ဖိလိပ္ပိ 4:19 - Common Language Bible19 ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။- အခန်းကိုကြည့်ပါ။Garrad Bible19 သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible19 ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ငါ၏ဘုရားသခင်သည်လည်း ဘုန်းအသရေတော်၌ရှိသော မိမိ၏ကြွယ်ဝမှုနှင့်အညီ သင်တို့၏လိုအပ်ချက်ရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏ ဘုန်းကြီးသောကြွယ်ဝမှုအတိုင်း ယေရှုခရစ်တော် ပြုတော်မူသောအမှုကြောင့် သင်တို့လိုအပ်သမျှသောအရာတို့ကို သင်တို့အား ဖြည့်ဆည်းပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
ဘုရားသခင်၏အကြံအစည်တော်မှာလူမျိုး တကာတို့အတွက်ကြွယ်ဝ၍ ဘုန်းအသရေနှင့် ပြည့်စုံသောနက်နဲသည့်အရာအကြောင်းကို မိမိ လူစုတော်အားသိစေရန်ပင်ဖြစ်၏။ ဤနက်နဲ သောအရာကားခရစ်တော်သည်သင်တို့စိတ် အတွင်း၌ကျိန်းဝပ်တော်မူကြောင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်သင်တို့သည်ဘုရား သခင်နှင့်အတူဘုန်းအသရေတော်ကို ခံစားရမည်ဖြစ်ကြောင်းတည်း။-
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
ငါတို့သည်ခရစ်တော်အသေခံတော်မူခြင်း ကြောင့်၊ မိမိတို့အပြစ်၏အနှောင်အဖွဲ့မှလွတ် မြောက်ကြရ၏။ တစ်နည်းအားဖြင့်အပြစ်ဖြေ လွှတ်ခွင့်ကိုရရှိကြ၏။ ငါတို့အားဘုရား သခင်ဤကဲ့သို့ရက်ရောစွာချပေးတော်မူ သည့်ကျေးဇူးတော်သည်အလွန်ကြီးမြတ် လှပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောဉာဏ်ပညာအသိပညာနှင့်ကြွယ်ဝ ပြည့်စုံတော်မူသည်နှင့်အညီ၊-
ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-
သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
ယောသပ်အားကောင်းချီးပေးလေသည်။ ``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသော ဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်တင်တော်မူသောကောင်းကင်တမန်သည် ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။ ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည် သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။ သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။''
ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။
ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါ သည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦးအနေနှင့်လည်းကောင်းမေတ္တာ ရပ်ခံလို၏။-
ငါတို့သည်သင်တို့ကိုအားပေးစကားပြော ကြားခဲ့ကြ၏။ စိတ်သက်သာမှုကိုရရှိစေခဲ့ ကြ၏။ ကိုယ်တော်၏နိုင်ငံတော်သို့ဝင်ခွင့်နှင့် ဘုန်းအသရေကိုခံယူခွင့်ရနိုင်စိမ့်သောငှာ သင်တို့အားခေါ်ယူရွေးကောက်တော်မူသော ဘုရားသခင်နှစ်သက်တော်မူသည့်အကျင့် မျိုးကိုကျင့်ကြစေရန်တိုက်တွန်းနှိုးဆော်ခဲ့ ကြ၏။
နောက်တစ်ဖန်သင်တို့ထံသို့လာသောအခါ ငါ၏ဘုရားသခင်သည် ငါ့အားသင်တို့ရှေ့ တွင်အရှက်ရစေတော်မူလိမ့်မည်လောဟူ၍ လည်းကောင်း၊ ယခင်ကအပြစ်ကူးခဲ့ကြ ပြီးနောက်ယခုတိုင်အောင်ပင်နောင်တမရဘဲ အကျင့်ပျက်ပြားလျက်သူတစ်ပါးအိမ်ရာ ကိုပြစ်မှား၍ကာမဂုဏ်လိုက်စားလျက်ရှိ နေကြသူများအတွက် ငါသည်မျက်ရည် ကျရလိမ့်မည်လောဟူ၍လည်းကောင်း စိုးရိမ်မိ၏။