သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
၃ ရာ 15:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက် Common Language Bible ထို့ကြောင့်အာသမင်းသည်ဗိမာန်တော်နှင့်နန်း တော်တွင်ကျန်ရှိနေသေးသော ရွှေ၊ ငွေရှိသမျှကို မှူးမတ်အချို့တို့လက်ဖြင့်ဒမာသက်မြို့ရှိ ရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ယူဆောင်သွားစေ တော်မူ၏။ ဗင်္ဟာဒဒ်ကားရေဇုန်၏မြေး၊ တာဗရိ မုန်၏သားဖြစ်သတည်း။- Garrad Bible အာ သ မင်း သည် ဗိ မာန် တော်၊ နန်း တော်၌၊ ကြွင်း သ မျှ ဘ ဏ္ဍာ၊ ရွှေ ငွေ များ ကို ထုတ် ယူ၍ အပ် လိုက် သူ ရာ ဇ သံ တို့ လက် ဖြင့် ဒ မာ သက် မြို့ စံ၊ ရှု ရိ ဘု ရင်၊ ဟေ ဇ ယုန် မင်း မြေး တော်၊ တာ ဗ ရိ မ္မုန် မင်း သား တော်၊ ဗ င်္ဟာ ဒဒ် မင်း ထံ ပေး ပို့ လျက် Judson Bible ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသသည်ယူ၍ မိမိကျွန်တို့၌အပ်သဖြင့်၊ ဒမာသက်မြို့မှာနေသော ရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ ပေးလိုက်၍၊ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာ၏။
ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာ၏။
ငါသည် ဒမတ်စကပ်မြို့ရိုးကိုမီးရှို့၍ ဗင်္ဟာဒဒ်၏ခံတပ်တို့သည်လည်း လောင်ကျွမ်းသွားမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။