‘ငါ ဘေးကင်းစွာပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချထား၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟူ၍ ရှင်ဘုရင်အမိန့်ပေးကြောင်းပြောကြားလော့”ဟု မိန့်ဆို၏။
၄ ရာ 3:9 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အစ္စရေးဘုရင်သည် ယုဒဘုရင်၊ ဧဒုံဘုရင်တို့နှင့်ပေါင်း၍ စစ်ချီကြလေ၏။ ခုနစ်ရက်ပတ်လုံးကွေ့ပတ်ချီတက်လာကြရာ လိုက်ပါလာသောစစ်သည်များနှင့် တိရစ္ဆာန်တို့အဖို့ ရေမရှိသဖြင့် Common Language Bible သို့ဖြစ်၍ဣသရေလဘုရင်၊ ယုဒဘုရင်နှင့်ဧဒုံ ဘုရင်တို့သည်ထွက်ခွာသွားကြရာ ခုနစ်ရက်မျှ ကြာသောအခါတပ်သားများအတွက်သော် လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များအတွက်သော် လည်းကောင်းသောက်သုံးရန်ရေကုန်သွားသဖြင့်၊- Garrad Bible ဣ သ ရေ လ ဘု ရင်၊ ယု ဒ ဘု ရင်၊ ဧ ဒုံ ဘု ရင် တို့ သည် အ ကွေ့ လမ်း ဖြင့် ခု နစ် ရက် ချီ သွား ကြ ရာ ဗိုလ် ခြေ တို့ နှင့် တိ ရ စ္ဆာန် များ ပါ သောက် သုံး ရန် ရေ မ ရှိ သ ဖြင့် Judson Bible ထိုသို့ ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံရှင်ဘုရင်တို့သည် ဝိုင်း၍ ခုနစ်ရက်ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသောတိရစ္ဆာန်များ သောက်စရာရေမရှိ။ |
‘ငါ ဘေးကင်းစွာပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချထား၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟူ၍ ရှင်ဘုရင်အမိန့်ပေးကြောင်းပြောကြားလော့”ဟု မိန့်ဆို၏။
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်ယဟောရံ နန်းတက်၍ ရှမာရိမြို့တွင် အစ္စရေးလူမျိုးကို တစ်ဆယ့်နှစ်နှစ်အုပ်စိုး၏။
အစ္စရေးဘုရင်က “အလို၊ ထာဝရဘုရားသည် ဤဘုရင်သုံးပါးကို မောဘဘုရင်လက်သို့အပ်ဖို့ ခေါ်ဆောင်လာပါသည်တကား”ဟု ဆိုလေ၏။
ထို့ပြင် ယုဒဘုရင်ယောရှဖတ်မင်းကြီးထံသို့ လူလွှတ်၍ “မောဘဘုရင်သည် အကျွန်ုပ်ကို ပုန်ကန်လေပြီ။ မောဘဘုရင်ကိုသွားတိုက်မည်ဖြစ်၍ အကျွန်ုပ်နှင့်အတူလိုက်မည်လော”ဟု မှာလိုက်၏။ ယောရှဖတ်မင်းကြီးကလည်း “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏။
မည်သည့်လမ်းဖြင့် စစ်ချီမည်နည်း”ဟု မေးလျှင် ယဟောရံမင်းကြီးက “ဧဒုံတောကန္တာရလမ်းအတိုင်း စစ်ချီမည်”ဟု ပြန်ပြော၏။
ယဟောရံမင်းကြီးလက်ထက်တွင် ယုဒပြည်လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် ယုဒပြည်ကိုပုန်ကန်၍ သူတို့ကို အုပ်စိုးရန် ဘုရင်တစ်ပါးကို တင်မြှောက်လိုက်ကြ၏။
အရှင်၏အမှုထမ်းအပေါင်းတို့သည် အကျွန်ုပ်ထံသို့လာ၍ အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်လျက် ‘သင်နှင့် သင်၏နောက်လိုက်နောက်ပါအပေါင်းတို့ ထွက်သွားကြပါလော့’ဟု ပြောဆိုမှ အကျွန်ုပ်ထွက်သွားမည်”ဟု ဆိုပြီးနောက် အမျက်ပြင်းစွာထွက်လျက် ဖာရောမင်းကြီးထံမှ ထွက်သွားလေ၏။
ထို့နောက် မောရှေသည် အစ္စရေးလူမျိုးတို့ကို ပင်လယ်နီမှ ဆောင်သွားသဖြင့် ရှုရတောကန္တာရသို့ရောက်ကြ၏။ သူတို့သည် တောကန္တာရထဲ၌ သုံးရက်ပတ်လုံးလျှောက်သွား၍ ရေကိုမတွေ့ရကြ။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သိန်တောကန္တာရမှထွက်ခွာ၍ ခရီးဆက်ကာ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ရန် ရေမရှိပေ။
ရေမရှိသဖြင့် လူထုတို့သည်စုရုံး၍ မောရှေနှင့်အာရုန်တို့ကို ဆန့်ကျင်ကြ၏။
သင်သည် ထာဝရဘုရား၏လူအစုအဝေးဖြစ်သောငါတို့နှင့်တကွ ငါတို့၏တိရစ္ဆာန်များကိုလည်း ဤနေရာ၊ ဤတောကန္တာရထဲ၌သေစေရန် အဘယ်ကြောင့်ခေါ်ဆောင်ခဲ့သနည်း။
လူတို့က “မုန့်မရှိ၊ ရေမရှိသော ဤတောကန္တာရတွင် သေစေရန် အဘယ်ကြောင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သနည်း။ အရသာပေါ့ရွှတ်သောအစားအစာကိုလည်း ငါတို့ငြီးငွေ့လှပြီ”ဟု ဘုရားသခင်နှင့်မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။
အာလုရှအရပ်မှ ခရီးပြု၍ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ဖို့ ရေမရှိ။
ဗာရက်သည် နဿလိအမျိုးနှင့် ဇာဗုလုန်အမျိုး လူတစ်သောင်းကို ခေါ်၍ ကေဒေရှအရပ်သို့ ချီတက်သွား၏။ ဒေဗောရလည်း သူတို့နှင့်အတူ လိုက်သွား၏။