ထွက်မြောက် 28:3 - Common Language Bible3 အာရုန်သည်ငါ့ထံ၌ယဇ်ပုရောဟိတ်အဖြစ် ဆက်ကပ်၍ အမှုတော်ကိုထမ်းဆောင်နိုင်စေရန်၊ ငါကျွမ်းကျင်မှုပညာပေးထားသူတို့ကိုဆင့် ခေါ်၍သူ့အတွက်ဝတ်စုံကိုချုပ်စေရမည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ငါ့ ရှေ့ ပ ရော ဟိတ် အ ဖြစ် အာ ရုန် ကို သီး သန့် စေ ခြင်း ငှါ ဉာဏ် ပ ညာ နှင့် ငါ ပြည့် စေ သော သု ခ မိန် အ ပေါင်း တို့ သည် ထို သင်္ကန်း စုံ ကို လုပ် ကြ စေ ရန် ဆင့် ဆို လော့။ အခန်းကိုကြည့်ပါ။Judson Bible3 အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအခွင့်ရှိ၍၊ သူ့ကိုသန့်ရှင်းစေခြင်းငှာ၊ ငါပေးသောဉာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကိုလုပ်ရမည်အကြောင်း မှာထားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အာရုန်သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်သောအခါ သန့်ရှင်းခြင်းရှိစေရန် သူဝတ်ရမည့်အဝတ်တန်ဆာကို ငါပေးသောဉာဏ်ပညာဖြင့် လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ ချုပ်လုပ်ပေးကြမည့်အကြောင်း သင်ဆင့်ဆိုရမည်။ အခန်းကိုကြည့်ပါ။ |
သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။
ကွယ်လွန်သွားပြီဖြစ်သောသူ၏ဖခင်သည်လည်း တုရုမြို့တွင်နေထိုင်ခဲ့၍လက်ရာမြောက်သည့် ကြေးဝါပန်းတဉ်းဆရာပင်ဖြစ်သည်။ သူ၏ မိခင်မှာနဿလိအနွယ်ဝင်ဖြစ်ပေသည်။ ဟိရံ သည်အသိဉာဏ်ရှိ၍အလုပ်ရည်ဝသူတစ်ဦး ဖြစ်၏။ သူသည်ရှောလမုန်မင်းဖိတ်ခေါ်စေခိုင်း သည့်အတိုင်း ကြေးဝါလုပ်ငန်းမှန်သမျှကို တာဝန်ယူ၍ဆောင်ရွက်လေသည်။