၃ ရာ 15:27 - မြန်မာ့စံမီသမ္မာကျမ်း27 ဣသခါအမျိုးအနွယ် အဟိယ၏သားဗာရှာသည် နာဒပ်မင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်၏။ နာဒပ်မင်းကြီးနှင့် အစ္စရေးတပ်သားအပေါင်းတို့ ဂိဗ္ဗသုန်မြို့ကိုဝိုင်းထားစဉ် ဗာရှာသည် နာဒပ်မင်းကြီးကို ဖိလိတ္တိပြည်၊ ဂိဗ္ဗသုန်မြို့တွင်ပင် သတ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible27-28 နာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible27-28 ဖိ လိ တ္တိ ပိုင် ဂိ ဗ္ဗ သုန် မြို့ ကို နာ ဒပ် မင်း နှင့် တ ကွ ဣ သ ရေ လ အ လုံး အ ရင်း တို့ ဝိုင်း ထား ကြ စဉ် ယု ဒ ဘု ရင် အာ သ မင်း နန်း စံ သုံး နှစ် တွင် ဣ သ ခါ့ အ နွယ်၊ အ ဟိ ယ သား ဗာ ရှာ သည် အ တွင်း မီး ထ ၍ နာ ဒပ် မင်း ကို လုပ် ကြံ ပြီး လျှင် နန်း တက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဣသခါအမျိုး၊ အဟိယသားဗာရှာသည် သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊ အခန်းကိုကြည့်ပါ။ |
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။
သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။