၄ ရာ 23:26 - မြန်မာ့စံမီသမ္မာကျမ်း26 သို့သော် မနာရှေမင်းကြီးပြုခဲ့သောအမျက်တော်ထွက်စရာအမှုအလုံးစုံတို့ကြောင့် ထာဝရဘုရားသည် ယုဒလူမျိုးကို ပြင်းစွာအမျက်ထွက်သောအရှိန်မှာ မငြိမ်းပေ။ အခန်းကိုကြည့်ပါ။Common Language Bible26 သို့သော်မနာရှေမင်းပြုခဲ့သည့်အပြစ်များ ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို ပြင်းစွာအမျက်ထွက်လျက်ရှိရာယခုတိုင် အောင်ပင်အမျက်တော်မပြေချေ။- အခန်းကိုကြည့်ပါ။Garrad Bible26 သို့ ရာ တွင် အ မျက် တော် တိုက် မ နာ ရှေ မင်း ပြု ခဲ့ သော ပြစ် မှု များ ကြောင့် ယု ဒ အ မျိုး ပေါ် တွင် ထာ ဝ ရ ဘုရား ထား တော် မူ သော အ မျက် တော် ရှိန် မ ငြိမ်း ဘဲ အခန်းကိုကြည့်ပါ။Judson Bible26 သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ပြစ်မှားသော အပြစ်ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာအမျက်ထွက်၍ စိတ်တော်မပြေ။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ အကျွန်ုပ်တို့၏အကြီးအကဲများသည် လူထုတစ်ရပ်လုံးအတွက် တာဝန်ယူပါစေ။ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့်စုံဖက်သောသူအားလုံး ကိုယ့်မြို့ကိုယ့်ရွာရှိသက်ကြီးဝါကြီးများ၊ တရားသူကြီးများနှင့်အတူ သတ်မှတ်ထားသောအချိန်တွင် လာ၍ ဤကိစ္စနှင့်ပတ်သက်ပြီး အကျွန်ုပ်တို့၏ဘုရားသခင် အမျက်တော်ပြေသည့်တိုင်အောင် အစစ်ဆေးခံပါစေ”ဟု ပြန်ပြောကြ၏။
“ငါနှင့်ပြည်သူပြည်သားတို့အတွက်သာမက ယုဒအမျိုးသားအပေါင်းတို့အတွက်ပါ ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးမြန်းပေးကြလော့။ ငါတို့ဘိုးဘေးတို့သည် ဤကျမ်းပါစကားတော်အတိုင်း မလိုက်နာ၊ ငါတို့နှင့်ပတ်သက်ပြီး ရေးထားသမျှတို့ကို မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။