Biblia Todo Logo
ကျမ်းစာ အပိုဒ်များ
- ကြော်ငြာတွေ -

အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

149 ကျမ်းစာအခန်းငယ်များ - အကူအညီလိုအပ်ချိန်အတွက် ဆုတောင်းချက်များ

149 ကျမ်းစာအခန်းငယ်များ - အကူအညီလိုအပ်ချိန်အတွက် ဆုတောင်းချက်များ
ဆာ​လံ 46:1

ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခို​လှုံ​ရာ၊ ငါ​တို့​စွမ်း​အား​ဖြစ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန်​အ​စဉ်​ပင် အ​သင့်​ရှိ​တော်​မူ​၏။

ဆာ​လံ 121:1-2

ငါ​သည်​တောင်​ရိုး​များ​သို့​မျှော်​ကြည့်​၏။ အ​ဘယ်​မှ​ကူ​ညီ​မ​စ​မှု​ကို​ငါ​ရ​ပါ​မည်​နည်း။ ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ပါ​လိမ့်​မည်။

ဖိ​လိပ္ပိ 4:19

ငါ​၏​ဘု​ရား​သ​ခင်​သည်​စည်း​စိမ်​ချမ်း​သာ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သင်​တို့​လို​သ​မျှ သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။-

မဿဲ 7:7

``တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ ကြ​လော့။ ရှာ​လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို ခေါက်​ကြ​လော့။ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​ပေး လိမ့်​မည်။-

ဟေ​ရှာ​ယ 41:10

မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

ဟေ​ဗြဲ 4:16

သို့​ဖြစ်​၍​ကူ​ညီ​ရန်​လို​အပ်​ချိန်​၌​က​ရု​ဏာ တော်​နှင့်​ကျေး​ဇူး​တော်​ကို​ခံ​စား​ခြင်း​ငှာ ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ကျေး​ဇူး​တော် ရှိ​ရာ​ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​သို့​တိုး​ဝင် ချဉ်း​ကပ်​ကြ​စို့။

ဆာ​လံ 50:15

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

မဿဲ 11:28-30

လေး​သော​ဝန်​ထမ်း​ရ​၍​ပင်​ပန်း​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည်​သု​ခ​ချမ်း​သာ ပေး​မည်။- ငါ​သည်​နူး​ညံ့​သိမ်​မွေ့​၍​စိတ်​နှ​လုံး​နှိမ့်​ချ​၏။ ထို ကြောင့်​ငါ​တင်​သော​ထမ်း​ပိုး​ကို​ထမ်း​၍ ငါ​၏​ထံ​တွင် နည်း​နာ​ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​သု​ခ​ချမ်း​သာ ရ​ရှိ​ကြ​လိမ့်​မည်။- ``အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို​သော အ​ရှင်​ပေ​လော။ သို့​မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည် အ​ခြား​အ​ရှင်​တစ်​ပါး​ကို​စောင့်​မျှော်​ရ​ကြ ပါ​မည်​လော'' ဟု​မေး​လျှောက်​စေ​၏။- ငါ​ထမ်း​စေ​သော​ထမ်း​ပိုး​သည်​အ​ထမ်း​ရ​လွယ်​၍ ငါ​တင်​သော​ဝန်​သည်​လည်း​ပေါ့​၏'' ဟု​မိန့်​တော်​မူ သည်။

၁ ပေ 5:7

ကိုယ်​တော်​သည်​သင်​တို့​ကို​အ​လေး​ဂ​ရု​ပြု တော်​မူ​သော​ကြောင့် သင်​တို့​၏​ပူ​ပင်​သော​က ရှိ​သ​မျှ​တို့​ကို​ကိုယ်​တော်​အား​ပုံ​၍​အပ်​နှံ ကြ​လော့။

ဆာ​လံ 55:22

သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

ဆာ​လံ 34:17

သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​အား ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ထူး​တော်​မူ​၍​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​၏။

ဟေ​ရှာ​ယ 40:29-31

ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။ အ​သံ​တစ်​ခု​က``တော​ကန္တာ​ရ​၌​ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရန်​ခ​ရီး​လမ်း​ကို​အ​သင့်​ပြင်​ကြ​လော့၊ ငါ​တို့​ဘု​ရား​သ​ခင်​ကြွ​တော်​မူ​ရန် လမ်း​ကို​ရှင်း​လင်း​ကြ​လော့။ အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။ လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။

ယေ​ရ​မိ 33:3

``ငါ့​ကို​ဟစ်​ခေါ်​လော့။ ငါ​ထူး​မည်။ စိုး​စဉ်း​မျှ သင်​မ​သိ​နား​မ​လည်​သည့်​ထူး​ဆန်း​အံ့​သြ ဖွယ်​ကောင်း​သော​အ​မှု​အ​ရာ​များ​ကို​သင့် အား​ငါ​ဖော်​ပြ​မည်။-

ရော​မ 8:28

ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

ရှင်ယောဟန် 14:13-14

သား​တော်​အား​ဖြင့်​ခ​မည်း​တော်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​အံ့​သော​ငှာ​ငါ့​နာ​မ​ကို​အ​မှီ ပြု​၍ သင်​တို့​တောင်း​လျှောက်​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။- ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​မည်​သည့် ဆု​ကို​မ​ဆို​ငါ့​ကို​တောင်း​လျှင် တောင်း​သည့် အ​တိုင်း​ငါ​ပြု​မည်။

ဆာ​လံ 27:1

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​လင်း၊ ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​ရ အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။

ဟေ​ရှာ​ယ 43:2

သင်​တို့​သည်​ရေ​နက်​ထဲ​သို့​လျှောက်​သွား​ရ​သော​အ​ခါ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ဆင်း​ရဲ​ဒုက္ခ​များ​သည်​သင်​တို့​ကို​လွှမ်း​မိုး ရ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​မီး​ထဲ​သို့​လျှောက်​သွား​ရ​သော အ​ခါ မီး​အ​လောင်​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ပြင်း​ထန်​သော​စုံ​စမ်း​ခြင်း​များ​သည်​သင်​တို့​ကို ထိ​ခိုက်​နစ်​နာ​စေ​လိမ့်​မည်​မ​ဟုတ်။

တ​ရား​ဟော 31:8

ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​သင့်​အား​ဦး ဆောင်​၍ သင်​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင့်​အား မု​ချ​ကူ​မ​တော်​မူ​မည်။ သင့်​ကို​စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်။ ထို့​ကြောင့်​သင်​သည်​အား မ​လျှော့​နှင့်။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်'' ဟု​မှာ ကြား​လေ​၏။

ရှင်ယောဟန် 16:33

သင်​တို့​သည်​လော​က​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့ ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​လော​က​ကို​အောင်​ပြီ'' ဟု​မိန့်​တော် မူ​၏။

ဆာ​လံ 91:1-2

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​သူ​သည်​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို ခံ​ယူ​သူ​သည်​လည်း​ကောင်း၊ သင်​သည်​ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်၊ သင်​၏​အိမ်​အ​နီး​သို့​လည်း​အ​ဘယ်​ဘေး​ဥ​ပဒ်​မျှ ချဉ်း​ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။ သွား​လေ​ရာ​ရာ​၌​သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို တာ​ဝန်​ပေး​အပ်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​သင်​၏​ခြေ​ကို​ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ရန်​မိ​မိ​တို့​၏​လက်​ဖြင့်​သင့်​အား ချီ​ပင့်​ကြ​လိမ့်​မည်။ သင်​သည်​ခြင်္သေ့​နှင့်​မြွေ၊ကြောက်​မက်​ဖွယ်​ကောင်း​သည့် ခြင်္သေ့​နှင့်​မြွေ​ဆိုး​တို့​ကို​ခြေ​ဖြင့်​နင်း​ရ​လိမ့် မည်။ ဘု​ရား​သ​ခင်​က ``ငါ့​ကို​ချစ်​သော​သူ​တို့​အား​ငါ​ကယ်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဝန်​ခံ​သော သူ​တို့​အား​ငါ​ကွယ်​ကာ​စောင့်​ရှောက်​မည်။ သူ​တို့​သည်​ငါ့​ကို​ခေါ်​သော​အ​ခါ​ငါ​ထူး​မည်။ သူ​တို့​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​နှင့်​အ​တူ ငါ​ရှိ​မည်။ ငါ​သည်​သူ​တို့​အား​ကယ်​ဆယ်​၍​ချီး​မြှင့်​မည်။ သူ​တို့​အား​အ​သက်​ရှည်​စေ​၍​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​ခံ​စား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​၍​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​နိုင်​လိမ့်​မည်။

ရော​မ 15:13

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

ဆာ​လံ 37:5

သင်​သည်​မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​လက်​သို့ အပ်​နှံ​လော့။ ကိုယ်​တော်​ကို​ကိုး​စား​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင့်​ကို ကူ​မ​တော်​မူ​လိမ့်​မည်။

ဆာ​လံ 16:8

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့် အ​ဘယ်​အ​ရာ​မျှ​ငါ့​ကို​တုန်​လှုပ်​စေ​နိုင်​မည် မ​ဟုတ်​ပါ။

သုတ္တံကျမ်း။ 3:5-6

ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

ဆာ​လံ 86:7

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သည်​ဖြစ်​၍ ဒုက္ခ​ရောက်​ချိန်​များ​၌​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ကို​ခေါ်​ပါ​၏။

ဟေ​ဗြဲ 13:6

ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။

၁ ယော 5:14-15

ကိုယ်​တော်​သည်​မိ​မိ​၏​အ​လို​တော်​နှင့်​အ​ညီ တောင်း​လျှောက်​သော​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ကြောင်း​စိတ်​ချ​ယုံ​ကြည်​နိုင်​သ​ဖြင့် ငါ​တို့ သည်​ရှေ့​တော်​သို့​ရဲ​ဝံ့​စွာ​ချဉ်း​ကပ်​ကြ​ပေ​သည်။- ယင်း​သို့​ကိုယ်​တော်​နား​ညောင်း​တော်​မူ​သည်​ကို သိ​ကြ​သ​ဖြင့် ငါ​တို့​သည်​မိ​မိ​တို့​တောင်း​လျှောက် သည့်​ဆု​များ​ကို​ချ​ပေး​တော်​မူ​သည်​ကို​လည်း သိ​ကြ​၏။

ဆာ​လံ 18:6

ငါ​သည်​ဒုက္ခ​ရောက်​၍​ဘု​ရား​သ​ခင်​အား လျှောက်​ထား​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​အား​လျှောက် ထား​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှ​ငါ​၏ အ​သံ​ကို​ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​၏။

ဟေ​ရှာ​ယ 41:13

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍ သင်​တို့​ကို​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​ပါ​၏။ `မ​ကြောက်​ကြ​နှင့်၊ငါ​ကူ​မ​တော်​မူ​မည်' ဟု သင်​တို့​အား​ပြော​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

ဆာ​လံ 23:4

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​အ​မှောင်​ဆုံး ချိုင့်​ဝှမ်း​ကို ဖြတ်​၍​ပင်​သွား​ရ​စေ​ကာ​မူ​မ​ကြောက်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏။

၂ ကော 1:3-4

နှစ်​သိမ့်​မှု​၏​အ​ရှင်၊ က​ရု​ဏာ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သော​အ​ဖ၊ ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ငါ​တို့​ချီး​မွမ်း​ကြ ကုန်​စို့။- ငါ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ခံ​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ငါ​တို့​အား​နှစ်​သိမ့် မှု​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ထံ​တော်​မှ​ယင်း​သို့​ရ​ရှိ​သည့် နှစ်​သိမ့်​မှု​ဖြင့်​ပင်​လျှင် ဒုက္ခ​ဆင်း​ရဲ​အ​မျိုး​မျိုး ခံ​ရ​ကြ​သူ​တို့​အား​နှစ်​သိမ့်​စေ​နိုင်​ကြ​ပေ သည်။-

ဖိ​လိပ္ပိ 4:6-7

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။- ထို​သို့​ပြု​လျှင်​လူ့​ဉာဏ်​ဖြင့်​ကြံ​ဆ​နား​လည် ရန်​မ​စွမ်း​နိုင်​သော​ဘု​ရား​သ​ခင်​၏​ငြိမ်​သက် ခြင်း​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​သင်​တို့​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သော​အား​ဖြင့် သင်​တို့ ၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​များ​ကို ကွယ်​ကာ​စောင့်​ရှောက်​လိမ့်​မည်။

ဆာ​လံ 62:1-2

ငါ့​ကို​ဘု​ရား​သ​ခင်​ကယ်​တင်​ရန်​ငါ​သည် စိတ်​ရှည်​စွာ စောင့်​မျှော်​လျက်​နေ​ပါ​၏။ ငါ​သည်​ကိုယ်​တော်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။ အ​ကြမ်း​ဖက်​မှု​ကို​အား​မ​ကိုး​ကြ​နှင့်။ လု​ယက်​မှု​ဖြင့်​အ​ကျိုး​ခံ​စား​ရ​လိမ့်​မည်​ဟု မ​မျှော်​လင့်​ကြ​နှင့်။ သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​သည် တိုး​ပွား​လာ​စေ​ကာ​မူ​ယင်း​တို့​ကို​အား​မ​ကိုး ကြ​နှင့်။ ဘု​ရား​သ​ခင်​၌​တန်​ခိုး​ရှိ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ခိုင်​မြဲ​ကြောင်း ကို​လည်း​ကောင်း တစ်​ကြိမ်​မ​က​ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ခဲ့​ရ​လေ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင်​ပင်​လူ​အ​ပေါင်း တို့​အား အ​ကျင့်​အ​လျောက်​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ချ​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက်​တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

ဟေ​ရှာ​ယ 12:2

``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။

မဿဲ 6:33

ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

ရော​မ 8:31

အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-

ဆာ​လံ 40:17

အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​၍ ခို​ကိုး​ရာ​မဲ့​သူ​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သ​တိ​ရ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ရန်​အ​လျင် အ​မြန် ကြွ​တော်​မူ​ပါ။

ဆာ​လံ 37:39-40

ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​သော​သူ​တို့​ကို ကယ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​များ​၌​သူ​တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၌​မွေ့​လျော်​ပျော်​ပိုက်​မှု​ကို ရှာ​လော့။ သို့​ပြု​လျှင်​သင်​၏​အ​လို​ဆန္ဒ​ကို​ပြည့်​စုံ စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ​တို့​အား​ကူ​မ​တော်​မူ​၏။ ကယ်​မ​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​သည်​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား သူ​ယုတ်​မာ​များ​၏​လက်​မှ​ကယ်​တော်​မူ​၏။

ဆာ​လံ 34:19

သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။

ဟေ​ရှာ​ယ 26:3-4

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့ အား စစ်​မှန်​သော​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မြဲ​တ​စေ​ယုံ​ကြည် ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စဉ်​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။

ထွက်​မြောက် 14:14

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​စစ် တိုက်​တော်​မူ​လိမ့်​မည်။ စိတ်​မ​ပူ​ကြ​နှင့်'' ဟု ပြန်​ပြော​လေ​၏။

ဆာ​လံ 73:26

ကျွန်​တော်​မျိုး​၏​ကိုယ်​စိတ်​သည်​အင်​အား ချိ​နဲ့​လာ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ စွမ်း​အား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​မှ​တစ်​ပါး မည်​သူ့​ကို​မျှ​မ​လို​ပါ။

ဟေ​ဗြဲ 10:23

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။-

ဆာ​လံ 55:16-17

ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။ ငါ​၏​ညည်း​တွား​မြည်​တမ်း​သံ​များ​သည်​နံ​နက်​ချိန်၊ မွန်း​တည့်​ချိန်၊ညဥ့်​အ​ချိန်​တို့​၌ အ​ထံ​တော်​သို့​ရောက်​သ​ဖြင့်​ကိုယ်​တော်​သည် ကြား​တော်​မူ​လိမ့်​မည်။

၁ ပေ 3:12

အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သူ​တို့​အား၊ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို၊ နား​ညောင်း​တော်​မူ​သော​ကြောင့်​တည်း။ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၏။''

လုကာ 18:27

ကိုယ်​တော်​က ``လူ​တို့​မ​တတ်​နိုင်​သော​အ​ရာ​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော် မူ​၏။

၂ ကော 9:8

သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။-

ဟေ​ဗြဲ 13:5-6

သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။- ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။

ဆာ​လံ 118:5-6

ငါ​သည်​အ​လွန်​ဒုက္ခ​ရောက်​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား ပတ္ထ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​၍ ငါ့​ကို​လွတ်​မြောက်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​ပါ​သနည်း။

ဟေ​ရှာ​ယ 45:22

``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။

ဆာ​လံ 63:7-8

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​ကူ​မ တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​အောက်​၌​ခို​လှုံ​လျက် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​မှီ​တွယ် ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရုံး​တော်​သည်​လည်း ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား တော်​မူ​ပါ​၏။

မဿဲ 19:26

သ​ခင်​ယေ​ရှု​သည် သူ​တို့​ကို​စိုက်​ကြည့်​တော်​မူ လျက် ``လူ​သည်​မိ​မိ​ကိုယ်​ကို​ကယ်​တင်​ရန်​မ​တတ် နိုင်။ ဘု​ရား​သ​ခင်​မူ​ကား အ​ရာ​ခပ်​သိမ်း​ကို​တတ် နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

ဆာ​လံ 4:8

ကျွန်​တော်​မျိုး​သည်​လဲ​လျောင်း​လိုက်​သော​အ​ခါ ငြိမ်​သက်​စွာ​အိပ်​ပျော်​သွား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​ကျွန်​တော်​မျိုး​အား​လုံ​ခြုံ​စွာ နေ​နိုင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​၏။

၂ ရာ 22:31

ဤ​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​ပါ​၏။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​လည်း ယုံ​ကြည်​ကိုး​စား​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​အား​ကိုး​စား​သူ​အ​ပေါင်း တို့ အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ်​တော်​မူ​၏။

ဆာ​လံ 27:14

ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။ စိတ်​မ​ပျက်​နှင့်၊ယုံ​ကြည်​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။

ဆာ​လံ 33:20-22

ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကူ​မ​တော်​မူ​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​ကြောင့်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ရ​၏။ ငါ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော နာ​မ​တော်​ကို​ကိုး​စား​ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ စောင့်​မျှော်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​တို့​အား​ခိုင်​မြဲ​သော​မေတ္တာ တော်​ကို ခံ​စား​စေ​တော်​မူ​ပါ။

ရော​မ 10:13

ကျမ်း​စာ​တော်​က ``ထာ​ဝ​ရ​ဘု​ရား​ရှင်​အား ဆု​တောင်း​သူ​ဟူ​သ​မျှ​တို့​သည် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​သ​တည်း။

ဧ​ဖက် 3:20-21

ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။

သုတ္တံကျမ်း။ 18:10

ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။

ဟေ​ရှာ​ယ 54:10

တောင်​ကြီး​တောင်​ငယ်​တို့​သည်​ပြို​ကွဲ ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​၌​ထား​ရှိ​သည့် ငါ​၏​မေတ္တာ​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​သုဉ်း​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​က​တိ​တော်​ကို​ငါ​သည် အ​စဉ်​တည်​မြဲ​စေ​မည်'' ဟု သင်​တို့​ကို​ချစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။

ဆာ​လံ 31:24

ထာ​ဝ​ရ​ဘု​ရား​အား​စောင့်​မျှော်​ကြ​သူ​အ​ပေါင်း တို့၊ ကြံ့​ခိုင်​မှု​ရှိ​၍​ရဲ​ရင့်​ကြ​ကုန်​လော့။

ယေ​ရ​မိ 29:11-12

သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။- ထို​အ​ခါ​သင်​တို့​သည်​ငါ့​အား​ဟစ်​ခေါ်​ကြ လိမ့်​မည်။ ငါ့​ထံ​သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​၏​ပန် ကြား​ချက်​ကို​နား​ညောင်း​မည်။-

ဆာ​လံ 68:19

ငါ​တို့​၏​ဝန်​ထုပ်​များ​ကို​နေ့​စဉ်​နေ့​တိုင်း သယ်​ဆောင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။

ဆာ​လံ 5:3

ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။ နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။

ဖိ​လိပ္ပိ 4:13

ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။

ဆာ​လံ 25:4-5

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။

မဿဲ 21:22

သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက် လျှင်​တောင်း​လျှောက်​သ​မျှ​တို့​ကို​ရ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သုတ္တံကျမ်း။ 16:3

ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။

ဆာ​လံ 32:7

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​အ​ကြောင်း​ကို အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​ပါ​မည်။

လုကာ 1:37

ဘုရား​သ​ခင်​တတ်​နိုင်​တော်​မ​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု​ဆို​၏။

ဆာ​လံ 107:28-30

ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။ ကိုယ်​တော်​သည်​လေ​မုန်​တိုင်း​ကို​ရပ်​စဲ​စေ​တော် မူ​သ​ဖြင့် လှိုင်း​တံ​ပိုး​တို့​သည်​ငြိမ်သက်​လေ​၏။ ယင်း​သို့​လေ​ငြိမ်​သ​ဖြင့်​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​သူ​တို့​သွား​လို​ရာ​သင်္ဘော​ဆိပ်​မြို့​သို့ ဘေး​မဲ့​လုံ​ခြုံ​စွာ​ပို့ဆောင်​တော်​မူ​၏။

၁ သက် 5:16-18

အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။- အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။- အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။

ဆာ​လံ 18:2

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​သ​ဖြင့်​ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍​ငါ့​အား ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။

ရှင်ယောဟန် 10:10

သူ​ခိုး​သည်​ခိုး​ယူ​သတ်​ဖြတ်​ဖျက်​ဆီး​ရန်​သာ လာ​၏။ ငါ​မူ​ကား​သင်​တို့​အ​သက်​ရှင်​ကြ​စေ​ရုံ မျှ​သာ​မ​က ကြွယ်​ဝ​ပြည့်​စုံ​သော​အ​သက်​ကို ရှင်​နိုင်​ကြ​စေ​ရန်​လာ​သ​တည်း။

ဆာ​လံ 94:19

ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​လျက် သော​က​ရောက်​သော​အ​ခါ​ကိုယ်​တော်​ရှင် သည် ကျွန်​တော်​မျိုး​အား​စိတ်​သက်​သာ​ခွင့်​ကို​ပေး​၍ ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။

ရှင်ယောဟန် 15:7

သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။-

ဆာ​လံ 46:10

ကိုယ်​တော်​က``တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​လော့၊ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း၊ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ဘု​ရား​ဖြစ်​တော်​မူ​သည်​ကို​သိ​မှတ်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 40:28-29

ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် တည်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ မ​ကြား​ဘူး​ကြ​ပါ​သ​လော။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မော​ပန်း နွမ်း​လျ​တော်​မ​မူ​ပါ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော် တို့​ကို နား​မ​လည်​နိုင်​ပါ။ ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။

၂ တိ 1:7

ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ကြောက်​စိတ်​ကို​ပေး​တော်​မ​မူ​ဘဲ​တန်​ခိုး​ကို လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ချုပ်​တည်း​နိုင်​မှု​ကို​လည်း​ကောင်း​ပေး တော်​မူ​၏။

ဆာ​လံ 28:7

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကိုး​စား​၏။ ကိုယ်​တော်​သည်​ငါ့​အား​ကူ​မ​တော်​မူ​သ​ဖြင့် ငါ​သည်​ဝမ်း​မြောက်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၏။

ဆာ​လံ 66:19-20

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​၏​လျှောက်​ထား​ချက်​ကို အ​မှန်​ပင်​ကြား​တော်​မူ​လေ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လေ​ပြီ။ ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​သော​နာ​မ​တော် အ​ကြောင်း​ကို သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ပယ်​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ့​ထံ​မှ​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ရုပ်​သိမ်း​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း ငါ​သည်​ကိုယ်​တော်​အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။

ရော​မ 8:26

ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။-

ဆာ​လံ 30:10-11

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​သ​နား​ကြင်​နာ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ဝမ်း​နည်း​ပူ​ဆွေး​ရာ​မှ​က​ခုန်​မြူး​တူး​စေ​တော် မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် လျှော်​တေ​ကို​ချွတ်​၍ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​တော်​မူ​ပါ​ပြီ။

ဖိ​လိပ္ပိ 1:6

သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။-

ဆာ​လံ 138:3

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ ကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။

မဿဲ 6:8

သင်​တို့​မူ​ကား​ထို​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​၏​အ​ဖ​သည်​သင်​တို့​မ​တောင်း​မ​လျှောက် မီ​က​ပင် သင်​တို့​လို​သော​အ​ရာ​တို့​ကို​သိ​နှင့် ပြီး​ဖြစ်​တော်​မူ​၏။-

ဆာ​လံ 34:4

ငါ​သည်​ထာ​ဝ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​ကိုယ်​တော်​သည် နား​ညောင်း​တော်​မူ​၏။ ကြောက်​လန့်​ဖွယ်​ရာ​ဟူ​သ​မျှ​မှ​ငါ့​ကို ကယ်​နုတ်​တော်​မူ​၏။

ဆာ​လံ 57:1-2

ကျွန်​တော်​မျိုး​သည်​ခို​လှုံ​ရန်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ သ​နား​တော်​မူ​ပါ။ မိုး​သက်​မုန်​တိုင်း​လွန်​သွား​သည်​အ​ထိ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​တွင်​ခို​လှုံ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​အာ​ကာ​သ​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို မိုး​ကောင်း​ကင်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​ပါ။ ငါ​လို​သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​တော် မူ​သော၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​သည်​တောင်း​လျှောက်​ပါ​၏။

ဟေ​ဗြဲ 11:6

ယုံ​ကြည်​ခြင်း​မ​ရှိ​သူ​သည်​ဘုရား​သ​ခင် ၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်​ရာ။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ် သူ​သည်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​သည်​မိ​မိ​ကို​ရှာ သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​ကြောင်း​ကို လည်း​ကောင်း​ယုံ​ကြည်​ရ​မည်​ဖြစ်​သော​ကြောင့် တည်း။

ဆာ​လံ 31:2

ကျွန်​တော်​မျိုး​၏​လျှောက်​ထား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ ယ​ခု​ပင်​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွှန်​တော်​မျိုး​အား​ကွယ်​ကာ​ရန်​ကျွန်​တော်​မျိုး​၏ ခို​လှုံ​ရာ​ကျောက်​ဖြစ်​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​၏​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။

ဟေ​ရှာ​ယ 49:13

အို မိုး​ကောင်း​ကင်၊သီ​ချင်း​ဆို​လော့။ အို ကမ္ဘာ​မြေ​ကြီး၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ တောင်​ရိုး​တို့​သည်​အ​သံ​လွှင့်​၍​သီ​ချင်း​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​သော မိ​မိ​၏​လူ​မျိုး​တော်​အား​သ​နား​တော်​မူ​လိမ့်​မည်။

ရော​မ 5:3-4

ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​လည်း​ငါ​တို့​ဝါ​ကြွား ဝမ်း​မြောက်​ကြ​ပေ​သည်။ ဆင်း​ရဲ​ဒုက္ခ​သည်​ခံ​နိုင် ရည်​ကို​လည်း​ကောင်း၊- ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

ဆာ​လံ 143:1

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး အ​သ​နား​ခံ​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။

ရှင်ယောဟန် 16:24

ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။''

ဟေ​ရှာ​ယ 59:1

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မ​ကယ်​နိုင် လောက်​အောင်​အား​အင်​ချည့်​နဲ့​တော်​မူ​သည် မ​ဟုတ်။ ကူ​မ​တော်​မူ​ပါ​ဟု​သင်​တို့​ဟစ်​အော် တောင်း​လျှောက်​သံ​ကို​မ​ကြား​နိုင်​လောက်​အောင် နား​မ​လေး။-

ဆာ​လံ 118:8-9

လူ​ကို​အား​ကိုး​သည်​ထက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​ခြင်း​က​ပို​၍​ကောင်း​၏။ လူ့​ခေါင်း​ဆောင်​တို့​ကို​ကိုး​စား​သည်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ခြင်း​က​ပို​၍ ကောင်း​၏။

သုတ္တံကျမ်း။ 30:5

ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။

ဟေ​ရှာ​ယ 55:6

ထာ​ဝ​ရ​ဘု​ရား​သည်​ယ​ခု​သင်​တို့​အ​နီး​တွင် ရှိ​တော်​မူ​ပြီ​ဖြစ်​၍၊ အ​ထံ​တော်​သို့​လှည့်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လော့။

ဆာ​လံ 25:17-18

ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​အ​ပေါင်း​ကို ငြိမ်း​စေ​တော်​မူ​လျက် ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ဒုက္ခ​များ​နှင့် ဝေ​ဒ​နာ​အ​ပေါင်း​ကို​အောက်​မေ့​ဆင်​ခြင်​တော် မူ​၍ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။

ရော​မ 5:8

သို့​ရာ​တွင်​ငါ​တို့​သည်​အ​ပြစ်​ကူး​လျက်​ရှိ​နေ ကြ​စဉ်​ပင် ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ ခံ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း​ကို ထင်​ရှား​စွာ​ပြ​တော်​မူ​၏။-

ဆာ​လံ 50:23

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​ငါ့​အား ဂုဏ်​ပြု​ရာ​ယဇ်​ပင်​ဖြစ်​၏။ ငါ့​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့​အား ဧ​ကန်​အ​မှန်​ငါ​ကယ်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဆာ​လံ 120:1

ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။

ဆာ​လံ 9:12

ထာ​ဝ​ရ​ဘု​ရား​သည်​ဒုက္ခ​ရောက်​သော​သူ​တို့​ကို သ​တိ​ရ​တော်​မူ​၏။ သူ​တို့​၏​အော်​ဟစ်​သံ​ကို​မေ့​တော်​မ​မူ။ သူ​တို့​အား​မ​တ​ရား​ပြု​သော​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။

ဧ​ဖက် 2:18

လူ​မျိုး​ခြား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ဖြစ်​သည့်​ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့်​တစ် ပါး​တည်း​သော​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​လျက် ခ​မည်း​တော်​၏​ရှေ့​တော်​သို့​ဝင်​ရောက်​ခွင့်​ရ​ရှိ ကြ​ပေ​သည်။

ဟေ​ရှာ​ယ 30:21

လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-

ဆာ​လံ 61:2

ကျွန်​တော်​မျိုး​သည်​အိမ်​နှင့်​ဝေး​ကွာ​လျက် စိတ်​ပျက်​အား​လျော့​လျက်​နေ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ။

၁ ယော 4:18

ချစ်​ခြင်း​မေတ္တာ​၌​ကြောက်​စိတ်​မ​ရှိ​နိုင်။ ပြည့်​ဝ စုံ​လင်​သည့်​မေတ္တာ​သည်​ကြောက်​စိတ်​ကို​ပယ်​ရှား တတ်​၏။ ကြောက်​စိတ်​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​မှု​ကို စောင့်​မျှော်​တတ်​သ​ဖြင့်​ကြောက်​စိတ်​ရှိ​သူ​၌ မေတ္တာ​ပြည့်​ဝ​စုံ​လင်​ခြင်း​မ​ရှိ​ပေ။

ဆာ​လံ 145:18

ကိုယ်​တော်​သည်​မိ​မိ​အား​စိတ်​ရော​ကိုယ်​ပါ ပတ္ထ​နာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​၏​အ​နီး​တွင် ရှိ​တော်​မူ​၏။

ရော​မ 12:12

သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-

၂ ရာ 22:29

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​၏​အ​လင်း​ဖြစ်​လျက်​အ​ကျွန်ုပ်​၏ အ​မှောင်​ကို​လင်း​စေ​တော်​မူ​၏။

မဿဲ 5:4

``ဝမ်း​နည်း​ပူ​ဆွေး​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား​စိတ်​သက်​သာ မှု​ကို ပေး​တော်​မူ​လတ္တံ့။

ဟေ​ရှာ​ယ 30:15

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့် မြတ်​သည့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား``သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကာ​တည်​ငြိမ်​စွာ ငါ့​အား​ယုံ​ကြည်​ကိုး​စား​၍ နေ​ကြ​လော့။ သို့​ပြု​လျှင်​သင်​တို့​သည်​ခွန်​အား စွမ်း​ရည်​ကို​ရ​၍​ကယ်​တင်​ခြင်း​ကို​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​ကြ။-

ဟေ​ရှာ​ယ 40:31

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။

သုတ္တံကျမ်း။ 3:25-26

လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာ ဘေးကို ကြောက်စရာမရှိရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။

ဟေ​ရှာ​ယ 35:4

စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။

ဆာ​လံ 145:14

ကိုယ်​တော်​သည်​ဒုက္ခ​ရောက်​သူ​အ​ပေါင်း​ကို ကူ​မ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​ကို​ကူ​မ​တော်​မူ​၏။

ဖိ​လိပ္ပိ 4:9

ငါ​၏​ထံ​တွင်​သင်​ကြား​မြင်​ခဲ့​သ​မျှ​ကို​ပြု ကျင့်​ကြ​လော့။ သို့​ပြု​လျှင်​ငါ​တို့​အား​ငြိမ် သက်​ခြင်း​ကို​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

ဆာ​လံ 37:4

ထာ​ဝ​ရ​ဘု​ရား​၌​မွေ့​လျော်​ပျော်​ပိုက်​မှု​ကို ရှာ​လော့။ သို့​ပြု​လျှင်​သင်​၏​အ​လို​ဆန္ဒ​ကို​ပြည့်​စုံ စေ​တော်​မူ​လိမ့်​မည်။

ရော​မ 15:5

သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။-

၁ ရာ​ချုပ် 16:11

ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။

ဆာ​လံ 27:8

``ငါ့​ထံ​သို့​ချဉ်း​ကပ်​၍​ကိုး​ကွယ်​ဝတ်​ပြု​လော့'' ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​သည်​အ​တိုင်း အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ပါ​မည်။

ယာ​ကုပ် 1:5

သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။-

မဿဲ 7:11

သင်​တို့​သည်​အ​ပြစ်​သား​များ​ပင်​ဖြစ်​သော်​လည်း မိ​မိ​တို့​၏​သား​သ​မီး​များ​အား​ကောင်း​မွန်​သော အ​ရာ​များ​ကို​ပေး​တတ်​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​လည်း မိ​မိ​ထံ​တောင်း​လျှောက် သူ​တို့​အား​ကောင်း​မွန်​သော​အ​ရာ​တို့​ကို​သာ​၍ ပင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။

ဆာ​လံ 142:5

အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ဟစ်​အော်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဤ​ဘ​ဝ​တွင်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ လျှင် ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။

ဆာ​လံ 121:3

ကိုယ်​တော်​သည်​သင့်​အား​ခြေ​ချော်​၍ လဲ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော အ​ရှင်​သည်​အိပ်​တော်​မ​မူ။

ဟေ​ရှာ​ယ 66:13

မိ​ခင်​သည်​သား​ငယ်​ကို​နှစ်​သိမ့်​စေ​သ​ကဲ့​သို့​ငါ​သည်​သင်​တို့​အား ယေ​ရု​ရှ​လင်မြို့​တွင်​နှစ်​သိမ့်​စေ​မည်။-

ဆာ​လံ 34:10

ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။

ရော​မ 8:38-39

အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​အ​ရာ​မျှ​ငါ တို့​အား​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​မ​ကွဲ​မ​ကွာ စေ​နိုင်။ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ ကောင်း​ကင်​အာ​ဏာ ပိုင်​ဖြစ်​စေ၊ ပစ္စုပ္ပန်​အ​ရာ​ဖြစ်​စေ၊ အ​နာ​ဂတ် အ​ရာ​ဖြစ်​စေ၊- ကောင်း​ကင်​အ​ထက်​အ​ရာ​ဖြစ်​စေ၊ မြေ​အောက် အ​ရာ​ဖြစ်​စေ၊ ဖန်​ဆင်း​ထား​သော​မည်​သည့်​အ​ရာ ပင်​ဖြစ်​စေ၊ ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​အား ဖြင့်​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​သော​မေတ္တာ​တော် နှင့် ငါ​တို့​အား​မ​ကွဲ​မ​ကွာ​စေ​နိုင်​ဟု​ငါ​ဧ​ကန် အ​မှန်​သိ​သော​ကြောင့်​တည်း။

ယေ​ရ​မိ 17:7-8

``သို့​ရာ​တွင်​ငါ့​ကို​ကိုး​စား​၍​ယုံ​ကြည်​သူ​အား ငါ​ကောင်း​ချီး​ပေး​မည်။ ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။ မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''

ဆာ​လံ 56:3

အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကြောက်​လန့်​သော​အ​ခါ ကိုယ်​တော်​ရှင်​အား​ကိုး​စား​ပါ​၏။

ဆာ​လံ 63:1

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။

ဧ​ဖက် 6:18

သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။-

ဆာ​လံ 46:7

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။

ဆာ​လံ 139:23-24

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​စစ်​ဆေး​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ စိတ်​နှ​လုံး​ကို​သိ​မှတ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​စစ်​ကြော​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ အ​ကြံ​အ​စည်​များ​ကို​သိ​မှတ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ဆိုး​သွမ်း​သော​လမ်း​သို့ လိုက်​သည်​မ​လိုက်​သည်​ကို​စစ်​ဆေး​တော်​မူ​၍ ထာ​ဝ​ရ​လမ်း​ထဲ​သို့​ပို့​ဆောင်​တော်​မူ​ပါ။

၂ ရာ​ချုပ် 16:9

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-

ဆာ​လံ 84:11

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ဘုန်း​ကြီး​တော် မူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​သ​နား​ကြင်​နာ​၍ ချီး​မြှင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​တို့​အား ကောင်း​မြတ်​သည့်​အ​ရာ​များ​ကို​ပေး​ရန်​ငြင်း တော်​မ​မူ။

ဟေ​ရှာ​ယ 44:3

``ငါ​သည်​ရေ​ငတ်​သည့်​ပြည်​တွင်​မိုး​ရွာ​သွန်း​စေ​မည်။ သဲ​ကန္တာ​ရ​တွင်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ သင်​တို့​၏​သား​သ​မီး​များ​အ​ပေါ်​တွင်​ငါ​၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ သင်​တို့​သား​မြေး​များ​အ​ပေါ်​တွင်​ငါ​၏ ကောင်း​ချီး မင်္ဂ​လာ​များ​ကို​လည်း​ကောင်း​သွန်း​လောင်း​မည်။

ဆာ​လံ 119:114

ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​နှင့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကတိ​တော်​ကို စောင့်​မှော်​လက်​နေ​ပါ​၏။

ဆာ​လံ 54:4

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကူ​မ​တော် မူ​သော အ​ရှင်​ဖြစ်​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် ဖြစ်​၏။

မဿဲ 4:4

သို့​ရာ​တွင်​ကိုယ်​တော်​က ``လူ​သည်​အ​စား​အ​စာ အား​ဖြင့်​သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား ဖြင့်​အ​သက်​ရှင်​ရ​မည်​ဟု​ကျမ်း​စာ​လာ​၏'' ဟူ ၍​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 51:12

ထာ​ဝ​ရ​ဘု​ရား​က၊ ``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။ မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူ သေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။

သုတ္တံကျမ်း။ 14:26

ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။

ယေ​ရ​မိ 1:8

ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့်​အား​ကွယ် ကာ​တော်​မူ​မည်။ သို့​ဖြစ်​၍​သင်​သည်​ထို​သူ တို့​ကို​မ​ကြောက်​နှင့်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု ငါ့​ကို​မိန့်​တော်​မူ​၏။

ဆာ​လံ 59:16-17

ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော် အ​ကြောင်း​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို နံ​နက်​တိုင်း​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ရဲ​တိုက်၊ ဒုက္ခ​ရောက်​ချိန်​၌​ကျွန်​တော်​မျိုး​ခို​ကိုး​ရာ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော် မူ​သော အ​ရှင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ကား​ကျွန်​တော်​မျိုး​ကို ချစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ပေ​တည်း။

ဟေ​ရှာ​ယ 41:17

ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊ သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။

ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ