ထွက်မြောက် 39:37 - Common Language Bible37 ရွှေဆီမီးတိုင်မှစ၍မီးခွက်များ၊ ဆီမီးတိုင် နှင့်ဆိုင်သောပစ္စည်းအားလုံးနှင့်မီးခွက်များ အတွက်ဆီကိုလည်းကောင်း၊- အခန်းကိုကြည့်ပါ။Garrad Bible37 ရွှေ စင် မီး ခုံ တော်၊ ခင်း ကျင်း ရန် မီး ခွက် မှ စ၍ ကိ ရိ ယာ တန် ဆာ ရှိ သ မျှ နှင့် မီး ပူ ဇော် ရန် ဆီ ကို လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible37 စင်ကြယ်သောမီးခုံမှစ၍၊ ပြင်ဆင်ရသောမီးခွက်များ၊ မီးခုံတန်ဆာရှိသမျှနှင့် မီးထွန်းစရာဆီကိုလည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 ရွှေစင်ဆီမီးခုံ၊ ဆီမီးခုံပေါ် တစ်တန်းတည်းရှိနေသောမီးခွက်များ၊ ဆီမီးခုံ၏တန်ဆာပလာရှိသမျှနှင့် မီးထွန်းရန်အတွက် ဆီကိုလည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။