Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 27:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ယောယကိမ်​၏​သား ယုဒ​ဘုရင်​ယေခေါနိ​မှစ၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​၌​ရှိ​သော​မှူးမတ်​များ​အားလုံး​ကို ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​သောအခါ ထို​အသုံးအဆောင်​တို့​ကို မ​ယူသွား​ဘဲ​ချန်ထား​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 27:20
14 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​သည် မယ်တော်​မှစ၍ မင်းမှုထမ်း​များ​၊ မှူးမတ်​များ​နှင့် မိန်းမစိုး​များ​ပါ​လျက် ဘေဘီလုံ​ဘုရင်​ထံ အညံ့ခံ​လေ​၏​။ ထို့ကြောင့် ဘေဘီလုံ​ဘုရင်​သည် နန်းစံ​ရှစ်​နှစ်​တွင် ယောယခိမ်​မင်းကြီး​ကို ဖမ်းခေါ်​သွား​၏​။


နှစ်​လည်​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် ရဲမက်​များ​ကို​စေလွှတ်​၍ ယောယခိမ်​မင်းကြီး​ကို ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​လာ​စေ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​မှ​အဖိုးတန်​အသုံးအဆောင်​များ​ကို​လည်း သိမ်းယူ​လာ​စေ​၏​။ ထို့ပြင် ယောယခိမ်​မင်းကြီး​၏​ညီ​တော်​ဇေဒကိ​ကို မင်းမြှောက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို အုပ်စိုး​စေ​၏​။


ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​အကြီး​အသေး​ရှိသမျှ​၊ ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာ​များ​၊ ရှင်ဘုရင်​နှင့် မှူးမတ်​တို့​၏​ဘဏ္ဍာ​များ​အားလုံး​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​၏​။


နိုင်ငံ​တော်​ဟု ခေါ်​ရ​လောက်အောင် ထို​ပြည်​၌ မှူးမတ်​မ​ရှိ​၊ ဘာမျှ​မ​ရှိ​။ ထို​ပြည်​၏​အကြီးအကဲ​အပေါင်း​တို့​သည် အရာရောက်​တော့​မည်​မ​ဟုတ်​။


“​ခေါနိ​ဟူသော ဤ​လူ​သည် အသုံးမဝင်​သော​အိုး​ကွဲ​လော​။ မည်သူ​မျှ​အလို​မ​ရှိ​သော​အိုး​လော​။ အဘယ်ကြောင့် သူ​နှင့်​သူ့​အမျိုးအနွယ်​ကို စွန့်ပစ်​ရ​သနည်း​။ အဘယ်ကြောင့် သူ​တို့​မ​သိ​သော​ပြည်​သို့ သူ​တို့​ကို နှင်ထုတ်​ရ​သနည်း​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ ယောယကိမ်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​နှင့်တကွ ယုဒ​လူမျိုး​အကြီးအကဲ​များ​၊ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်း​ခေါ်သွား​ပြီး​နောက်ပိုင်း​တွင် ထာဝရဘုရား​သည် ငါ့​အား ထာဝရဘုရား​၏​ဗိမာန်တော်​ရှေ့​၌​ရှိ​သော သဖန်းသီး​ခြင်းတောင်း​နှစ်​တောင်း​ကို​ပြ​၏​။


ထိုသို့ ထာဝရဘုရား​၏​အိမ်​တော်​၊ ယုဒ​ဘုရင်​၏​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​တွင် ကျန်ရစ်​သော​အသုံးအဆောင်​ပစ္စည်း​များ​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က


ယေခေါနိ​မင်းကြီး​၊ မယ်တော်​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယုဒ​ပြည်​ဂျေရုဆလင်​မြို့​၏​မှူးမတ်​များ​မှစ၍ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီးနောက်​တွင် ရေးသား​၍


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​အုပ်စိုး​ချိန်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍


ဘုရားရှင်​သည် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်တကွ ဘုရားသခင်​၏​အိမ်​တော်​တန်ဆာပလာ​အချို့​ကို နေဗုခဒ်နေဇာ​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ရှင်ဘုရင်​သည်​လည်း ထို​အရာ​တို့​ကို ရှိနာ​ပြည်​ရှိ မိမိ​ဘုရား​များ​၏​ဗိမာန်​သို့​ယူဆောင်​သွား​၍ ထို​တန်ဆာပလာ​တို့​ကို မိမိ​ဘုရား​အများ​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ထား​လေ​၏​။


ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​ချိန်​တွင် ယောရှိ​သည် သား​ယေခေါနိ​နှင့် သူ​၏​ညီအစ်ကို​များ​ကို​ရ​၏။


ဘေဘီလုံ​သို့ ရွှေ့ပြောင်း​ခြင်း​ခံရ​ပြီးနောက် ယေခေါနိ​သည် သား​ရှာလသေလ​ကို​ရ​၏။ ရှာလသေလ​သည် သား​ဇေရုဗဗေလ​ကို​ရ​၏။


သို့ဖြစ်၍ ဆွေမျိုး​အစဉ်အဆက်​စုစုပေါင်း​ကား အာဗြဟံ​မှ ဒါဝိဒ်​အထိ တစ်ဆယ့်လေး​ဆက်၊ ဒါဝိဒ်​မှ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​သည့်​အချိန်​အထိ တစ်ဆယ့်လေး​ဆက်၊ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​သည့်​အချိန်​မှ ခရစ်တော်​အထိ တစ်ဆယ့်လေး​ဆက်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ