ကမ္ဘာဦး 28:18 - Common Language Bible18 ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 ယာ ကုပ် သည် နံ နက် အ ချိန် ထ လျှင် ခေါင်း အုံး ခဲ့ သော ကျောက် ကို ယူ ၍ မှတ် တိုင် အ ဖြစ် စိုက် ထူ ပြီး မှ၊ ထိပ် ပေါ် တွင် ဆီ လောင်း လျက်၊ အခန်းကိုကြည့်ပါ။Judson Bible18 နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသော ကျောက်ကိုယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ယာကုပ်သည် နံနက်စောစောထ၍ သူခေါင်းအုံးခဲ့သောကျောက်ကိုယူကာ မှတ်တိုင်အဖြစ်စိုက်ထူပြီးလျှင် ထိပ်ဖျား၌ ဆီကိုလောင်းလေ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။