ယေရမိ 37:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုမင်းနှင့် သူ၏အစေအပါးများ၊ ပြည်သူပြည်သားများတို့သည် ပရောဖက်ယေရမိအားဖြင့် မိန့်ဆိုထားသည့် ထာဝရဘုရား၏စကားတော်တို့ကို နားမထောင်ကြ။ အခန်းကိုကြည့်ပါ။Common Language Bible2 ဇေဒကိနှင့်သူ၏မှူးမတ်များနှင့်ပြည်သူ များသည် ငါ့အားထာဝရဘုရားပေးတော် မူသောဗျာဒိတ်တော်ကိုမလိုက်နာကြ။ အခန်းကိုကြည့်ပါ။Garrad Bible2 ကျေး ကျွန် သင်း ပင်း နှင့် ပြည် သူ ပြည် သား တို့ ပါ၊ ပ ရော ဖက် ယေ ရ မိ အား ဖြင့် ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဗျာ ဒိတ် ချက် များ ကို နား မ ဝင် ဘဲ နေ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော်မူသောစကားတော်တို့ကို၊ ထိုမင်းကြီးအစရှိသော ကျွန်များ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲနေကြ၏။ အခန်းကိုကြည့်ပါ။ |
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။
ဒါဝိဒ်မင်းကြီးကလည်း “ဟာနုန်၏ခမည်းတော် နာဟတ်မင်းကြီးသည် ငါ့အား မေတ္တာပြခဲ့ဖူးသည့်နည်းတူ ငါသည်လည်း ယခု နာဟတ်သားဟာနုန်အား မေတ္တာကရုဏာပြရမည်”ဟု မိန့်ဆိုလျက် ဒါဝိဒ်မင်းကြီးသည် ဟာနုန်၏ခမည်းတော်အနိစ္စရောက်သည်ကို အကြောင်းပြု၍ သူ့ကိုနှစ်သိမ့်ပေးရန် မိမိအမှုထမ်းတို့ကို စေလွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် အမ္မုန်အမျိုးသားတို့၏ပြည်သို့ရောက်သောအခါ