ဆာလံ 54:4 - Common Language Bible4 သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ဘု ရား သ ခင် သည်၊ ငါ့ ကို ကူ ညီ တော် မူ သော အ ရှင်၊ ငါ့ အ သက် ကို ထောက် မ တော် မူ သော အ ရှင် ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible4 ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူမတော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရား ရှိတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်တော်မူ၏။ ဘုရားရှင်သည် ငါ့အသက်ကို ထောက်မသောသူတို့နှင့်အတူ ရှိတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊ ``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။ အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည် အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။
အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။