Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 17:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သိန်​တောကန္တာရ​မှ​ထွက်ခွာ​၍ ခရီးဆက်​ကာ ရေဖိဒိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ ထို​အရပ်​၌ လူ​တို့​သောက်​ရန် ရေ​မ​ရှိ​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သိန် ဟု​ခေါ်​သော​တော​ကန္တာ​ရ​မှ​ထွက်​၍ စ​ခန်း တစ်​ထောက်​ပြီး​တစ်​ထောက်​နား​လျက်​ခ​ရီး သွား​ကြ​၏။ သူ​တို့​သည်​ရေ​ဖိ​ဒိမ်​အ​ရပ်​သို့ ရောက်​၍​စ​ခန်း​ချ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ရပ်​၌​သောက်​စ​ရာ​ရေ​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း သိန် တော မှ ခ ရီး ကောက် ချီ၍၊ ရေ ဖိ ဒိမ် စ ခန်း ၌ စွဲ ရပ် ကြ ၏။ ၎င်း စ ခန်း တွင် သောက် ရန် ရေ မ ရှိ သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သိန်​တော​ထဲ​က​ထွက်၍​ခ​ရီး​သွား​သ​ဖြင့်၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ လူ​များ​သောက်​ဖို့​ရာ​ရေ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 17:1
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် မောရှေ​သည် အစ္စရေး​လူမျိုး​တို့​ကို ပင်လယ်နီ​မှ ဆောင်သွား​သဖြင့် ရှုရ​တောကန္တာရ​သို့​ရောက်​ကြ​၏​။ သူ​တို့​သည် တောကန္တာရ​ထဲ၌ သုံး​ရက်​ပတ်လုံး​လျှောက်သွား​၍ ရေ​ကို​မ​တွေ့​ရ​ကြ​။


တစ်ဖန် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ဧလိမ်​အရပ်​မှ​ခရီးပြု​ကြ​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​၌ ဧလိမ်​အရပ်​နှင့်​သိနာ​တောင်​ကြား​ရှိ သိန်​တောကန္တာရ​သို့ ရောက်​ကြ​၏​။


ထို့နောက် အာမလက်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရေဖိဒိမ်​အရပ်​၌ လာ​၍​တိုက်ခိုက်​ကြ​၏​။


ထိုသို့ ရေဖိဒိမ်​အရပ်​မှ ထွက်ခွာ​လာ​၍ သိနာ​တောကန္တာရ​သို့​ရောက်လာ​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တောကန္တာရ​ရှိ သိနာ​တောင်​ရှေ့​၌ စခန်းချ​ကြ​၏​။


ရေ​မ​ရှိ​သဖြင့် လူထု​တို့​သည်​စုရုံး​၍ မောရှေ​နှင့်​အာရုန်​တို့​ကို ဆန့်ကျင်​ကြ​၏​။


မိုးတိမ်​သည် တဲ​တော်​အပေါ်​မှ ကွာ​သည့်​အခါ အစ္စရေး​အမျိုးသား​တို့ ခရီးပြု​ကြ​၏​။ မိုးတိမ်​ရပ်တန့်​သည့်​နေရာ​တွင် အစ္စရေး​အမျိုးသား​တို့ စခန်းချ​ကြ​၏​။


ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့ စခန်းချ​ကြ​၏​၊ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့ ခရီးပြု​ကြ​၏​။ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည် ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို စောင့်​လျက်​နေ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ