Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 18:6 - Common Language Bible

6 ငါ​သည်​ဒုက္ခ​ရောက်​၍​ဘု​ရား​သ​ခင်​အား လျှောက်​ထား​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​အား​လျှောက် ထား​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှ​ငါ​၏ အ​သံ​ကို​ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ကျဉ်း ကျပ် သော အ ဖြစ် မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ၊ ကိုယ် တော် သည်၊ ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက်၊ ရှေ့ တော် ရောက် ငါ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ​ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့ ဝင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တော်​၊ ကိုယ်တော်​၏​နား​တော်​သို့​ရောက်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 18:6
17 ပူးပေါင်းရင်းမြစ်များ  

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​သည်​ဒုက္ခ​ရောက်​၍​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​သ​ခင်​အား ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှာ​ငါ​၏​အ​သံ ကို ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​ခေါ်​သံ​ကို​ကြား​တော် မူ​၏။


ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။


ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။


သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထောင်​ထဲ​မှာ​အ​ကျဉ်း ချ​ထား​ခြင်း​ကို​ခံ​ရ​၏။ သို့​သော်​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည်​ပေ​တ​ရု​၏​အ​တွက် စိတ် အား​ထက်​သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။


ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင်​တို့ သည်​ပြည်​သူ​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​ထံ တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​လျှောက် ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​စံ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ပတ္ထ​နာ​ကို​နား ညောင်း​တော်​မူ​၏။


ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​% မြတ်​သည့်​ဗိ​မာန်​တော်​တွင်​ရှိ​တော်​မူ​၏။ ကမ္ဘာ​% မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌​% ငြိမ်​သက်​စွာ​နေ​ကြ​စေ။


ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​ကောင်း​ကင်​ဘုံ တွင် ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၍ သူ​တို့​ပြု​သော​အ​မှု​အ​ရာ​များ​ကို​သိ​မြင် တော်​မူ​၏။


ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​၏​ကြီး မား​သော မေတ္တာ​တော်​ကို​ခံ​စား​ရ​သ​ဖြင့် အိမ်​တော်​သို့​ဝင်​နိုင်​ပါ​၏။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကာ ကိုယ်​တော်​အား​ရို​သေ​လေး​မြတ်​စွာ ဦး​ညွှတ်​ရှိ​ခိုး​နိုင်​ပါ​၏။


ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။


ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ