ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။
၄ ရာ 24:20 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။ Common Language Bible ထာဝရဘုရားသည်ယေရုရှလင်မြို့သားများ နှင့် ယုဒပြည်သူတို့အားလွန်စွာအမျက်ထွက် တော်မူသဖြင့်ရှေ့တော်မှနှင်ထုတ်တော် မူ၏။ Garrad Bible မျက် မှောက် တော် မှ ပယ် ပစ် သည့် တိုင် အောင် ထာ ဝ ရ ဘု ရား အ မျက် တော် ကြောင့် ယေ ရု ရှ လင် မြို့ မှ စ၍ ယုဒ တစ် ပြည် လုံး၌ ဘေး သင့် သ တည်း။ ဇေ ဒ ကိ မင်း လည်း ဗာ ဗု လုန် ဘု ရင် ကို ခြား နား သည် ဖြစ်၍ Judson Bible ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏။ |
ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး အခြားဘုရားအများတို့ထံ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက် သူတို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြ၏။ ထို့ကြောင့် ဤမြို့၌ ငါ့အမျက်မီး တောက်လောင်၍ ငြိမ်းလိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
သို့သော် မနာရှေမင်းကြီးပြုခဲ့သောအမျက်တော်ထွက်စရာအမှုအလုံးစုံတို့ကြောင့် ထာဝရဘုရားသည် ယုဒလူမျိုးကို ပြင်းစွာအမျက်ထွက်သောအရှိန်မှာ မငြိမ်းပေ။
ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
မနာရှေမင်းကြီးပြုခဲ့သောအပြစ်များကြောင့် စကားတော်အတိုင်း ထာဝရဘုရားသည် ယုဒပြည်ကို ရှေ့တော်မှ ဖယ်ရှားရန် ဤသို့စီရင်ခြင်း ဖြစ်၏။
သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
အကျွန်ုပ်ကို ကိုယ်တော်၏ရှေ့မှောက်မှ နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အကျွန်ုပ်ထံမှရုပ်သိမ်းတော်မမူပါနှင့်။
ထိုမင်းနှင့် သူ၏အစေအပါးများ၊ ပြည်သူပြည်သားများတို့သည် ပရောဖက်ယေရမိအားဖြင့် မိန့်ဆိုထားသည့် ထာဝရဘုရား၏စကားတော်တို့ကို နားမထောင်ကြ။
ထာဝရဘုရား၏အမျက်တော်ကြောင့် ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို အထံတော်မှမနှင်ထုတ်မီ ယုဒပြည်၌ ဤသို့ဖြစ်ပျက်ခဲ့၏။ ဇေဒကိမင်းကြီးသည် ဘေဘီလုံဘုရင်ကို ပုန်ကန်သဖြင့်
“ပုန်ကန်တတ်သောအမျိုးအား ‘ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း မသိသလော။ ကြည့်ရှုလော့။ ဘေဘီလုံဘုရင်သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ဘုရင်နှင့်အကြီးအကဲတို့ကို ဘေဘီလုံမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ။
အကိုင်းတစ်ကိုင်းမှ မီးထွက်လာ၍ အသီးတို့ကို လောင်ကျွမ်းလေ၏။ ထို့ကြောင့် ရာဇလှံတံအဖြစ် အသုံးပြုနိုင်သည့် သန်မာသောအကိုင်းအခက်တစ်ခုမျှမရှိတော့ပေဟု သီဆိုလော့။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်းတစ်ပုဒ်ပေတည်း’ဟူ၍ မြွက်ဆိုလော့”ဟု မိန့်ဆို၏။
ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
ထာဝရဘုရားသည် ဤပြည်ကိုအမျက်ထွက်၍ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို ဤပြည်အပေါ်သို့ကျရောက်စေခြင်း ဖြစ်၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ သဝန်တိုသောဘုရားဖြစ်တော်မူ၏။