တရားဟော 29:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထာဝရဘုရားသည် ဤပြည်ကိုအမျက်ထွက်၍ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို ဤပြည်အပေါ်သို့ကျရောက်စေခြင်း ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ထိုကြောင့်ထာဝရဘုရားသည် ကိုယ်တော် ၏လူမျိုးတော်ကိုအမျက်ထွက်သဖြင့် ဤ ကျမ်းတွင်ဖော်ပြထားသောဘေးဒဏ် အပေါင်းတို့ကိုသူတို့ပြည်၌ကျရောက် စေတော်မူသည်။- အခန်းကိုကြည့်ပါ။Garrad Bible27 ဤ ပြည်၌ အ မျက် တော် ထား သ ဖြင့်၊ ဤ ကျမ်း တွင် ပါ ရှိ သ မျှ အ မင်္ဂ လာ ကို သင့် စေ တော် မူ သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible27 ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အမျက်တော်ထွက်သဖြင့်၊ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
‘ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဘယ်ကြောင့် ဤအမှုအလုံးစုံတို့နှင့် ကြုံစေသနည်း’ဟု သူတို့မေးကြလျှင် ‘သင်တို့သည် ငါ့ကိုစွန့်ပယ်၍ သင်တို့၏ပြည်၌ပင် တိုင်းတစ်ပါးသားတို့၏ဘုရားများကို အစေခံသည့်နည်းတူ သင်တို့ပြည်မဟုတ်သောပြည်၌ သူစိမ်းတို့ကို အစေခံရလိမ့်မည်’ဟု သင်ပြန်ဖြေလော့။