၃ ရာ 6:38 - မြန်မာ့စံမီသမ္မာကျမ်း38 တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible38 ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible38 နန်း စံ ဆယ့် တစ် နှစ်၊ ဗု လ ခေါ် အ ဌ မ လ တွင် န မူ နာ ပုံ စံ အ တိုင်း အ လုံး စုံ ပြီး စီး သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible38 နန်းစံဆယ်တစ်နှစ်၊ ဗုလအမည်ရှိသော အဋ္ဌမလတွင် အိမ်တော် အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှတို့ကို လက်စသတ်၍ ခုနစ်နှစ်ပတ်လုံး အိမ်တော်ကို တည်ဆောက်သတည်း။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။