၃ ရာ 22:48 - မြန်မာ့စံမီသမ္မာကျမ်း48 ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။ အခန်းကိုကြည့်ပါ။Common Language Bible48 ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။- အခန်းကိုကြည့်ပါ။Garrad Bible48 သြ ဖိ ရ ပြည် မှ ရွှေ တင် ယူ ရန် ယော ရှ ဖတ် မင်း တည် ပြီး သော တာ ရှု သင်္ဘော များ သည် ဧ ဇ ယုန် ဂါ ဗာ ဆိပ် တွင် ပျက်၍ မ သွား ရ သော် အခန်းကိုကြည့်ပါ။Judson Bible48 ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကိုယူစေခြင်းငှာ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်၏။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။