ဝတ်ပြု 7:12 - Common Language Bible12 တစ်စုံတစ်ယောက်သည်ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ယဇ်ကိုပူဇော် သောအခါ ယဇ်ကောင်နှင့်အတူတဆေး မပါသောမုန့်ကိုလည်းယူဆောင်ခဲ့ရမည်။ ၎င်းမုန့်မှာသံလွင်ဆီနှင့်မုန့်ညက်ရော၍ပြု လုပ်သောမုန့်လုံးသို့မဟုတ်သံလွင်ဆီသုတ် သောမုန့်ပြား သို့မဟုတ်သံလွင်ဆီနှင့်မုန့် ညက်ရော၍ပြုလုပ်သောမုန့်ဖြစ်ရမည်။ ဤမုန့်များတွင်တဆေးမပါစေရ။- အခန်းကိုကြည့်ပါ။Garrad Bible12 ချီး မွမ်း ရာ သ က္ကာ ဖြစ် လျှင် ထို သ က္ကာ နှင့် တ ကွ ဆီ ရော သော တ ဆေး မဲ့ မုန့် ပေါက်၊ ဆီ လူး သော တ ဆေး မဲ့ မုန့် ချပ်၊ မုန့် ညက် ဖြင့် လုပ်၍ ဆီ ရော ပြွမ်း သော မုန့် လုံး များ ကို ဆက် ကပ် စေ။ အခန်းကိုကြည့်ပါ။Judson Bible12 ကျေးဇူးတော်ဝန်ခံဖို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့်လုပ်၍ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 မိတ်သဟာယယဇ်ကို ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ပူဇော်လိုလျှင် ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာနှင့်အတူ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်၊ အကောင်းဆုံးဂျုံမှုန့်ကိုဆီနှင့်နယ်၍ လုပ်ထားသောမုန့်ဝိုင်းကို ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။-
ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-