၃ ရာ 15:19 - မြန်မာ့စံမီသမ္မာကျမ်း19 “သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို လက်ဆောင်အဖြစ်ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 အာသသည်သူ၏ထံသို့``အကျွန်ုပ်တို့သည်ကျွန်ုပ် တို့၏ခမည်းတော်များကဲ့သို့မဟာမိတ်ဖွဲ့ကြ ကုန်အံ့။ ဤရွှေ၊ ငွေများမှာအဆွေတော်အတွက် လက်ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိ၏စစ်တပ် များကိုကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွားစေရန် အဆွေတော်သည်သူနှင့်မဟာမိတ်ဖွဲ့မှုကိုဖျက် သိမ်းပစ်ပါလော့'' ဟုမှာကြားတော်မူလိုက်၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ကျွန်ုပ် သည် အ ကြည် တော် နှင့်လည်း ကောင်း၊ ခ မည်း တော် သည် အ ကြည် တော့် ခ မည်း တော် နှင့် လည်း ကောင်း မဟာ မိတ် ဖြစ် ကြ သည့် အ လျောက် လက် ဆောင် တော် ရွှေ ငွေ များ ကို ကျွန်ုပ် ပေး ပို့ ပါ၏။ ကျွန်ုပ် နယ် စပ် မှ ဣ သ ရေ လ ဘု ရင် ဗာ ရှာ မင်း ထွက် သွား စေ ရန် သူ နှင့် ဖွဲ့ ခဲ့ သော မ ဟာ မိတ် ကို ဖျက်၍ ကူ ညီ ပါ ဟူ သော အ မှာ တော် ကို အခန်းကိုကြည့်ပါ။Judson Bible19 ငါသည်သင်နှင့်လည်းကောင်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှာ၊ သူနှင့်ဖွဲ့သော မိတ်သဟာယကိုဖျက်၍လာပါဟု မှာလိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
“သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို ပို့ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။