အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
၃ ရာ 16:9 - မြန်မာ့စံမီသမ္မာကျမ်း သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ် Common Language Bible ဘုရင့်ရထားတပ်ခွဲမှူးဇိမရိဆိုသူသည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လေသည်။ တစ်နေ့သ၌မင်းကြီးသည်တိရဇမြို့ရှိနန်း တော်အုပ်အာဇ၏အိမ်တွင်သောက်စားမူးယစ် လျက်နေစဉ်၊- Garrad Bible ၄င်း မြို့ ရှိ လက် သုံး တော် ချုပ် အာ ဇ အိမ် တွင် သောက် စား ယစ် မူး လျက် ရှိ စဉ်၊ ယု ဒ ဘု ရင် အာ သ မင်း နန်း စံ နှစ် ဆယ့် ခု နစ် နှစ်၌ လက် စွဲ စစ် ရ ထား တပ် ဗိုလ် ဇိ မ ရိ သည် အ တွင်း မီး ထ၍ ဝင် ရောက် လုပ် ကြံ ပြီး လျှင် နန်း တက် လေ ၏။ Judson Bible ရထားစီးသူရဲ တစ်ဝက်ကိုအုပ်သောသူ၊ မိမိကျွန်ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော်အုပ်အာဇ၏အိမ်၌ ယစ်မူးအောင် သောက်လျက်နေစဉ်အခါ၊ |
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုအုပ်ထိန်းရသော၊ မိမိအိမ်တွင်အသက်အကြီးဆုံးဖြစ်သောအစေအပါးအား “သင်၏လက်ကို ငါ့ပေါင်အောက်၌ထားလော့။
ထို့ကြောင့် ယောသပ်သည် သခင့်ရှေ့၌မျက်နှာရ၍ သခင့်အားခစားလျက်နေရ၏။ သခင်သည် မိမိအိမ်ကိုကြီးကြပ်သူအဖြစ် သူ့အားခန့်ထား၍ မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့လက်၌အပ်လေ၏။
ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။
ဣသခါအမျိုးအနွယ် အဟိယ၏သားဗာရှာသည် နာဒပ်မင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်၏။ နာဒပ်မင်းကြီးနှင့် အစ္စရေးတပ်သားအပေါင်းတို့ ဂိဗ္ဗသုန်မြို့ကိုဝိုင်းထားစဉ် ဗာရှာသည် နာဒပ်မင်းကြီးကို ဖိလိတ္တိပြည်၊ ဂိဗ္ဗသုန်မြို့တွင်ပင် သတ်လိုက်လေ၏။
ဇိမရိဝင်လာ၍ ဧလာမင်းကြီးကို တိုက်ခိုက်သတ်ဖြတ်လိုက်၏။ ထို့ကြောင့် ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ဇိမရိသည် ဧလာမင်းကြီး၏အရိုက်အရာကို ဆက်ခံလေ၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခြောက်နှစ်တွင် ဗာရှာမင်းကြီး၏သားတော်ဧလာ နန်းတက်၍ တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်နှစ်အုပ်စိုး၏။
အာဟပ်မင်းကြီးသည် နန်းတော်အုပ်ဩဗဒိကို ဆင့်ခေါ်၏။ ဩဗဒိသည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ရိုသေသောသူဖြစ်၏။
မိမိနှင့်အတူပါလာသောရှင်ဘုရင်များနှင့်အတူ တဲအတွင်း၌ စားသောက်နေသောဗင်္ဟာဒဒ်မင်းကြီးက ထိုသတင်းများကိုကြားသောအခါ သူ့အမှုထမ်းတို့အား “အသင့်ပြင်ကြ”ဟု အမိန့်ပေးသဖြင့် သူတို့လည်း မြို့ကိုတိုက်ရန် အသင့်ပြင်ကြ၏။
သူတို့သည် မွန်းတည့်ချိန်တွင် စစ်ချီလာကြ၏။ ထိုအချိန်တွင် ဗင်္ဟာဒဒ်မင်းကြီးနှင့် သူ့ကိုစစ်ကူပေးသောအခြားဘုရင်သုံးဆယ့်နှစ်ပါးတို့သည် တဲများ၌ စားသောက်မူးယစ်နေကြ၏။
ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။
ယာဗက်၏သားရှလ္လုံသည် ဇာခရိမင်းကြီးအား လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လူအများရှေ့တွင်ပင် ကွပ်မျက်၍ မင်းအရိုက်အရာကို ဆက်ခံလေ၏။
ရေမလိ၏သား တပ်မှူးပေကာသည် အာဂေါဘ၊ အရေဟနှင့် ဂိလဒ်ပြည်သားအယောက်ငါးဆယ်တို့နှင့်အတူ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့ရှိ ဘုရင့်နန်းတော်ခံတပ်တွင် ပေကဟိမင်းကြီးကို လုပ်ကြံသတ်ဖြတ်လိုက်၏။ ထို့နောက် ပေကာသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။
ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
ဤသို့ဖြင့် နိမ်ရှိ၏မြေး၊ ယောရှဖတ်၏သားယေဟုသည် ယောရံမင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်လေ၏။ ထိုအချိန်တွင် ယောရံမင်းကြီးနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး၏ရန်ကြောင့် ရာမုတ်ဂိလဒ်မြို့ကို စောင့်ကြပ်လျက်နေ၏။
အို လေမွေလ၊ စပျစ်ဝိုင်သောက်ခြင်းသည် ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ သေရည်သေရက်ကိုတောင့်တခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက် မသင့်လျော်ပေ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “ငါသည် ဘေဘီလုံမြို့၏မှူးမတ်များ၊ ပညာရှိများ၊ ဘုရင်ခံများ၊ အုပ်ချုပ်သူများ၊ စစ်သူရဲများကို ယစ်မူးစေ၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်စေမည်”ဟု မိန့်တော်မူ၏။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။