ​ဖို့ လျာ​ထား​သည်​များ​အ​တွက်​အာ​မ​ခံ​ချက် အ​ဖြစ် ကိုယ်​တော်​သည်​ငါ​တို့​စိတ်​နှ​လုံး​ထဲ သို့​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း တော်​မူ​၏။

၁ ရာ 10:1

ထို​နောက်​ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ဘူး​ကို​ယူ ၍ ရှော​လု​၏​ဦး​ခေါင်း​ပေါ်​သို့​သွန်း​လောင်း​ပြီး လျှင် သူ့​အား​နမ်း​ရှုပ်​လျက်``ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​တော်​မူ​၏။ သင်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​လျက် ရန်​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရ​သူ​အ​ဖြစ်​ဖြင့် ဘိ​သိက်​ပေး​တော် မူ​ကြောင်း​သက်​သေ​ကား​ဤ​သို့​တည်း။-

ဆာ​လံ 45:7

အ​မှန်​တ​ရား​ကို​နှစ်​သက်​၍​ဆိုး​ညစ်​မှု​ကို မုန်း​တော်​မူ​ပါ​၏။ သို့​ဖြစ်​သော​ကြောင့်​အ​ရှင်​မင်း​ကြီး​၏ ဘု​ရား​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား​ရွေး​ချယ်​တော်​မူ​ပြီး​လျှင် အ​ခြား​ဘု​ရင်​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​၍​ဝမ်း​မြောက်​ခြင်း​တည်း​ဟူ​သော ဆီ​ကို​သွန်း​တော်​မူ​ပါ​ပြီ။

ထွက်​မြောက် 31:11

ဘိ​သိက်​ဆီ​နှင့်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက် မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​တို့​ကို​ပြု​လုပ်​နိုင် ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​မိန့်​မှာ​သည့် အ​တိုင်း​သူ​တို့​သည် ဤ​အ​ရာ​များ​ကို​ပြု လုပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ထွက်​မြောက် 30:26-29

ဤ​ဘိ​သိက်​ဆီ​ကို​အ​သုံး​ပြု​၍၊ ငါ​စံ​ရာ​တဲ တော်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း​ကောင်း၊- စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို လည်း​ကောင်း၊ ဆီ​မီး​တိုင်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​ကို​လည်း​ကောင်း၊- မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပလ္လင်​နှင့်​သက်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အောက်​ခြေ​ခံ​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ ဖြင့်​သုတ်​လိမ်း​လော့။- ထို​အ​ရာ​များ​ကို​ဤ​သို့​ဆက်​ကပ်​ခြင်း​ဖြင့်၊ အ​လွန်​သန့်​ရှင်း​စေ​လော့။ ထို​အ​ရာ​များ​ကို ထိ​မိ​သော​အ​ရာ​ဟူ​သ​မျှ​တို့​သည် သန့် ရှင်း​လိမ့်​မည်။-

ထွက်​မြောက် 25:6

မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊-

ထွက်​မြောက် 40:13-15

အာ​ရုန်​အား​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​စေ​၍၊ ဘိ​သိက်​ဆီ​လောင်း လျက်​သူ့​အား​ဆက်​ကပ်​၍၊ ငါ့​အ​တွက်​ယဇ် ပု​ရော​ဟိတ်​အ​ဖြစ်​ဆောင်​ရွက်​စေ​လော့။- သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။- ထို​နောက်​သူ​တို့​အား​ယဇ်​ပု​ရော​ဟိတ်​အ​မှု ကို​ဆောင်​ရွက်​စေ​ရန် သူ​တို့​၏​အ​ဖ​အား​ဘိ သိက်​ပေး​သ​ကဲ့​သို့၊ သူ​တို့​အား​ဘိ​သိက်​ဆီ လောင်း​၍​ဆက်​ကပ်​လော့။ သူ​တို့​အား​ဤ​ကဲ့ သို့​ဘိ​သိက်​ဆီ​လောင်း​ခြင်း​အား​ဖြင့်၊ သူ​တို့ ၏​သား​စဉ်​မြေး​ဆက်​တို့​သည် ယဇ်​ပု​ရော ဟိတ်​အ​ရာ​ကို​အ​မြဲ​ဆက်​ခံ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထွက်​မြောက် 29:1-2

``ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဤ​သို့​ဆက်​ကပ်​ရ​မည်။ အ​ပြစ်​အ​နာ​ကင်း​သော နွား​ပေါက်​တစ်​ကောင်​နှင့်​သိုး​ထီး​နှစ်​ကောင်​ကို ယူ​ခဲ့​လော့။- ``ထို​နောက်​နွား​ထီး​ကို​ငါ​စံ​ရာ​တဲ​တော်​အ​ရှေ့ သို့​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အား နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​စေ​ရ​မည်။- ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ၊ ငါ​၏​ရှေ့​တော်​တွင် နွား​ကို​သတ်​ရ​မည်။- ဦး​ချို​သဏ္ဌာန်​ရှိ​သော​ပလ္လင်​၏​အ​ချွန်​အ​တက် များ​တွင် နွား​သွေး​အ​နည်း​ငယ်​ကို၊ သင်​၏ လက်​ချောင်း​ဖြင့်​သုတ်​ရ​မည်။ ကျန်​ရှိ​နေ​သော နွား​သွေး​အား​လုံး​ကို၊ ပလ္လင်​၏​ခြေ​ရင်း​တွင် လောင်း​ရ​မည်။- ထို​နောက်​နွား​ဝမ်း​တွင်း​သား​မှ​အ​ဆီ​ရှိ​သ​မျှ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​တ​ကွ အ​ဆီ​တို့​ကို၊ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။- နွား​၏​အ​သား၊ သား​ရေ​နှင့်​ဝမ်း​တွင်း​သား​တို့ ကို​မူ​ကား၊ စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​မည်။ ထို ယဇ်​ပူ​ဇော်​ခြင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​၏။ ``အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် သိုး​ထီး​တစ် ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။- ထို​နောက်​သိုး​ကို​သတ်​၍​အ​သွေး​ကို ယဇ်​ပလ္လင် ၏​လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း ရ​မည်။- သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။ သိုး​၏​ဝမ်း​တွင်း သား​နှင့်​နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​၍၊ ဦး​ခေါင်း​နှင့်​အ​ခြား​အ​သား​ပိုင်း​များ​ပေါ် တွင်​တင်​ပြီး​လျှင်၊- သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။ ``ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဒု​တိ​ယ​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​စေ​ရ​မည်။ ထို​သိုး​သည်​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌​ပူ​ဇော်​သော​သိုး​ဖြစ်​၏။- ဆီ​ပါ​သော​မုန့်၊ ဆီ​လူး​သော​မုန့်​ချပ်​တို့​ကို လည်း​ယူ​လော့။ ထို​မုန့်​များ​ကို​တ​ဆေး​မ​ပါ သော​အ​ကောင်း​ဆုံး​ဂျုံ​မုန့်​ညက်​ဖြင့်​ပြု​လုပ် ရ​မည်။-

တော​လည် 35:25

လူ​ပ​ရိ​သတ်​သည်​လူ​သတ်​မှု​ကူး​လွန်​သူ အား​သေ​ဆုံး​သူ​၏​ဆွေ​မျိုး​တော်​စပ်​သူ​လက် မှ​ကယ်​တင်​၍ သူ​ထွက်​ပြေး​ခို​လှုံ​ခဲ့​သော​မြို့ သို့​ပြန်​ပို့​ရ​မည်။ သူ​သည်​ထို​စဉ်​က​အ​မှု​ထမ်း နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ​ရောက်​သည် အ​ထိ​ထို​မြို့​တွင်​နေ​ထိုင်​ရ​မည်။-

၄ ရာ 9:6

ထို​နောက်​သူ​တို့​နှစ်​ယောက်​သည်​အိမ်​ထဲ​သို့​ဝင် သွား​ပြီး​လျှင် လူ​ငယ်​ပ​ရော​ဖက်​သည်​ယေ​ဟု ၏​ဦး​ခေါင်း​ပေါ်​သို့​သံ​လွင်​ဆီ​ကို​သွန်း​လောင်း ကာ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏။-

ဝတ်​ပြု 14:15-18

ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက် ဝဲ​လက်​ဖ​ဝါး​ထဲ​သို့​သံ​လွင်​ဆီ​အ​နည်း ငယ်​ကို​လောင်း​ထည့်​လျက်၊- လက်​ယာ​လက်​ညှိုး​ဖြင့်​ဆီ​ကို​တို့​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။- တစ်​ဖန်​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​နေ​သူ​၏ လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက် ယာ​ခြေ​မ​တို့​တွင်​လက်​ဖ​ဝါး​ထဲ​မှ​ဆီ နှင့်​သိုး​၏​သွေး​အ​နည်း​ငယ်​ဖြင့်​သုတ် ရ​မည်။- လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ​သော​ဆီ​ဖြင့် ထို သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။

ထွက်​မြောက် 39:37

ရွှေ​ဆီ​မီး​တိုင်​မှ​စ​၍​မီး​ခွက်​များ၊ ဆီ​မီး​တိုင် နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​နှင့်​မီး​ခွက်​များ အ​တွက်​ဆီ​ကို​လည်း​ကောင်း၊-

ထွက်​မြောက် 30:31-33

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့ ဆင့်​ဆို​လော့။ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ရန် ဘိ​သိက်​ပေး​ရာ​၌၊ သင်​တို့​၏​သား​စဉ်​မြေး ဆက်​တို့​သည်​ဤ​သန့်​ရှင်း​သော​ဆီ​ကို​အ​သုံး ပြု​ရ​မည်။- ထို​ဆီ​ကို​သာ​မန်​လူ​တို့​၏​ကိုယ်​ခန္ဓာ​ပေါ်​သို့ မ​သွန်း​လောင်း​ရ။ ထို​ဆီ​နှင့်​တူ​သော​ဆီ​မျိုး ကို​မ​ဖော်​စပ်​ရ။ ထို​ဆီ​သည်​သန့်​ရှင်း​သည် ဖြစ်​၍၊ သန့်​ရှင်း​သော​ဆီ​အ​ဖြစ်​လက်​ခံ​ရ မည်။- မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။

၃ ရာ 19:15-16

ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ဒ​မာ​သက်​မြို့​အ​နီး တော​ကန္တာ​ရ​သို့​ပြန်​သွား​ပြီး​နောက် ထို​မြို့​သို့​ဝင် ၍​ဟာ​ဇေ​လ​အား​ရှု​ရိ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​လော့။- နိမ်​ရှိ​၏​သား​ယေ​ဟု​ကို​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ မြို့​သား​ရှာ​ဖတ်​၏​သား​ဧ​လိ​ရှဲ​ကို​သင်​၏ အ​ရိုက်​အ​ရာ​ဆက်​ခံ​ရန်​ပ​ရော​ဖက်​အ​ဖြစ် ဘိ​သိက်​ပေး​လော့။-

၁ ရာ 9:16

``နက်​ဖြန်​ဤ​အ​ချိန်​လောက်​၌​ဗင်္ယာ​မိန်​အ​နွယ် ဝင်​လူ​တစ်​ယောက်​ကို သင့်​ထံ​သို့​ငါ​စေ​လွှတ် လိုက်​မည်။ သူ့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ သူ​သည် ငါ​၏​လူ​မျိုး​တော်​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​၏​ဘေး​မှ​ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​ဆင်း​ရဲ​ဒုက္ခ​ကို မြင်​ရ​ပြီ။ သူ​တို့​ဟစ်​အော်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​များ​ကို​လည်း​ကြား​ရ​ပြီ'' ဟု မိန့်​တော်​မူ​၏။

ထွက်​မြောက် 35:28

မီး​ခွက်​များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်​နှင့်​ဆီ​တို့​ကို လည်း​ကောင်း၊ ဆက်​ကပ်​ကြ​၏။-

ဝတ်​ပြု 2:1

တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​လို​လျှင်​မုန့်​ညက်​ကို​ပူ​ဇော်​ရ မည်။ မုန့်​ညက်​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့ သာ​လောင်း​ထည့်​၍၊-

ထွက်​မြောက် 30:24-25

က​ရ​မက်​တစ်​ဆယ့်​နှစ်​ပေါင်​စ​သည့်​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​တို့​ကို (သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​ရန်) သံ​လွင်​ဆီ​တစ်​ဂါ​လံ​နှင့် ရော​၍၊- ဆီ​မွှေး​ကဲ့​သို့​ဘိ​သိက်​ဆီ​ကို​ဖော်​စပ်​လော့။

တော​လည် 4:16

ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ သည်​တဲ​တော်​အ​တွက်​လည်း​ကောင်း၊ မီး​ခွက် ဆီ၊ နံ့​သာ​ပေါင်း၊ ဘော​ဇဉ်​သ​ကာ၊ ဘိ​သိက် ဆီ​မှ​စ​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ထား​သော​တဲ​တော်​ပစ္စည်း​ရှိ​သ​မျှ​ကို​လည်း ကောင်း​တာ​ဝန်​ယူ​ရ​မည်။

ဆာ​လံ 105:15

ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ​တို့​ကို မ​ထိ​မ​ခိုက်​ကြ​နှင့်။ ငါ​၏​ပ​ရော​ဖက်​တို့​အား​လက်​ဖျား​နှင့်​ပင် မ​တို့​ကြ​နှင့်'' ဟု​ရှင်​ဘု​ရင်​တို့​အား သ​တိ​ပေး​တော်​မူ​၏။

မဿဲ 26:7

အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။-

ဝတ်​ပြု 7:12

တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ယဇ်​ကို​ပူ​ဇော် သော​အ​ခါ ယဇ်​ကောင်​နှင့်​အ​တူ​တ​ဆေး မ​ပါ​သော​မုန့်​ကို​လည်း​ယူ​ဆောင်​ခဲ့​ရ​မည်။ ၎င်း​မုန့်​မှာ​သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု လုပ်​သော​မုန့်​လုံး​သို့​မ​ဟုတ်​သံ​လွင်​ဆီ​သုတ် သော​မုန့်​ပြား သို့​မ​ဟုတ်​သံ​လွင်​ဆီ​နှင့်​မုန့် ညက်​ရော​၍​ပြု​လုပ်​သော​မုန့်​ဖြစ်​ရ​မည်။ ဤ​မုန့်​များ​တွင်​တဆေး​မ​ပါ​စေ​ရ။-

တော​လည် 6:17

သူ​သည်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သိုး​ထီး ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တောင်း​ကို​လည်း ဆက်​သ​ရ​မည်။ တစ်​ချိန်​တည်း​တွင်​ဘော​ဇဉ် သ​ကာ​နှင့် စ​ပျစ်​ရည်​သ​ကာ​တို့​ကို​လည်း ဆက်​သ​ရ​မည်။-

၂ ရာ​ချုပ် 28:15

ပြည်​သူ​တို့​သည်​သုံ့​ပန်း​များ​အား​လက်​ရ ပစ္စည်း​များ​ထဲ​က အ​ဝတ်​အ​စား​ဝေငှ​ပေး​ရေး အ​တွက်​အ​ကြီး​အ​ကဲ​လေး​ဦး​ကို​ခန့်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​သုံ့​ပန်း​များ​ဝတ် ဆင်​ရန်​အ​ဝတ်​အ​စား​များ၊ ဖိ​နပ်​များ​နှင့် စား​ရန်​အ​စား​အ​စာ​အ​လုံ​အ​လောက်​ကို ပေး​၍ သူ​တို့​၏​ဒဏ်​ရာ​များ​ကို​သံ​လွင်​ဆီ နှင့်​လိမ်း​ပေး​ကြ​၏။ အား​နည်း​သူ​တို့​ကို မြည်း​စီး​စေ​လျက် ယု​ဒ​နယ်​မြေ​ရှိ​စွန် ပ​လွံ​မြို့​ခေါ်​ယေ​ရိ​ခေါ​မြို့​သို့​အ​ရောက် ပို့​ကြ​၏။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရှ​မာ​ရိ​မြို့​သို့​ပြန်​ကြ​၏။

ဆာ​လံ 20:6

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဘိ​သိက်​ပေး​တော် မူ​သော ဘု​ရင်​အား​စစ်​ပွဲ​နိုင်​စေ​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ ကိုယ်​တော်​သည်​မင်း​ကြီး​၏​ပန်​ကြား​ချက်​ကို သန့်​ရှင်း မြင့်​မြတ်​သည့်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​၍ တန်​ခိုး​တော်​ဖြင့်​မင်း​ကြီး​အား​အောင်​ပွဲ​ကြီး များ​ကို ပေး​တော်​မူ​၏။

ဇာ​ခ​ရိ 4:14

ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``ဤ​အ​ရာ တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​အ​စိုး ရ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​ကိုယ်​တော်​ရွေး​ချယ်​ဘိ​သိက် ပေး​တော်​မူ​သော​သူ​နှစ်​ဦး​ဖြစ်​၏'' ဟု​ဆို လေ​သည်။

ဆာ​လံ 89:20

ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ဆီ​တော်​ဖြင့်​ဘိ​သိက် ပေး​၍ ဘု​ရင်​အ​ဖြစ်​ငါ​ခန့်​ထား​ပြီ။

ဟေ​ရှာ​ယ 10:27

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​အာ​ရှု​ရိ​အ​မျိုး​သား တို့​၏​လက်​မှ​လွတ်​မြောက်​စေ​မည်။ သင်​တို့ ၏​ပ​ခုံး​ပေါ်​တွင်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​တော့ မည်​မ​ဟုတ်။ သင်​တို့​သည်​အ​လွန်​ဝ​ဖြိုး လာ​သော​ကြောင့် သင်​တို့​၏​ထမ်း​ပိုး​များ ကျိုး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဆာ​လံ 141:5

သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍ ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။

ထွက်​မြောက် 27:20

``ဆီ​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​နိုင်​ရန် အ ကောင်း​ဆုံး​သံ​လွင်​ဆီ​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့ ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို လော့။-

ထွက်​မြောက် 39:38

ရွှေ​ယဇ်​ပလ္လင်၊ ဘိ​သိက်​ဆီ၊ နံ့​သာ​ပေါင်း​နှင့် တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ ကို​လည်း​ကောင်း၊-

ထွက်​မြောက် 40:10-11

ထို​နောက်​ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​နှင့်​ဆိုင် ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ဘိ​သိက် ဆီ​သွန်း​လောင်း​၍၊ အ​လွန်​သန့်​ရှင်း​စေ​လော့။- ထို​နည်း​အ​တိုင်း​အင်​တုံ​နှင့်​အောက်​ခံ​ခုံ​များ ကို​ဆက်​ကပ်​လော့။

ဝတ်​ပြု 14:26-29

ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက်​ဝဲ လက်​ဖ​ဝါး​ထဲ​တွင်​ဆီ​အ​နည်း​ငယ်​ကို​ထည့် ၍၊- လက်​ယာ​လက်​ညှိုး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။- တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။- တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။-

ထွက်​မြောက် 40:16

မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-

ထွက်​မြောက် 28:3

အာ​ရုန်​သည်​ငါ့​ထံ​၌​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဆက်​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​စေ​ရန်၊ ငါ​ကျွမ်း​ကျင်​မှု​ပ​ညာ​ပေး​ထား​သူ​တို့​ကို​ဆင့် ခေါ်​၍​သူ့​အ​တွက်​ဝတ်​စုံ​ကို​ချုပ်​စေ​ရ​မည်။-

ဝတ်​ပြု 8:1-2

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- ထို​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​ကို​ယူ ၍ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် နှင့်​တဲ​တော်​အ​တွင်း​ရှိ​ပစ္စည်း​တန်​ဆာ​အား လုံး​ကို​လိမ်း​လေ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား​တဲ​တော်​နှင့်​တဲ​တော်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​ကို​ဆက်​ကပ်​လေ​သည်။- ထို​နောက်​မော​ရှေ​သည်​ဆီ​အ​နည်း​ငယ်​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​နှင့်​ယဇ်​ပလ္လင်​ဆိုင်​ရာ​ပစ္စည်း တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့်​၎င်း ၏​အောက်​ခြေ​ကို​လည်း​ကောင်း​ခု​နစ်​ကြိမ် ဖျန်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။- တစ်​ဖန်​သူ​သည်​ဆီ​အ​နည်း​ငယ်​ကို​အာ​ရုန် ၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​လျက် ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​သိက္ခာ​တင်​သည်။- ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​အာ​ရုန်​၏​သား​များ​ကို ရှေ့​သို့​ခေါ်​ဆောင်​၍ အင်္ကျီ​များ​ကို​ဝတ်​ဆင်​ပေး ပြီး​နောက်​ခါး​ပန်း​ကို​ခါး​တွင်​စည်း​ပေး​၏။ ဦး ခေါင်း​များ​ပေါ်​တွင်​လည်း​ဦး​ထုပ်​များ​ကို ဆောင်း​ပေး​၏။ ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​နွား​ပျို​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန် နှင့်​သူ​၏​သား​တို့​အား​နွား​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​စေ​သည်။- မော​ရှေ​သည်​နွား​ကို​သတ်​ပြီး​လျှင်​လက်​ချောင်း ဖြင့်​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့် များ​၌​ရှိ​သော​အ​တက်​များ​ကို​သုတ်​လိမ်း ခြင်း၊ ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​၏​အောက် ခြေ​တွင်​သွန်း​လောင်း​ခြင်း​ဖြင့်​ပလ္လင်​ကို​ဆက် ကပ်​၍​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​နိုင်​ရန် သန့်​ရှင်း​စေ​၏။- မော​ရှေ​သည်​ဝမ်း​တွင်း​သား​မှ​အ​ဆီ​အား လုံး၊ အ​သည်း​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည်။- သူ​သည်​နွား​သား​ရေ​အ​သား​နှင့်​အူ​များ အ​ပါ​အ​ဝင်​ကျန်​သော​အ​ပိုင်း​တို့​ကို ထာ ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း စ​ခန်း​အ​ပြင်​ဘက်​၌​မီး​ရှို့​လေ​သည်။ ထို့​နောက်​မော​ရှေ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော် ရန်​သိုး​ထီး​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ ၏​သား​တို့​အား​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင် လက်​ကို​တင်​စေ​၏။- မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင် သွေး​ကို ယဇ်​ပလ္လင်​လေး​ဘက်​ပေါ်​သို့​ပက်​ဖျန်း​လေ သည်။- ``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-

၃ ရာ 1:39-40

ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။- လွန်​စွာ​အ​ဆင်း​လှ​သည့်​ထို​အ​မျိုး​သ​မီး​သည် မင်း​ကြီး​အ​ပါး​တော်​တွင်​လုပ်​ကျွေး​ပြု​စု​သော် လည်း မင်း​ကြီး​သည်​သူ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု ကို​မ​ပြု​ချေ။ ထို့​နောက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ်​လျက် ပ​လွေ​များ​ကို​မှုတ်​လျက် မြေ​ကြီး​ကွဲ​မ​တတ် အ​သံ​ဗ​လံ​များ​ကို​ပြု​ကာ​ရှော​လ​မုန်​၏ နောက်​မှ​လိုက်​ကြ​၏။

ထွက်​မြောက် 40:12

``အာ​ရုန်​နှင့်​သား​များ​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင် ၍၊ ရေ​ဖြင့်​ဆေး​ကြော​သန့်​စင်​စေ​လော့။-

ကမ္ဘာ​ဦး 28:18

ယာ​ကုပ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော အိပ်​ရာ​မှ နိုး​ထ​၍​သူ​ခေါင်း​အုံး​သော​ကျောက်​တုံး​ကို​ယူ​ပြီး လျှင် မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။ ထို​နောက်​မှတ် တိုင်​ပေါ်​တွင်​သံ​လွင်​ဆီ​လောင်း​လျက် ထို​မှတ်​တိုင် ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​လေ​၏။-

ထွက်​မြောက် 30:25-28

ဆီ​မွှေး​ကဲ့​သို့​ဘိ​သိက်​ဆီ​ကို​ဖော်​စပ်​လော့။ ဤ​ဘိ​သိက်​ဆီ​ကို​အ​သုံး​ပြု​၍၊ ငါ​စံ​ရာ​တဲ တော်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း​ကောင်း၊- စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို လည်း​ကောင်း၊ ဆီ​မီး​တိုင်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​ကို​လည်း​ကောင်း၊- မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပလ္လင်​နှင့်​သက်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အောက်​ခြေ​ခံ​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ ဖြင့်​သုတ်​လိမ်း​လော့။-

ဝတ်​ပြု 14:15-16

ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက် ဝဲ​လက်​ဖ​ဝါး​ထဲ​သို့​သံ​လွင်​ဆီ​အ​နည်း ငယ်​ကို​လောင်း​ထည့်​လျက်၊- လက်​ယာ​လက်​ညှိုး​ဖြင့်​ဆီ​ကို​တို့​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။-

မဿဲ 25:3-4

ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ မီး​ခွက်​များ​ကို​ယူ​ခဲ့​သော်​လည်း​ဆီ​ပို​ကို မူ​မ​ယူ​ခဲ့​ကြ။- အ​သုံး​မ​ကျ​သည့်​ဤ​ကျွန်​ကို​အ​ပြင်​အ​မှောင်​ထဲ သို့​ထုတ်​လိုက်​ကြ။ သူ​သည်​ထို​အ​ရပ်​တွင်​ငို​ကြွေး မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ​လိမ့် မည်' ဟု​ဆို​၏။'' ``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။- ထို​အ​ခါ​လူ​မျိုး​အ​ပေါင်း​တို့​သည်​ရှေ့​တော်​တွင် စု​ရုံး​ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​နှင့်​ဆိတ် တို့​ကို​တ​ခြား​စီ​ခွဲ​ထုတ်​သ​ကဲ့​သို့​လူ​သား​သည် လည်း​လူ​တို့​အား​နှစ်​စု​ခွဲ​ထုတ်​တော်​မူ​ပြီး​လျှင်၊- သူ​တော်​ကောင်း​များ​ကို​လက်​ယာ​တော်​ဘက်၊ သူ​ယုတ်​မာ​များ​ကို​လက်​ဝဲ​တော်​ဘက်​တွင် ထား​တော်​မူ​လိမ့်​မည်။- ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။- သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။- ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စဉ်​အ​ခါ​က အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​ကြ​၏။ ငါ​ဖျား​နာ​စဉ် အ​ခါ​က​ပြု​စု​ကြ​၏။ ငါ​ထောင်​ကျ​စဉ်​အ​ခါ က​ငါ့​ထံ​လာ​ရောက်​ကြ​၏' ဟု​မိန့်​တော်​မူ​၏။'' ထို​အ​ခါ​သူ​တော်​ကောင်း​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ​၌​မြင်​၍​အ​ကျွန်ုပ်​တို့​ကျွေး​မွေး ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​သောက်​ရေ​ကို​ပေး​ပါ​သ​နည်း။- ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ်​အ​ခါ​၌ မြင်​၍​အ​ကျွန်ုပ်​တို့​ဧည့်​သည်​ဝတ်​ကို​ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​အ​ဝတ်​ဝတ်​ဆင်​ပေး​ပါ​သ​နည်း။- ဖျား​နာ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ တော်​မူ​သည်​ကို​လည်း​ကောင်း​အ​ဘယ်​အ​ခါ​၌ အ​ကျွန်ုပ်​တို့​မြင်​၍​အ​ထံ​တော်​သို့​လာ​ကြ​ပါ သ​နည်း' ဟု​ပြန်​၍​လျှောက်​ထား​ကြ​၏။- ပ​ညာ​သ​တိ​ရှိ​သူ​များ​မူ​ကား​မိ​မိ​တို့​၏ မီး​ခွက်​များ​သာ​မ​က​ဆီ​ပို​ကို​လည်း​ဘူး တွင်​ထည့်​၍​ယူ​ခဲ့​ကြ​၏။-

ထွက်​မြောက် 37:29

သူ​သည်​သန့်​ရှင်း​သော​ဘိ​သိက်​ဆီ​နှင့်​မွေး​ကြိုင်​၍ စင်​ကြယ်​သော​မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို​ဖော်​စပ် လေ​၏။

ထွက်​မြောက် 39:37-38

ရွှေ​ဆီ​မီး​တိုင်​မှ​စ​၍​မီး​ခွက်​များ၊ ဆီ​မီး​တိုင် နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​နှင့်​မီး​ခွက်​များ အ​တွက်​ဆီ​ကို​လည်း​ကောင်း၊- ရွှေ​ယဇ်​ပလ္လင်၊ ဘိ​သိက်​ဆီ၊ နံ့​သာ​ပေါင်း​နှင့် တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ ကို​လည်း​ကောင်း၊-

ဝတ်​ပြု 14:29-30

တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စ​ခန်း​အ​ပြင် သို့​ထုတ်​၍​စစ်​ဆေး​ရ​မည်။ သူ​၏​ရော​ဂါ ပျောက်​ကင်း​လျှင်၊- ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ချိုး​တစ်​ကောင်၊ သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​လည်း​ကောင်း၊-

ထွက်​မြောက် 30:10

``အာ​ရုန်​သည်​တစ်​နှစ်​လျှင်​တစ်​ကြိမ်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကောင်​၏​အ​သွေး​ဖြင့်၊ ပလ္လင်​၏ ထောင့်​ချွန်​အ​တက်​လေး​ခု​ကို​သုတ်​လိမ်း​၍၊ ပလ္လင်​ကို​သန့်​ရှင်း​စေ​ရ​မည်။ သင်​၏​အ​မျိုး အ​စဉ်​အ​ဆက်​တို့​သည်​ထို​ဝတ်​ကို​နှစ်​စဉ် အ​မြဲ​ပြု​ရ​မည်။ ထို​ပလ္လင်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ အ​လွန် သန့်​ရှင်း​သော​ပလ္လင်​ဖြစ်​သ​တည်း။''

ထွက်​မြောက် 35:8-9

မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​ဆီ​နှင့်​နံ့​သာ​ပေါင်း အ​တွက်​အ​မွှေး​အ​ကြိုင်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း​နှင့်​ရင်​ဖုံး အဝတ်​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့်​အ​ခြား​ကျောက်​မျက်​ရ​တ​နာ​များ​ကို ယူ​ဆောင်​ခဲ့​ရ​မည်'' ဟု​ဆင့်​ဆို​၏။

ဝတ်​ပြု 7:10

သို့​ရာ​တွင်​မ​ဖုတ်​မ​ကင်​ရ​သေး​သော​ဘော​ဇဉ် သ​ကာ​သည် ဆီ​နှင့်​ရော​ပြီး​သည်​ဖြစ်​စေ၊ ဆီ နှင့်​မ​ရော​ရ​သေး​သည်​ဖြစ်​စေ၊ အာ​ရုန်​၏ အ​မျိုး​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့ နှင့်​ဆိုင်​သ​ဖြင့် အ​ညီ​အ​မျှ​ဝေ​ယူ​စေ​ရ မည်။

ဝတ်​ပြု 14:27-29

လက်​ယာ​လက်​ညှိုး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။- တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။- တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။-

ဝတ်​ပြု 14:28

တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။-

ထွက်​မြောက် 30:23-24

``မု​ရန်​ဆီ​တစ်​ဆယ့်​နှစ်​ပေါင်၊ မွှေး​ကြိုင်​သော​သစ် ကြမ်း​ပိုး​ခြောက်​ပေါင်၊ စ​ပါး​လင်​ခြောက်​ပေါင်၊- က​ရ​မက်​တစ်​ဆယ့်​နှစ်​ပေါင်​စ​သည့်​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​တို့​ကို (သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​ရန်) သံ​လွင်​ဆီ​တစ်​ဂါ​လံ​နှင့် ရော​၍၊-

တော​လည် 18:8

ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။-

ဝတ်​ပြု 14:10-13

အ​ဋ္ဌ​မ​နေ့​၌​သူ​သည် အ​ပြစ်​အ​နာ​ကင်း သော​တစ်​နှစ်​သား​အ​ရွယ် သိုး​ထီး​က​လေး နှစ်​ကောင်၊ သိုး​မ​က​လေး​တစ်​ကောင်၊ သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ငါး​ပေါင်​နှင့်​သံ​လွင် ဆီ​အ​ဝက်​သား​ကို​ယူ​ဆောင်​ခဲ့​ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​အ​ထက်​ပါ ပူ​ဇော်​သ​ကာ​များ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။- ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။- သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-

ဆာ​လံ 133:1-2

ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် စိတ်​သ​ဘော​ညီ​ညွတ်​လျက်​နေ​ထိုင်​ကြ​သည်​မှာ အ​လွန်​ကောင်း​မွန်​၍​တင့်​တယ်​လှ​ပါ​သည်​တ​ကား။ ယင်း​သို့​နေ​ထိုင်​မှု​သည်​အာ​ရုန်​၏​ဦး​ခေါင်း​မှ သူ​၏​မုတ်​ဆိတ်​နှင့်​ဝတ်​လုံ​အင်္ကျီ​လည်​ခွံ​သို့ တိုင်​အောင် စီး​ကျ​လာ​သည့်​အ​ဖိုး​တန်​ဘိ​သိက်​ဆီ​ကဲ့​သို့​ဖြစ်​၏။

ဝတ်​ပြု 14:19-20

ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရ​မည်။ ထို​နောက်​သူ​သည်​မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​၍၊- ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ် ကို​ဆောင်​ရွက်​ပြီး​နောက်​ရော​ဂါ​ပျောက်​ကင်း သူ​သည်​သန့်​စင်​လိမ့်​မည်။

ဟေ​ရှာ​ယ 61:3

ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စား ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်း ပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန် ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သော ဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။

တော​လည် 18:8-9

ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။- မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-

ထွက်​မြောက် 35:10-12

``သင်​တို့​တွင်​ရှိ​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​သည် ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လာ​၍​လုပ်​ဆောင်​ရ​ကြ​မည်။- တဲ​တော်​နှင့်​အ​မိုး​အ​ကာ၊ တဲ​တော်​ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့် အောက်​ခြေ​စွပ်​များ၊- ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​ထမ်း​ပိုး​တန်း​များ၊ သေတ္တာ​တော်​အ​ဖုံး၊ သေတ္တာ​တော်​ကို​ကာ​ရံ ထား​သော​ကန့်​လန့်​ကာ၊-

ထွက်​မြောက် 25:6-8

မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။- ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-

လုကာ 10:34

သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။-

ဝတ်​ပြု 14:21-24

ထို​သူ​သည်​ဆင်း​ရဲ​သ​ဖြင့် အ​ထက်​ပါ​ပူ​ဇော် သ​ကာ​များ​ကို​သန့်​စင်​ခြင်း​ဝတ်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရန် မ​တတ်​နိုင်​လျှင် သိုး​ထီး​က​လေး​တစ်​ကောင် ကို​သာ​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​ယဇ်​သည်​ယဇ် ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဘွယ်​ဖြစ်​သည်။ သူ​သည်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​တွက် သံ​လွင်​ဆီ​နှင့်​ရော သော​မုန့်​ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း၊ သံ လွင်​ဆီ​အဝက်​သား​ကို​လည်း​ကောင်း​ယူ​ခဲ့ ရ​မည်။- အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။- သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သည့်​အ​ဋ္ဌ​မ​နေ့​၌ သူ​သည် ထို​ပူ​ဇော်​သ​ကာ​တို့​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့ ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​နှင့်​သံ​လွင်​ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-

ထွက်​မြောက် 40:1-3

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊ ထို​နောက်​ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​နှင့်​ဆိုင် ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ဘိ​သိက် ဆီ​သွန်း​လောင်း​၍၊ အ​လွန်​သန့်​ရှင်း​စေ​လော့။- ထို​နည်း​အ​တိုင်း​အင်​တုံ​နှင့်​အောက်​ခံ​ခုံ​များ ကို​ဆက်​ကပ်​လော့။ ``အာ​ရုန်​နှင့်​သား​များ​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင် ၍၊ ရေ​ဖြင့်​ဆေး​ကြော​သန့်​စင်​စေ​လော့။- အာ​ရုန်​အား​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​စေ​၍၊ ဘိ​သိက်​ဆီ​လောင်း လျက်​သူ့​အား​ဆက်​ကပ်​၍၊ ငါ့​အ​တွက်​ယဇ် ပု​ရော​ဟိတ်​အ​ဖြစ်​ဆောင်​ရွက်​စေ​လော့။- သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။- ထို​နောက်​သူ​တို့​အား​ယဇ်​ပု​ရော​ဟိတ်​အ​မှု ကို​ဆောင်​ရွက်​စေ​ရန် သူ​တို့​၏​အ​ဖ​အား​ဘိ သိက်​ပေး​သ​ကဲ့​သို့၊ သူ​တို့​အား​ဘိ​သိက်​ဆီ လောင်း​၍​ဆက်​ကပ်​လော့။ သူ​တို့​အား​ဤ​ကဲ့ သို့​ဘိ​သိက်​ဆီ​လောင်း​ခြင်း​အား​ဖြင့်၊ သူ​တို့ ၏​သား​စဉ်​မြေး​ဆက်​တို့​သည် ယဇ်​ပု​ရော ဟိတ်​အ​ရာ​ကို​အ​မြဲ​ဆက်​ခံ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။- သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် ဒု​တိ​ယ​နှစ်​ပ​ထ​မ​လ၊ ပ​ထ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို​စိုက်​ထူ​ကြ​၏။- မော​ရှေ​သည်​တဲ​တော်​၏​အောက်​ခံ​ခုံ​များ​ကို နေ​ရာ​ချ​ထား​၏။ ထို​နောက်​ဘောင်​ခွေ​များ​ကို ထောင်​၍ ကန့်​လန့်​ကျင်​များ​ကို​လျှို​လျက်​တိုင် များ​ကို​ထူ​၏။- ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​မိန့်​တော်​မူ​သည့် အ​တိုင်း​တဲ​တော်​အ​မိုး​ကို​ဖြန့်​မိုး​လျက် ထို အ​မိုး​အ​ထက်​အ​ပေါ်​ထပ်​အ​မိုး​ကို​မိုး ပြန်​၏။- ``ပ​ထ​မ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​စိုက်​ထူ​လော့။- ထို​နောက်​သူ​သည်​ကျောက်​ပြား​ကို​သေတ္တာ တော်​ထဲ​၌​ထည့်​ထား​၏။ သေတ္တာ​တော်​ကွင်း များ​တွင်​ထမ်း​ပိုး​များ​ကို​လျှို​၍၊ သေတ္တာ တော်​အ​ဖုံး​ကို​တင်​၏။- ထို​နောက်​သူ​သည်​သေတ္တာ​တော်​ကို​တဲ​တော် အ​တွင်း​၌​သွင်း​၍ ကန့်​လန့်​ကာ​ကို​ကာ​သ ဖြင့်၊ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သေတ္တာ​ကို​ကာ​ထား​လေ​၏။- သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​စား​ပွဲ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​အ​တွင်း မြောက်​ဘက်၊ ကန့်​လန့် ကာ​အ​ပြင်​ဘက်​တွင်​နေ​ရာ​ချ​ထား​၍၊- ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ဆက်​သ​ရန် မုန့်​ကို​စား​ပွဲ​ပေါ်​၌​တင်​ထား​၏။- သူ​သည်​ဆီ​မီး​တိုင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​အ​တွင်း၊ တောင်​ဘက် စား​ပွဲ​၏​တစ်​ဘက်​တွင်​ထား​၏။- ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​မီး ခွက်​များ​ကို​ထွန်း​ညှိ​လေ​၏။- ရွှေ​ပလ္လင်​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​အ​တွင်း၊ ကန့်​လန့်​ကာ​အ​ရှေ့​တွင် နေ​ရာ​ချ​ထား​၏။- ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​လေ​၏။- သူ​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ကန့်​လန့်​ကာ ကို​တပ်​ဆင်​ပြီး​နောက်- ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​ရှေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ကို​နေ​ရာ​ချ​ထား ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း​ပလ္လင်​ပေါ်​တွင် ပူ​ဇော်​လေ​၏။- တဲ​တော်​တွင်​ပ​ညတ်​တော်​ဆယ်​ပါး​ပါ​ရှိ သော​သေတ္တာ​တော်​ကို​သွင်း​ထား​၍၊ သေတ္တာ အ​ရှေ့​တွင်​ကန့်​လန့်​ကာ​ကို၊ ကာ​ထား​လော့။-

ရှင်ယောဟန် 12:1-3

ပ​သ​ခါ​ပွဲ​တော်​ကျ​ရောက်​ရန်​ခြောက်​ရက်​မျှ အ​လို​၌ သေ​လွန်​ပြီး​မှ​ပြန်​၍​အ​သက်​ရှင် စေ​တော်​မူ​ခဲ့​သူ လာ​ဇ​ရု​နေ​ထိုင်​ရာ​ဗေ​သ​နိ ရွာ​သို့​သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​၏။- လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​၍​ယု​ဒ​အ​မျိုး သား​အ​များ​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ကို မ​ဆည်း​ကပ်​ကြ​တော့​ဘဲ သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ဆည်း​ကပ်​လာ​ကြ​၏။ သို့​ဖြစ်​၍​ယဇ်​ပု ရော​ဟိတ်​ကြီး​တို့​သည်​လာ​ဇ​ရု​ကို​လည်း သတ်​ရန်​ကြံ​စည်​ကြ​၏။ နောက်​တစ်​နေ့​၌​ပ​သ​ခါ​ပွဲ​တော်​သို့​လာ ကြ​ကုန်​သော​လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မည်​ဟု​ကြား​သ​ဖြင့်၊- စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​ကာ​ထွက်​သွား ပြီး​လျှင် ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ကြွ လာ​သော​အရှင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဣ​သ​ရေ​လ​ဘု​ရင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ သ​တည်း'' ဟု​ကြွေး​ကြော်​လျက်​ကိုယ်​တော်​အား ကြို​ဆို​ကြ​၏။ ကျမ်း​စာ​တော်​တွင်၊ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်၊ကြည့်​လော့၊ သင်​၏​ရှင်​ဘု​ရင်​သည်​မြည်း​က​လေး​ကို​စီး​လျက် ကြွ​လာ​လေ​ပြီ'' ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သ​ခင်​ယေ​ရှု​သည် မြည်း​တစ်​ကောင်​ကို​တွေ့​၍​ထို​မြည်း​ကို​စီး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ထို​စဉ်​အ​ခါ​က​ဤ ကျမ်း​ချက်​ကို​နား​မ​လည်​ကြ။ သ​ခင်​ယေ​ရှု ဘုန်း​အ​သ​ရေ​ပွင့်​တော်​မူ​သော​အ​ခါ​ကျ​မှ ဤ​ကျမ်း​ချက်​ကား​ကိုယ်​တော်​၏​အ​ကြောင်း ဖော်​ပြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏ အ​တွက်​ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ပြန်​လည်​သ​တိ​ရ​ကြ​၏။ လာ​ဇ​ရု​အား​သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍​ရှင်​ပြန် စေ​တော်​မူ​စဉ်​အ​ခါ​က​နောက်​တော်​ပါ​ပ​ရိ​သတ် သည် အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​အ​ကြောင်း​ကို ပြန်​ကြား​ကြ​သ​ဖြင့် ကြား​ရ​သော​လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ကြို​ဆို​ရန်​လာ​ကြ​၏။ ဖာ​ရိ​ရှဲ​တို့​က ``ငါ​တို့​မှာ​လုံး​ဝ​အောင်​မြင်​မှု မ​ရှိ။ လော​က​တစ်​ခု​လုံး​ပင်​ထို​သူ့​နောက်​သို့ လိုက်​ပါ​သွား​ပါ​ပြီ​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။ ကိုယ်​တော်​အား​ည​စာ​ဖြင့်​ဧည့်​ခံ​ရာ​၌​မာ​သ​က ဧည့်​ဝတ်​ကို​ပြု​၏။ ကိုယ်​တော်​နှင့်​အ​တူ​စား​ပွဲ​တွင် ထိုင်​ကြ​သူ​များ​အ​ထဲ​တွင်​လာ​ဇ​ရု​လည်း​ပါ​၏။- ပွဲ​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ကြ​သော​လူ​တို့​အ​ထဲ​တွင် ဂ​ရိ​အ​မျိုး​သား​အ​ချို့​ပါ​၏။- သူ​တို့​သည် (ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ် သူ) ဖိ​လိပ္ပု​ထံ​သို့​သွား​ကြ​၍ ``ဆ​ရာ၊ အ​ကျွန်ုပ် တို့​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လို​ပါ​သည်'' ဟု ပြော​ကြား​ကြ​၏။ ဖိ​လိပ္ပု​သည်​အန္ဒြေ​ထံ​သို့​သွား​၍​ထို​အ​ကြောင်း​ကို ပြော​ပြ​၏။ ထို​နောက်​ထို​သူ​နှစ်​ဦး​တို့​သည်​သ​ခင် ယေ​ရှု​ထံ​တော်​သို့​သွား​၍​ထို​အ​ကြောင်း​ကို​လျှောက် ထား​ကြ​၏။- သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။- မိ​မိ​အ​သက်​ကို​ချစ်​သော​သူ​သည်​အ​သက် ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​တွင်​မိ​မိ​အ​သက် ကို​မုန်း​သော​သူ​သည် မိ​မိ​အ​သက်​ကို​အ​စဉ် ထာ​ဝ​ရ​စောင့်​ရှောက်​ထိန်း​သိမ်း​လိမ့်​မည်။- ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။ ``ငါ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ ငါ​အ​ဘယ် သို့​မြွက်​ဆို​ရ​အံ့​နည်း။ `အို ခ​မည်း​တော်၊ အ​ကျွန်ုပ် အား​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ရောက်​ချိန်​နှင့်​ကင်း​လွတ် စေ​တော်​မူ​ပါ' ဟု​မြွက်​ဆို​ရ​မည်​လော။ သို့​ရာ တွင်​ငါ​သည်​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခံ​ဖို့​ရန်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။- အို ခ​မည်း​တော်၊ ကိုယ်​တော်​ရှင်​၏​နာ​မ​တော် အား​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ ပါ'' ဟု​မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ​ကောင်း​ကင်​မှ ``ငါ​သည်​နာ​မ​တော် ကို​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​ပြီ။ နောက် တစ်​ဖန်​လည်း​ထွန်း​တောက်​စေ​ဦး​မည်'' ဟု​အ​သံ တော်​ပေါ်​ထွက်​လာ​၏။ ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ​သော​လူ​ပ​ရိ​သတ် သည်​ထို​အ​သံ​ကို​ကြား​၍​အ​ချို့​က ``မိုး​ချုန်း သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​စ​ကား​ပြော​သည်'' ဟု​ဆို​ကြ​၏။ ထို​အ​ခါ​မာ​ရိ​သည်​အ​လွန်​အ​ဖိုး​ထိုက်​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​သုံး​ဆယ်​သား​ကို​ယူ​၍ သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီး​နောက် မိ​မိ​၏​ဆံ​ပင်​နှင့်​သုတ်​လေ​၏။ ဤ​ဆီ​မွှေး​၏ ရ​နံ့​သည်​တစ်​အိမ်​လုံး​မွှေး​ကြိုင်​လျက်​ရှိ​၏။-

ထွက်​မြောက် 25:6-7

မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။-

၁ ရာ 2:10

ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ​များ​သည်​ချေ​မှုန်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​အ​ပေါ်​ကောင်း​ကင်​မှ​မိုး​ချုန်း စေ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​တစ်​ခု​လုံး​ကို တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​ရွေး​ချယ်​ခန့်​ထား​တော် မူ​သော ဘု​ရင်​အား၊တန်​ခိုး​နှင့်​ပြည့်​စုံ​စေ​၍ မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​သူ​အား အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။''

ဝတ်​ပြု 2:2-3

အာ​ရုန်​၏​သား​များ​ဖြစ်​သော​ယဇ်​ပု​ရော​ဟိတ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ တာ​ဝန်​ကျ​သော ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဆီ နှင့်​အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​ကို​ယူ​၍​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သို့​ပူ​ဇော် ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​အ​ကုန် အ​စင်​ပူ​ဇော်​ရာ​ရောက်​၏။ ဤ​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။- ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။

ထွက်​မြောက် 35:29-30

မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း သော​အ​လုပ်​အ​တွက်​အ​မျိုး​သား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​သည်​စိတ်​စေ​တ​နာ​ထက် သန်​စွာ​ဖြင့်၊ မိ​မိ​တို့​လှူ​ဖွယ်​ဝတ္ထု​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ကြ​၏။ ဥ​ပုသ်​နေ့​တွင်​သင်​တို့​၏​နေ​အိမ်​များ​၌​မီး​ကို ပင်​မ​မွေး​ရ'' ဟု​ဆင့်​ဆို​၏။ မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ် ဟု​ရ​၏​မိ​သား​စု​မှ ဥ​ရိ​၏​သား​ဗေ​ဇ လေ​လ​ကို​ရွေး​ချယ်​ထား​တော်​မူ​၏။-

၁ ရာ​ချုပ် 16:22

ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ တို့​ကို ဘေး​ဥ​ပဒ်​မ​ရောက်​စေ​ကြ​နှင့်။ ငါ​၏​ပ​ရော​ဖက်​တို့​ကို​မ​ထိ​ကြ​နှင့်'' ဟု​မိန့် တော်​မူ​၏။

ဆာ​လံ 23:5-6

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် ရန်​သူ​အ​ပေါင်း​တို့​၏​ရှေ့​မှောက်​တွင်​စား​ပွဲ​ကို တည်​ခင်း​တော်​မူ​ပါ​၏။ ဧည့်​သည်​တော်​အ​ဖြစ်​ကျွန်​တော်​မျိုး​၏​ဦး​ခေါင်း​ကို ဆီ​လောင်း​၍​ကြို​ဆို​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​ခွက်​ဖ​လား​ကို​လည်း ပြည့်​လျှံ​အောင်​ဖြည့်​တော်​မူ​ပါ​၏။ ဧ​ကန်​မု​ချ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ၏ ကျေး​ဇူး​နှင့်​က​ရု​ဏာ​တော်​ကို​တစ်​သက်​လုံး ခံ​စား​၍ ကိုယ်​တော်​ရှင်​၏​အိမ်​တော်​မှာ​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး​နေ​ရ​ပါ​လိမ့်​မည်။

ဘုရားသခင်ထံဆုတောင်းပါ။

ချစ်ရသော ယေရှု၊ ကျွန်ုပ်၏ တစ်ကိုယ်လုံးဖြင့် ကိုယ်တော်ကို ကိုးကွယ်ပါ၏။ ကိုယ်တော်၏ မဟာကြီးမြတ်ခြင်းနှင့် တင့်တယ်ခြင်းအတွက် ကိုယ်တော်ကို ချီးမွမ်းပါ၏။ ကျွန်ုပ်၏ဘုရားသခင်ဖြစ်သောကြောင့် ကိုယ်တော်ကို ကိုးကွယ်ပါ၏။ မိခင်ဝမ်းတွင်းကတည်းက ကျွန်ုပ်ကို ရွေးချယ်၍ ထာဝရရည်ရွယ်ချက်ကို ပေးသနားတော်မူခဲ့ပါသည်။ ကိုယ်တော်ကို မည်သို့မချီးမွမ်းရပါမည်နည်း။ ကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏မဟာကြီးမြတ်ခြင်းကို ချီးမွမ်းပါ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာတော်ကို ကျွန်ုပ်အား ပြသတော်မူပြီး မနက်တိုင်း ကိုယ်တော်၏ကရုဏာတော်ဖြင့် ကျွန်ုပ်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၊ ကိုယ်တော်၏ခြေရင်းတော်၌ ကျွန်ုပ်ကိုယ်ကို အပ်နှံပါ၏။ ကျွန်ုပ်ဖြစ်တည်သမျှသည် ကိုယ်တော်ကြောင့်သာ ဖြစ်ကြောင်း ဝန်ခံပါ၏။ ကျွန်ုပ်မာန်မာနထားရန် အဘယ်အရာမျှ မရှိပါ။ ဂုဏ်အသရေအားလုံးသည် ကိုယ်တော်၏နာမတော်၌သာ ရှိပါ၏။ ယနေ့ ကိုယ်တော်ခေါ်တော်မူသောအမှုတော်၌ ကျွန်ုပ်ခိုင်မြဲစွာ ရပ်တည်နိုင်ရန် ကူညီတော်မူပါ။ ကိုယ်တော်၏အလိုတော်မှ ကျွန်ုပ်ကို မလမ်းမလွဲစေပါနှင့်။ ကိုယ်တော်၌ တည်နေလိုပါသည်။ ထိုသို့ဖြင့် ကိုယ်တော်ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပါမည်။ အကြောင်းမူကား ကိုယ်တော်၏နှုတ်ကပတ်တော်ကို ဟောပြော၍ ကိုယ်တော်၏ခန္ဓာကိုယ်ကို တည်ဆောက်ရန် ကျွန်ုပ်အား ဘိသိက်ပေးတော်မူခဲ့သောကြောင့် ဖြစ်ပါသည်။ ကိုယ်တော်၏ပညာ၊ ဥာဏ်ပညာကို ကျွန်ုပ်၌ ထည့်သွင်းပေး၍ လိုက်နာရမည့်လမ်းကို သင်ကြားပေးတော်မူပါ။ အရာခပ်သိမ်းအတွက်၊ ကိုယ်တော်၏ကျေးဇူးတော်နှင့် မျက်နှာသာတော်ကို ပေးသနားတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ ကိုယ်တော်ဖြစ်တော်မူသောအရှင်နှင့် ကိုယ်တော်ပြုတော်မူခဲ့သမျှအတွက် ကိုယ်တော်ကို ကိုးကွယ်ပါ၏။ ယေရှု၏နာမတော်၌ အာမင်။

ဦးစာအုပ်

စိတ်သစ်လူသစ်သန့်ရှင်းစင်ကြယ်မှုဘုရားသခင်ထံ အိမ်ကို အပ်နှံခြင်းသန့်ရှင်းခြင်းလမ်းစဉ်တရားမျှတမှုကို ရှာဖွေခြင်းဘုရားသခင်ကို ရိုသေလေးစားခြင်းစိတ်အသစ်ပြုပြင်ခြင်းစိတ်ခံစားမှုကျန်းမာရေးဘုရားသခင်တောင်းဆိုတဲ့ သန့်ရှင်းမှုအကြောင်းဘုရားရှိခိုးကျောင်းများဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းအကြောင်းသန့်ရှင်းခြင်းအကြောင်းသန့်ရှင်းခြင်းအကြောင်းဗျာဒိတ်ကျမ်းထဲက သူတော်စင်တွေအကြောင်းသန့်ရှင်းသောပစ္စည်းများအကြောင်းသန့်ရှင်းခြင်းမရှိဘဲ ဘုရားသခင်ကို မည်သူမျှ မမြင်ရသန့်ရှင်းသူများ စည်းလုံးညီညွတ်ရေးအဝတ်အစားဘိသိက်ခံယူခြင်းစိတ်ထားဖြူစင်ခြင်း
ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ