၄ ရာ 1:2 - မြန်မာ့စံမီသမ္မာကျမ်း2 ရှမာရိမြို့တွင် အာခဇိမင်းကြီးသည် နန်းတော်အထက်ခန်းလေသာပြတင်းပေါက်မှ ပြုတ်ကျသဖြင့် ဒဏ်ရာရ၏။ ထို့ကြောင့် မိမိတမန်တို့အား “ငါသည် ဤဝေဒနာများမှပြန်ကောင်းလာမည်လောဟု ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းကြလော့”ဟု ဆိုပြီး စေလွှတ်လိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ဣသရေလဘုရင်အာခဇိသည် ရှမာရိမြို့ နန်းတော်အမိုးထက်ရှိလသာဆောင်မှလိမ့် ကျသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ၏။ သို့ ဖြစ်၍သူသည်ဖိလိတ္တိပြည်ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်ထံသံတမန်များစေလွှတ်ကာ မိမိပြန်လည်ကျန်းမာလာမည်မလာမည် ကိုစုံစမ်းမေးမြန်းစေ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 အာ ခ ဇိ မင်း သည် ရှ မာ ရိ နန်း တော် အ ထက်၊ လေ သာ ပြူ တင်း မှ ကျ၍ နာ ကျင် ရာ ဤ ဝေ ဒ နာ မှ ငါ ထ မြောက် ဦး မည် လော ဟု ဧကြုန် မြို့ ရှိ ဗာ လ ဇေ ဗုပ် ဘု ရား ထံ သွား ရောက် မေး လျှောက် ရန် သံ တ မန် တို့ ကို မိန့် မှာ စေ လွှတ် သော် အခန်းကိုကြည့်ပါ။Judson Bible2 အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်းပြတင်းပေါက်မှ ကျ၍ နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်သို့သွား၍မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။ အခန်းကိုကြည့်ပါ။ |
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
ထို့ကြောင့် ဘုရားသခင်၏သေတ္တာတော်ကို ဧကြုန်မြို့သို့ပို့လိုက်ပြန်၏။ ထိုသို့ ဘုရားသခင်၏သေတ္တာတော်သည် ဧကြုန်မြို့သို့ ရောက်လာသောအခါ ဧကြုန်မြို့သားတို့က “ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်ရန် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ငါတို့ထံ ပို့လိုက်လေပြီတကား”ဟု အော်ဟစ်ကြ၏။
အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးအနွယ်ဖြစ်သော ကိုယ်တော်၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီ။ အကြောင်းမူကား သူတို့သည် အရှေ့ပြည်၏ဓလေ့ကိုကျင့်သုံးသူနှင့်ပြည့်၍ ဖိလိတ္တိလူမျိုးများကဲ့သို့ ဗေဒင်အတတ်ကို ကျင့်သုံးကြ၏။ တစ်ပါးအမျိုးသားတို့၏သားသမီးများနှင့်လည်း လက်ဝါးချင်းရိုက်ကြ၏။