သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
၄ ရာ 8:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဧလိရှဲသည် ဒမတ်စကပ်မြို့သို့သွားရာ ထိုအချိန်တွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် နာမကျန်းဖြစ်နေ၏။ ထိုအခါ သူ့အား “ဘုရားသခင်၏လူ ဤမြို့သို့ရောက်နေပါ၏”ဟု လျှောက်တင်လျှင် Common Language Bible ရှုရိဘုရင်ဗင်္ဟာဒဒ်နာမကျန်းရှိတော်မူ ချိန်၌ ဧလိရှဲသည်ဒမာသက်မြို့သို့ရောက် ရှိလာ၏။ ဧလိရှဲရောက်ရှိနေကြောင်းမင်း ကြီးကြားသိတော်မူသောအခါ၊- Garrad Bible တစ် နေ့ သ၌ ဧ လိ ရှဲ သည် ဒ မာ သက် မြို့ သို့ သွား ရောက် ရာ မ ကျန်း ခန့် သော ရှု ရိ ဘု ရင် ဗ ဟာ ဒဒ် မင်း ထံ ဤ မြို့ သို့ ဘု ရား သ ခင့် လူ ယုံ တော် ရောက် လာ ကြောင်း တင် လျှောက် လျှင် Judson Bible တစ်ဖန် ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရားသခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေသော်၊ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ဇောဘလူမျိုးတို့ကို ဒါဝိဒ်မင်းကြီး နှိမ်နင်းခဲ့စဉ်က ရေဇုန်သည် လူတို့ကိုစုရုံးပြီး ခေါင်းဆောင်လုပ်ကာ ဓားပြအုပ်စုဖွဲ့လေ၏။ သူတို့သည် ဒမတ်စကပ်မြို့သို့သွားရောက်နေထိုင်ပြီး ထိုမြို့တွင် ဗိုလ်ကျစိုးမိုးကြ၏။
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
ဗင်္ဟာဒဒ်မင်းကြီးက အာဟပ်မင်းကြီးအား “သင့်ခမည်းတော်ထံမှ အကျွန်ုပ်ခမည်းတော်သိမ်းယူခဲ့သောမြို့များကို သင့်အား ပြန်ပေးပါမည်။ အကျွန်ုပ်ခမည်းတော်သည် ရှမာရိမြို့တွင် ဈေးတည်သကဲ့သို့ သင်လည်း ဒမတ်စကပ်မြို့တွင် ဈေးတည်ပါ”ဟု ဆို၏။ အာဟပ်မင်းကြီးကလည်း “ဤကတိသစ္စာကြောင့် သင့်ကို ငါလွှတ်ပေးမည်”ဟု ဆိုကာ ဗင်္ဟာဒဒ်မင်းကြီးနှင့် ကတိသစ္စာပြုပြီး သူ့ကို လွှတ်လိုက်လေ၏။
ရှမာရိမြို့တွင် အာခဇိမင်းကြီးသည် နန်းတော်အထက်ခန်းလေသာပြတင်းပေါက်မှ ပြုတ်ကျသဖြင့် ဒဏ်ရာရ၏။ ထို့ကြောင့် မိမိတမန်တို့အား “ငါသည် ဤဝေဒနာများမှပြန်ကောင်းလာမည်လောဟု ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းကြလော့”ဟု ဆိုပြီး စေလွှတ်လိုက်၏။
တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
ဘုရားသခင်၏လူဧလိရှဲ၏ငယ်သား ဂေဟာဇိက “ငါ့သခင်သည် ဤဆီးရီးယားလူမျိုးနေမန် ယူဆောင်လာသောလက်ဆောင်တို့ကို မယူဘဲ လက်လွှတ်လိုက်ပြီ။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါသည် သူ့နောက်သို့ပြေးလိုက်ပြီး သူ့ထံမှတစ်စုံတစ်ခုကိုတောင်းယူမည်”ဟု တွေး၏။
ထိုအခါ အမှုထမ်းတစ်ဦးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မည်သူမျှမရှိပါ။ အစ္စရေးပြည်ရှိ ပရောဖက်ဧလိရှဲက အရှင့်အိပ်ခန်းတွင်းမှပြောသောစကားများကို အစ္စရေးဘုရင်အား ပြန်ပြောပြလေ့ရှိပါ၏”ဟု လျှောက်တင်၏။
ထိုနောက်ပိုင်းတွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် သူ၏စစ်သည်အပေါင်းတို့ကိုစုဆောင်းပြီး စစ်ချီလာ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား မေးမြန်းလျှင် ထိုအမျိုးသမီးသည်လည်း အကြောင်းစုံကိုလျှောက်တင်၏။ ထို့ကြောင့် ရှင်ဘုရင်သည် မှူးမတ်တစ်ဦးကိုခေါ်ပြီး “ဤအမျိုးသမီးပိုင်ဆိုင်သမျှနှင့် သူထွက်သွားစဉ်ကစပြီး ယခုတိုင် သူ့မြေမှထွက်သမျှတို့ကို သူ့အားပြန်ပေးပါ”ဟု မိန့်ဆို၏။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။
ယေရမိထွက်မသွားမီ ကိုယ်ရံတော်မှူးက “ယုဒပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ ပြန်သွား၍ ပြည်သူတို့နှင့်အတူ နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်း ကောင်းမည်ဟု သင်ထင်သည့်နေရာသို့ သွားပါလော့”ဟု ဆိုလျက် ယေရမိအား လက်ဆောင်နှင့် စားနပ်ရိက္ခာကိုပေး၍ ပြန်လွှတ်လိုက်လေ၏။
သို့သော် သူတို့ကိုမတွေ့ကြသဖြင့် ယာသုန်နှင့် ညီအစ်ကိုအချို့တို့ကို အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကာ “ကမ္ဘာလောကကိုမွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ၍
ဘုရားသခင်၏လူမောရှေ မကွယ်လွန်မီ အစ္စရေးအမျိုးသားတို့အား ပေးခဲ့သော ကောင်းချီးမင်္ဂလာကား ဤသို့ဖြစ်၏။
“ဤမြို့သို့ ရှံဆုန်ရောက်လာပြီ”ဟူသောသတင်းကို ဂါဇမြို့သားတို့ ကြားသိသောအခါ ထိုနေရာကိုဝိုင်းထား၍ မြို့တံခါး၌ တစ်ညလုံးချောင်းမြောင်းနေကြ၏။ သူတို့က “နံနက်မိုးလင်းလျှင် သူ့ကို ငါတို့သတ်မည်”ဟု ဆိုလျက် တစ်ညလုံး တိတ်ဆိတ်စွာနေကြ၏။