Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 25:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး နန်းစံ​တစ်ဆယ့်​ကိုး​နှစ်​၊ ပဉ္စမ​လ​၊ ခုနစ်​ရက်​နေ့​၌ ဘေဘီလုံ​ဘုရင်​၏​အမှုထမ်း ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်၊ ပဉ္စ​မ​လ၊ ခု​နစ်​ရက်​နေ့​၌​မင်း​ကြီး ၏​အ​တိုင်​ပင်​ခံ​ဖြစ်​သူ​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း နန်း စံ ဆယ့် ကိုး နှစ်၊ ပ ဥ္စ မ လ၊ ခု နစ် ရက် တွင် ဗာ ဗု လုန် ဘု ရင်၏ ကျွန် ယုံ၊ ကိုယ့် ရံ တော် မှူး၊ နေ ဗု ဇာ ရ ဒန် သည် ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ ဆယ်​ကိုး​နှစ်၊ ပ​ဥ္စ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 25:8
11 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​သည် မယ်တော်​မှစ၍ မင်းမှုထမ်း​များ​၊ မှူးမတ်​များ​နှင့် မိန်းမစိုး​များ​ပါ​လျက် ဘေဘီလုံ​ဘုရင်​ထံ အညံ့ခံ​လေ​၏​။ ထို့ကြောင့် ဘေဘီလုံ​ဘုရင်​သည် နန်းစံ​ရှစ်​နှစ်​တွင် ယောယခိမ်​မင်းကြီး​ကို ဖမ်းခေါ်​သွား​၏​။


ဇေဒကိ​မင်းကြီး နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့​စစ်ချီလာ​၍ မြို့ပြင်​၌​စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။


ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီးနောက် သုံးဆယ့်​ခုနစ်​နှစ်​မြောက်​၊ ဒွါဒသမ​လ​၊ နှစ်ဆယ့်​ခုနစ်​ရက်​နေ့ ဘေဘီလုံ​ဘုရင်​ဧဝိလမေရောဒက်​မင်းကြီး နန်းတက်​သော​နှစ်​တွင် ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​ကို အကျဉ်းထောင်​မှ လွှတ်ပေး​လိုက်​၏​။


ထို့ကြောင့် ဘုရားသခင်​သည် ခါလဒဲ​ဘုရင်​ကို သူ​တို့​ထံသို့ ချီလာ​စေ​တော်မူ​၏​။ ထို​ဘုရင်​သည် လူငယ်​တို့​ကို သူ​တို့​၏​သန့်ရှင်းရာဌာန​တော်​တွင်​ပင် ဓား​နှင့်​ကွပ်မျက်​၏​။ လူပျို​အပျို​နှင့် သက်ကြီး​လူအို​များ​ပါ​မကျန် အားလုံး​ကို နှမြော​ခြင်း​မ​ရှိ​၊ ထို​ဘုရင်​လက်​သို့ အပ်လိုက်​တော်မူ​၏​။


သို့သော် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ကို အမျက်ထွက်​အောင်​ပြု​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို ခါလဒဲ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ထို​ဘုရင်​သည် ဤ​အိမ်​တော်​ကို​ဖျက်ဆီး​၍ လူ​တို့​ကို ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။


မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။


ရန်ပြု​လာ​သော​ရန်သူ​တို့ ဂျေရုဆလင်​မြို့​တံခါး​ထဲ ဝင်ရောက်​လာ​နိုင်​သည်​ကို မည်သည့်​မြေကြီး​ဘုရင်​မျှ​၊ မည်သည့်​လောက​လူသား​မျှ မ​ယုံ​နိုင်​ကြ​ပေ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “စတုတ္ထ​လ​အစာရှောင်​ခြင်း​၊ ပဉ္စမ​လ​အစာရှောင်​ခြင်း​၊ သတ္တမ​လ​အစာရှောင်​ခြင်း​၊ ဒသမ​လ​အစာရှောင်​ခြင်း​တို့​သည် ယုဒ​အမျိုးအနွယ်​အဖို့ ရွှင်လန်း​ဝမ်းမြောက်​ဖွယ်​ရာ​၊ ပျော်ရွှင်​ဖွယ်​ရာ​ပွဲတော်​များ ဖြစ်​လိမ့်မည်​။ ထို့ကြောင့် သစ္စာရှိ​ခြင်း​၊ ငြိမ်းချမ်း​ခြင်း​တို့​ကို မြတ်နိုး​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ