သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
၄ ရာ 24:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။ Common Language Bible ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊- Garrad Bible ယု ဒ ဘု ရင် ယေ ခေါ နိ မင်း သည် မယ် တော် နှင့် တ ကွ မှူး တော် မတ် တော်၊ မိန်း မ စိုး၊ ကျေး ကျွန် သင်း ပင်း တို့ ပါ ဗာ ဗု လုန် ဘု ရင့် ထံ တိုး ဝင် ချဉ်း ကပ် ရာ၌ နန်း စံ ရှစ် နှစ် တွင် ဗာ ဗု လုန် ဘု ရင် သုံ့ ဘမ်း၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း Judson Bible ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင်ထံသို့ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။ |
သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
မင်းမှုထမ်းများ မြို့ကိုဝိုင်းရံထားစဉ် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီလာ၍ ထိုမြို့ကို တိုက်ခိုက်လေ၏။
ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့ ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းတက်သောနှစ်တွင် ယုဒဘုရင်ယောယခိမ်မင်းကြီးကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌ ဘေဘီလုံဘုရင်၏အမှုထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ရောက်လာ၏။
နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော်ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။
ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။
ကိရှသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက ယုဒဘုရင်ယေခေါနိမင်းကြီးကို ဂျေရုဆလင်မြို့မှ ဖမ်းခေါ်သွားစဉ်တွင် သုံ့ပန်းအဖြစ် ပါသွားခဲ့သူဖြစ်၏။
ထို့ကြောင့် ကျိန်ခြင်းသည် ကမ္ဘာမြေကြီးကို လောင်ကျွမ်းလေပြီ။ မြေကြီးသားတို့အပေါ် အပြစ်သက်ရောက်လေပြီ။ မြေကြီးသားတို့ကို အမျက်မီးလောင်ကျွမ်း၍ လူအနည်းငယ်သာ ကြွင်းကျန်၏။
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံလေးနှစ်၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနန်းစံ ပထမနှစ်တွင် ယုဒပြည်သူပြည်သားအားလုံးနှင့်ပတ်သက်၍ ယေရမိထံသို့ရောက်လာသော နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမှစ၍ ယုဒပြည်၊ ဂျေရုဆလင်မြို့၌ရှိသောမှူးမတ်များအားလုံးကို ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားသောအခါ ထိုအသုံးအဆောင်တို့ကို မယူသွားဘဲချန်ထားခဲ့၏။
ထို့ကြောင့် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူ၏အမျိုးအနွယ်သည် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စံမြန်းခွင့်ရမည်မဟုတ်။ သူ၏အလောင်းကို နေ့အချိန်တွင် နေပူထဲ၌၊ ညအချိန်တွင် နှင်းတောထဲ၌ ပစ်ထားကြလိမ့်မည်။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက မင်းမြှောက်လိုက်သော ယောရှိမင်းကြီး၏သားတော်ဇေဒကိသည် ယောယကိမ်မင်းကြီး၏သားတော်ခေါနိ၏နေရာ၌ ယုဒပြည်ကို စိုးစံလေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ ဘေဘီလုံဘုရင်ထံပါး၌ခစားသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ ရောက်လာ၏။
နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသော ဂျူးလူမျိုး အရေအတွက်ကား ဤသို့ဖြစ်၏။ နေဗုခဒ်နေဇာမင်းကြီး နန်းစံခုနစ်နှစ်တွင် သုံးထောင်နှစ်ဆယ့်သုံးယောက်၊
ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းစံသောပထမနှစ်၊ ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် ဧဝိလမေရောဒက်မင်းကြီးသည် ယုဒဘုရင်ယောယခိမ်မင်းကြီးကို ချီးမြှောက်သောအားဖြင့် အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။
“ပုန်ကန်တတ်သောအမျိုးအား ‘ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း မသိသလော။ ကြည့်ရှုလော့။ ဘေဘီလုံဘုရင်သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ဘုရင်နှင့်အကြီးအကဲတို့ကို ဘေဘီလုံမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ။
ထိပ်ဖျားအညွန့်တို့ကိုချိုး၍ ကုန်သွယ်ရာပြည်သို့ ချီယူသွားပြီးလျှင် ကုန်သည်တို့မြို့၌ စိုက်ထား၏။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။