ဆာလံ 18:2 - Common Language Bible2 ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏ဘုရားသခင်သည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူသဖြင့် ငါသည်ဘေးမဲ့လုံခြုံမှုရှိပါ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ ငါ့အားဘေးမဲ့လုံခြုံစွာထားတော်မူ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါ့ကိုကွယ်ကာ၍အကြမ်းဖက်မှုမှကယ်တော် မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။ သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။