ရှင်ယောဟန် 12:3 - Common Language Bible3 ထိုအခါမာရိသည်အလွန်အဖိုးထိုက်သော နာဒုဆီမွှေးအစစ်သုံးဆယ်သားကိုယူ၍ သခင်ယေရှု၏ခြေတော်ကိုလိမ်းပြီးနောက် မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဤဆီမွှေး၏ ရနံ့သည်တစ်အိမ်လုံးမွှေးကြိုင်လျက်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 မာရိသည် အဖိုးထိုက်သောနာဒုနံ့သာဆီစစ် အချိန်နှစ်ဆယ့်ငါးကျပ်ကိုယူလာ၍ ယေရှု၏ခြေတော်ကိုလိမ်းကျံလျက် ကိုယ့်ဦးဆံနှင့်သုတ်၏။ ထိုနံ့သာဆီနံ့လည်း တစ်အိမ်လုံး မွှေးကြိုင်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ထိုအခါ မာရိသည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကိုနှံ့ပြား၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်နှစ်ဆယ်သားကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင် မိမိဆံပင်နှင့် ခြေတော်ကိုသုတ်လေ၏။ ထိုဆီမွှေး၏ရနံ့သည်လည်း တစ်အိမ်လုံးပျံ့နှံ့သွား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထိုအချိန်တွင် မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ် နှစ်ဆယ်သားကို ယူလာ၍ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်ဖြင့် သုတ်၏။ တစ်အိမ်လုံးသည်လည်း ထိုဆီမွှေးရနံ့ဖြင့် မွှေးကြိုင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ3 ထိုအခါ မာရိသည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကိုနှံ့ပြား၏။- အခန်းကိုကြည့်ပါ။ |
ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
အို ထာဝရဘုရား၊ ဒါဝိဒ်က``ကျွန်တော်မျိုးသည်ထာဝရဘုရား ကိန်းဝပ်တော်မူရန်ဌာနတော်ကိုလည်းကောင်း၊ ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အတွက်အိမ်တော်ကိုလည်း ကောင်း ဆောက်လုပ်၍မပြီးသေးသမျှကာလပတ်လုံး နားနေအိပ်စက်မှုကိုပြုမည်မဟုတ်ပါ။ အိမ်ကိုလည်းမပြန်။ အိပ်ရာထဲသို့လည်း ဝင်မည်မဟုတ်'' ဟု ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အားပြုသောသစ္စာကတိကို သတိရတော်မူ၏။