တောလည် 6:15 - Common Language Bible15 သံလွင်ဆီနှင့်မုန့်ညက်ရော၍ပြုလုပ်သော တဆေးမဲ့မုန့်လုံးများနှင့် သံလွင်ဆီသုတ် သောတဆေးမဲ့မုန့်ပြားများပါရှိသည့် မုန့်တောင်းကိုလည်းဆက်သရမည်။ ထို့ အပြင်ဘောဇဉ်သကာနှင့် စပျစ်ရည် သကာတို့ကိုလည်းဆက်သရမည်။ အခန်းကိုကြည့်ပါ။Garrad Bible15 ဆိုင် ရာ ဘော ဇဉ် သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ များ ကို လည်း ကောင်း၊ မုန့် ညက် နှင့် လုပ်၍ ဆီ ရော သော တ ဆေး မဲ့ မုန့် ပေါက်၊ ဆီ လူး သော တ ဆေး မဲ့ မုန့် ချပ် များ နှင့် ပြည့် သော တောင်း တစ် လုံး ကို လည်း ကောင်း ထာ ဝ ရ ဘု ရား ထံ ဆောင် သွင်း လှူ ဒါန်း ရာ၊ အခန်းကိုကြည့်ပါ။Judson Bible15 ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တစ်တောင်း၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာကို ထာဝရဘုရားအားဆက်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 အကောင်းဆုံးဂျုံမှုန့်ကို ဆီဖြင့်ရော၍လုပ်ထားသည့် တဆေးမဲ့မုန့်လုံးနှင့် ဆီလူးထားသည့်တဆေးမဲ့မုန့်ကြွပ် တစ်တောင်းကို ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့နှင့်အတူ ထာဝရဘုရားထံ ယူဆောင်လာရမည်။ အခန်းကိုကြည့်ပါ။ |
တစ်စုံတစ်ယောက်သည်ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ယဇ်ကိုပူဇော် သောအခါ ယဇ်ကောင်နှင့်အတူတဆေး မပါသောမုန့်ကိုလည်းယူဆောင်ခဲ့ရမည်။ ၎င်းမုန့်မှာသံလွင်ဆီနှင့်မုန့်ညက်ရော၍ပြု လုပ်သောမုန့်လုံးသို့မဟုတ်သံလွင်ဆီသုတ် သောမုန့်ပြား သို့မဟုတ်သံလွင်ဆီနှင့်မုန့် ညက်ရော၍ပြုလုပ်သောမုန့်ဖြစ်ရမည်။ ဤမုန့်များတွင်တဆေးမပါစေရ။-