၃ ရာ 20:34 - မြန်မာ့စံမီသမ္မာကျမ်း34 ဗင်္ဟာဒဒ်မင်းကြီးက အာဟပ်မင်းကြီးအား “သင့်ခမည်းတော်ထံမှ အကျွန်ုပ်ခမည်းတော်သိမ်းယူခဲ့သောမြို့များကို သင့်အား ပြန်ပေးပါမည်။ အကျွန်ုပ်ခမည်းတော်သည် ရှမာရိမြို့တွင် ဈေးတည်သကဲ့သို့ သင်လည်း ဒမတ်စကပ်မြို့တွင် ဈေးတည်ပါ”ဟု ဆို၏။ အာဟပ်မင်းကြီးကလည်း “ဤကတိသစ္စာကြောင့် သင့်ကို ငါလွှတ်ပေးမည်”ဟု ဆိုကာ ဗင်္ဟာဒဒ်မင်းကြီးနှင့် ကတိသစ္စာပြုပြီး သူ့ကို လွှတ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible34 ဗင်္ဟာဒဒ်က``အရှင့်ခမည်းတော်၏လက်မှအကျွန်ုပ် ၏ခမည်းတော်သိမ်းယူခဲ့သောမြို့များကို အရှင့် အားပြန်လည်ပေးအပ်ပါမည်။ အကျွန်ုပ်၏ခမည်း တော်သည်ရှမာရိမြို့တွင်ကုန်သွယ်ရေးဌာနကို ထားရှိခဲ့သည့်နည်းတူ အရှင်သည်လည်းဒမာ သက်မြို့တွင်ကုန်သွယ်ရေးဌာနထားရှိနိုင်ပါ သည်'' ဟုဆို၏။ အာဟပ်က``ဤသဘောတူညီချက်များအရ သင်၏အသက်ကိုချမ်းသာပေးမည်'' ဟုဆို၏။ ထိုနောက်သူသည်ဗင်္ဟာဒဒ်နှင့်မဟာမိတ်စာချုပ် ချုပ်ဆိုပြီးလျှင် ဗင်္ဟာဒဒ်အားသွားခွင့်ပြုတော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible34 အ ရှင့် ခ မည်း တော် လက် မှ ကျွန် တော့် ခ မည်း တော် ယူ ထား သော မြို့ များ ကို ပြန် ဆက် ပါ့ မည် ပြင် ရှ မာ ရိ မြို့ တွင်း ၌ ရှု ရိ ရပ် ကွက် ကို ကျွန် တော့် ခ မည်း တော် သတ် မှတ် ခဲ့ သည့် နည်း တူ အ ရှင် လည်း ဒ မာ သက် မြို့ တွင်း၌ ဣ သ ရေ လ ရပ် ကွက် သတ် မှတ် တော် မူ ပါ ဟု ဆို ရာ ဣ သ ရေ လ ဘု ရင် က၊ ထို သို့ သ စ္စာ မိတ် ဖွဲ့ ခဲ့ လျှင် လွှတ် လိုက် မည် ဟု ဆို ၍ သ စ္စာ မိတ် ဖွဲ့ လျက် လွှတ် လိုက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible34 ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော်အဘ၏လက်မှ လုယူသောမြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကိုလုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျှင်၊ အာဟပ်က ထိုသို့မိတ်သဟာယဖွဲ့လျက်၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို၍ မိတ်သဟာယဖွဲ့လျက် လွှတ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |