၂ ရာချုပ် 35:22 - မြန်မာ့စံမီသမ္မာကျမ်း22 သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။ အခန်းကိုကြည့်ပါ။Common Language Bible22 သို့ရာတွင်ယောရှိသည်စစ်တိုက်ရန်သန္နိဋ္ဌာန် ချထားပြီဖြစ်သဖြင့် မိမိကိုယ်ကိုရုပ်ဖျက် ၍တိုက်ပွဲဝင်လေသည်။ သူသည်နေခေါမင်း အားဖြင့်ထာဝရဘုရားမိန့်တော်မူသော စကားကိုနားမထောင်ဘဲမေဂိဒ္ဒေါလွင်ပြင် ၌တိုက်ပွဲဝင်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 ယော ရှိ မင်း သည်၊ ဗျာ ဒိတ် တော် ခံ နေ ခေါ မင်း စ ကား ကို မ လိုက် နာ ဘဲ၊ မင်း မြောက် တန် ဆာ ကို ချွတ်၍၊ ထို မင်း နှင့် စစ် တိုက် ရန် တပ် ဤ လှည့် ချီ စေ ပြီး လျှင်၊ မေ ဂိ ဒ္ဒေါ ချိုင့် သို့ ဆိုက် ရောက် စစ် တိုက် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible22 သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါဆင့်ဆိုသော ဘုရားသခင်၏အမိန့်တော်ကို နားမထောင်၊ စစ်တိုက်ခြင်းငှာ ခြားနားသောအယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
သို့သော် နေခေါမင်းကြီးက ယောရှိမင်းကြီးထံ တမန်ကိုလွှတ်၍ “အို ယုဒဘုရင်၊ သင်နှင့် အကျွန်ုပ် မည်သို့ဆိုင်သနည်း။ ယခု သင်နှင့်စစ်တိုက်ရန် အကျွန်ုပ်ချီလာသည်မဟုတ်။ အကျွန်ုပ်နှင့်စစ်ဖြစ်နေသောလူမျိုးကိုသာတိုက်ရန် ချီလာ၏။ ဘုရားသခင်သည် အကျွန်ုပ်အား စစ်အမြန်တိုက်စေပြီဖြစ်၍ အကျွန်ုပ်နှင့်အတူရှိသောဘုရားသခင်ကို ဆန့်ကျင်၍ဆီးတားမနေပါနှင့်။ သို့မဟုတ်လျှင် သင့်ကိုဖျက်ဆီးတော်မူမည်”ဟု မှာကြားလိုက်၏။
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။