၄ ရာ 12:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊- အခန်းကိုကြည့်ပါ။Garrad Bible17 ထို အ ခါ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း သည် စစ် ချီ၍ ဂါ သ မြို့ ကို တိုက် ခိုက် သိမ်း ယူ ပြီး မှ ယေ ရု ရှ လင် မြို့ သို့ ချီ တက် ရန် တပ် ဦး လှည့် သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible17 ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ကို စစ်ချီ၍တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှာ အားထုတ်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်