၁ ယော 4:18 - Common Language Bible18 ချစ်ခြင်းမေတ္တာ၌ကြောက်စိတ်မရှိနိုင်။ ပြည့်ဝ စုံလင်သည့်မေတ္တာသည်ကြောက်စိတ်ကိုပယ်ရှား တတ်၏။ ကြောက်စိတ်သည်အပြစ်ဒဏ်ခံရမှုကို စောင့်မျှော်တတ်သဖြင့်ကြောက်စိတ်ရှိသူ၌ မေတ္တာပြည့်ဝစုံလင်ခြင်းမရှိပေ။ အခန်းကိုကြည့်ပါ။Garrad Bible18 ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။ အခန်းကိုကြည့်ပါ။Judson Bible18 ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်းမရှိ။ ကြောက်ရွံ့ခြင်းသည် အပြစ်ဒဏ်ခံရခြင်းနှင့်သက်ဆိုင်သည်ဖြစ်၍ စုံလင်သောချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ရှားတတ်၏။ ထို့ကြောင့် ကြောက်တတ်သောသူသည် ချစ်ခြင်းမေတ္တာနှင့်မပြည့်စုံသေး။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 ချစ်ခြင်းမေတ္တာတွင် ကြောက်စိတ်မရှိ။ ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာသည် ကြောက်စိတ်ကို ဖယ်ရှားတတ်၏။ ကြောက်စိတ်သည် ပြစ်ဒဏ်နှင့် သက်ဆိုင်သောကြောင့် ကြောက်သောသူသည် ချစ်ခြင်းမေတ္တာနှင့် မပြည့်စုံသေး။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။-