Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 20:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သင်​သည် ထာဝရဘုရား​၏​လူအစုအဝေး​ဖြစ်​သော​ငါ​တို့​နှင့်တကွ ငါ​တို့​၏​တိရစ္ဆာန်​များ​ကို​လည်း ဤ​နေရာ​၊ ဤ​တောကန္တာရ​ထဲ၌​သေ​စေရန် အဘယ်ကြောင့်​ခေါ်ဆောင်​ခဲ့​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 အ​ကျွန်ုပ်​တို့​၏​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​သေ ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ သင်​တို့​သည်​အ​ကျွန်ုပ် တို့​အား​ဤ​တော​ကန္တာ​ရ​သို့​အ​ဘယ်​ကြောင့် ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 တိ ရ စ္ဆာန် များ ပါ ဤ သဲ တော တွင် သေ ကြ စေ ရန် ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် ကို အ ဘယ် ကြောင့် ဆောင် ခဲ့ ကြ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ငါ​တို့​နှင့် ငါ​တို့​တိ​ရ​စ္ဆာန်​များ​ကို သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​ကို ဤ​တော​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 20:4
13 ပူးပေါင်းရင်းမြစ်များ  

အီဂျစ်​ပြည်​၌ ကြီးမား​သော​အမှု​များ​၊ ဟာမ​ပြည်​၌ အံ့ဖွယ်​သော​အမှု​များ​၊ ပင်လယ်​နီ​၌ ကြောက်ရွံ့ဖွယ်​သော အမှု​များ​ကို ပြု​တော်မူ​သော​အရှင်​တည်းဟူသော မိမိ​တို့​အား ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို သူ​တို့​သည် မေ့လျော့​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​က မောရှေ​နှင့်​အာရုန်​အား “​ငါ​တို့​သည် အီဂျစ်​ပြည်​တွင် အသား​ဟင်းအိုး​ဘေး​၌​ထိုင်​၍ မုန့်​ကို​ဝ​စွာ​စား​လျက်​နေစဉ် ထာဝရဘုရား​၏​လက်​တော်​ဖြင့် ငါ​တို့​သေ​ရ​လျှင်​ကောင်း​၏​။ ယခု​မူကား သင်​တို့​သည် ဤ​လူအစုအဝေး​အပေါင်း​တို့​ကို ငတ်မွတ်​၍ သေ​စေရန် ဤ​တောကန္တာရ​ထဲသို့ ခေါ်ဆောင်​ခဲ့​ကြ​သည်​တကား​”​ဟု ညည်းညူ​ပြ​ကြ​၏​။


ထို​အရပ်​၌ လူ​တို့​သည် ရေ​ငတ်​ကြ​သဖြင့် မောရှေ​အား “​ငါ​တို့​နှင့်တကွ ငါ​တို့​၏​သားသမီး​များ​၊ တိရစ္ဆာန်​များ​ကို ရေငတ်​၍​သေ​စေရန် ငါ​တို့​ကို အဘယ်ကြောင့် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သနည်း​”​ဟု ညည်းညူ​ပြ​ကြ​၏​။


“​သင်​တို့​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​တွင် ငါ​တို့​ကို စက်ဆုပ်ရွံရှာဖွယ်​အပုပ်ကောင်​ဖြစ်​စေ​ပြီး ငါ​တို့​ကို​သတ်​ရန် သူ​တို့​လက်​ထဲသို့ ဓား​ထည့်ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​ကြည့်​၍ တရားစီရင်​တော်မူ​ပါစေသော​”​ဟု သူ​တို့​အား ဆို​၏​။


သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ထာဝရဘုရား​ကို သင်​တို့ စွန့်ပယ်​ကြ​၍ ငါ​တို့​သည် အဘယ်ကြောင့် အီဂျစ်​ပြည်​မှ​ထွက်လာ​ကြ​သနည်း​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ငိုကြွေး​လျက်​ဆို​ကြ​သောကြောင့် သင်​တို့​၏​နှာခေါင်း​မှ​ထွက်​၍ သင်​တို့​ရွံရှာ​သည်​အထိ တစ်လလုံး အသား​ကို စား​ရ​လိမ့်မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


အီဂျစ်​ပြည်​၌ အဖိုးအခမပေး​ဘဲ ငါ​တို့​စား​ရ​သော ငါး​၊ သခွားသီး​၊ ဖရဲသီး​၊ ကြက်သွန်မြိတ်​၊ ကြက်သွန်နီ​၊ ကြက်သွန်ဖြူ​တို့​ကို ငါ​တို့​အောက်မေ့​၏​။


အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​ကို​အပြစ်တင်​လျက် “​ငါ​တို့​သည် အီဂျစ်​ပြည်​၌ သေ​ခဲ့​ပါစေလား​၊ သို့မဟုတ်လျှင်လည်း ဤ​တောကန္တာရ​၌ သေ​ခဲ့​ပါစေလား​။


နောက်တစ်နေ့​တွင် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ထာဝရဘုရား​၏​လူ​တို့​ကို သတ်​ကြ​ပြီ​”​ဟု အပြစ်တင်​ပြောဆို​ကြ​၏​။


ဤသို့ဖြင့် ‘မည်သူ​သည် သင့်​ကို အကြီးအကဲ​နှင့်​တရားသူကြီး​အရာ​၌ ခန့်ထား​သနည်း’​ဟု ဆို​လျက် လူတို့​ငြင်းပယ်​ခဲ့​သော ထို​မောရှေ​ကို ဘုရားသခင်​သည် ချုံပုတ်​ထဲ၌ ထင်ရှား​သော​ကောင်းကင်တမန်​အားဖြင့် အကြီးအကဲ​နှင့်​ရွေးနုတ်​ကယ်တင်​သူ​အဖြစ် စေလွှတ်​တော်မူ​၏။


အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​လာ​စဉ်က ပင်လယ်နီ​တိုင်အောင် တောကန္တာရ​ကို ဖြတ်လျှောက်​ပြီး ကာဒေရှ​အရပ်​ကို​ရောက်​ခဲ့​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ