ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
၃ ရာ 9:15 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ သူစံမြန်းရန်နန်းတော်၊ မိလ္လော၊ ဂျေရုဆလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့၊ ဂေဇာမြို့တို့ကို တည်ဆောက်ရန် အလုပ်ကြမ်းသမားများကို ခေါ်ယူခဲ့ရ၏။ Common Language Bible ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။- Garrad Bible ရှော လ မုန် မင်း သည် လ မိုင်း အ မှု ထမ်း ဖွဲ့ ခြင်း အ ကြောင်း မှာ ဗိ မာန် တော်၊ နန်း တော်၊ မိလ္လော ပြ အိုး၊ ယေ ရု ရှ လင် မြို့ ရိုး မှ စ ၍ ဟာ ဇော် မြို့၊ မေ ဂိ ဒ္ဒေါ မြို့၊ ဂေ ဇာ မြို့ များ ကို တည် ဆောက် ရန် တည်း။ Judson Bible ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှာ ငွေခွဲရသတည်း။ |
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
“မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့ပါ၏။ သို့သော် မင်းကြီး၏ခမည်းတော်ထံ၌ အကျွန်ုပ်တို့ ခက်ခဲပင်ပန်းစွာအမှုထမ်းခဲ့ရသည်ကို သက်သာစေမည်ဆိုလျှင်၊ အကျွန်ုပ်တို့အပေါ်တင်ထားခဲ့သည့် လေးလံသောထမ်းပိုးကို ပေါ့စေမည်ဆိုလျှင် မင်းကြီးထံခစားကြပါမည်”ဟု လျှောက်တင်ကြ၏။
ရှောလမုန်မင်းကြီးသည် အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး ဖာရောမင်းကြီး၏သမီးတော်နှင့် စုံဖက်လေ၏။ စံမြန်းရာနန်းတော်၊ ထာဝရဘုရား၏အိမ်တော်နှင့် ဂျေရုဆလင်မြို့ရိုးတို့ ဆောက်လုပ်၍မပြီးမီတိုင်အောင် သူ့ကို ဒါဝိဒ်မြို့တွင် စံမြန်းနေစေ၏။
တာနက်မြို့၊ မေဂိဒ္ဒေါမြို့အပါအဝင် ဇာရတန်မြို့အနီးယေဇရေလမြို့အောက်ဘက်ရှိ ဗက်ရှန်မြို့တစ်လျှောက်လုံးနှင့် ဗက်ရှန်မြို့မှ ယောကမံမြို့တစ်ဖက်ကမ်း အာဗေလမဟောလမြို့၏နယ်စား အဟိလုဒ်၏သားဗာနာ၊
ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အလုပ်ကြမ်းသမား အယောက်သုံးသောင်းကို ခန့်ထားပြီး
တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ရှင်ဘုရင်နန်းတော်တည်းဟူသော အဆောက်အအုံနှစ်ခုကို တည်ဆောက်ချိန် အနှစ်နှစ်ဆယ်ကြာသောအခါ
အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။
ဖာရောမင်းကြီး၏သမီးတော်သည် ဒါဝိဒ်မြို့မှထွက်၍ သူ့အတွက် ရှောလမုန်မင်းကြီးဆောက်လုပ်ပေးသော နန်းဆောင်သို့ ပြောင်းနေ၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုလည်း တည်ဆောက်၏။
ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
ထို့နောက်တွင် ဂေဇာမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲဖြစ်ရာ ဟုရှသိလူမျိုးသိဗေခဲသည် ရေဖိမ်အနွယ်ဝင်သိပ္ပဲကို သတ်လိုက်သဖြင့် ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်လေ၏။
သူတို့အား ခွဲဝေပေးသောမြို့များမှာ ခိုလှုံရာမြို့များဖြစ်သော ဧဖရိမ်တောင်ပေါ်ရှိ ရှေခင်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဇာမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် သူစံမြန်းရန်နန်းတော်ကို တည်ဆောက်ချိန် အနှစ်နှစ်ဆယ်ကြာသောအခါ
ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဇိအုန်ကိုကောင်းစားစေတော်မူပါ။ ဂျေရုဆလင်မြို့ရိုးတို့ကို တည်ဆောက်တော်မူပါ။
ထိုနေ့ရက်တွင် မေဂိဒ္ဒေါလွင်ပြင်၊ ဟာဒဒြိမ္မုန်မြို့၌ ငိုကြွေးကြသကဲ့သို့ ဂျေရုဆလင်မြို့၌ ပြင်းထန်စွာငိုကြွေးကြလိမ့်မည်။
ထိုအခါ ဂေဇာဘုရင်ဟောရံမင်းကြီးသည် လာခိရှဘုရင်ကို စစ်ကူပေးရန် ချီလာ၏။ ယောရှုသည် ထိုဘုရင်နှင့်သူ၏စစ်သည်တို့ကို အသက်ရှင်ကျန်ရစ်သူမရှိအောင် ချေမှုန်းလေ၏။
ဟာဇော်ဘုရင် ယာဘိန်မင်းကြီးသည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ မာဒုန်ဘုရင်ယောဗပ်မင်းကြီး၊ ရှိမရုန်ဘုရင်၊ အာခရှပ်ဘုရင်တို့ထံသို့လည်းကောင်း၊
ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့၌နေထိုင်သော ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ ယနေ့တိုင်အောင် ခါနာန်လူမျိုးတို့နှင့်အတူနေထိုင်ကြ၏။ သို့သော် သူတို့ကို အလုပ်ကြမ်းလုပ်စေ၏။
အနောက်ဘက် ယာဖလက်နယ်နိမိတ်သို့ ဆင်းသွား၍ အောက်ဗေသောရုန်နယ်နိမိတ်မှ ဂေဇာမြို့အထိဆက်သွားပြီး ပင်လယ်၌ဆုံးလေ၏။
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။
သူတို့အား ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ (ရှေခင်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။)
ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့သား ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ထို့ကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူ ဂေဇာမြို့၌ နေထိုင်ကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဟာဇော်မြို့၌စိုးစံသော ခါနာန်ဘုရင်ယာဘိန်မင်းကြီးလက်သို့ ရောင်းလိုက်လေ၏။ ထိုဘုရင်၏စစ်သူကြီးမှာ ဟာရောရှက်ဟာဂေါအိမ်မြို့၌နေထိုင်သော သိသရဖြစ်၏။
ရှင်ဘုရင်တို့သည်လာ၍ စစ်တိုက်ကြ၏။ ခါနာန်ဘုရင်တို့သည် တာနက်မြို့၊ မေဂိဒ္ဒေါအိုင်နား၌ စစ်တိုက်ကြ၏။ တိုက်ခိုက်လုယူသောငွေကို မယူသွားကြ။
သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင်
ထို့နောက် ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားအပေါင်းတို့သည် ရှေခင်မြို့ရှိ အထိမ်းအမှတ်ဝက်သစ်ချပင်ရှိရာသို့ စုရုံးသွားကြပြီး အဘိမလက်ကို မင်းမြှောက်ကြ၏။