တရားဟော 31:8 - Common Language Bible8 ထာဝရဘုရားကိုယ်တော်တိုင်သင့်အားဦး ဆောင်၍ သင်နှင့်အတူရှိတော်မူမည်။ သင့်အား မုချကူမတော်မူမည်။ သင့်ကိုစွန့်ပစ်ထား တော်မူမည်မဟုတ်။ ထို့ကြောင့်သင်သည်အား မလျှော့နှင့်။ ကြောက်ရွံ့ခြင်းမရှိနှင့်'' ဟုမှာ ကြားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 အ တူ ကြွ လျက် ဦး ဆောင် တော် မူ သော ထာ ဝ ရ ဘု ရား သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မ မူ သော ကြောင့် ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လော့ ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible8 သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထာဝရဘုရား ကိုယ်တော်တိုင် သင့်ရှေ့မှ ကြွတော်မူမည်။ သင်နှင့်အတူရှိမည်။ သင့်ကို ပစ်ထားတော်မူမည်မဟုတ်။ သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ မကြောက်နှင့်။ စိတ်မပျက်နှင့်”ဟု ပြောကြား၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍သင်သည်ငါ၏စကားကိုအကြွင်းမဲ့ နားထောင်ကာငါ့ပညတ်တော်တို့ကိုကျင့်သုံး ပြီးလျှင် ငါ၏အစေခံဒါဝိဒ်နည်းတူငါ့အမိန့် တို့ကိုနာခံခြင်းအားဖြင့် ငါနှစ်သက်မြတ်နိုး အောင်ပြုလျှင်သင်နှင့်အတူအစဉ်အမြဲငါ ရှိမည်။ သင့်အားဣသရေလဘုရင်အဖြစ်ခန့် ထားပြီးလျှင် ဒါဝိဒ်၏သားမြေးများအတွက် ငါပြုသကဲ့သို့သင်၏သားမြေးတို့ကိုလည်း သင့်နောက်၌ဧကန်အမှန်ဆက်လက်နန်းစံ စေမည်။-
ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''