၄ ရာ 12:18 - မြန်မာ့စံမီသမ္မာကျမ်း
18 ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
18 ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
18 ယု ဒ ဘု ရင် ယော ရှ မင်း သည် ဘေး တော်၊ ဘိုး တော်၊ ခ မည်း တော်၊ ယု ဒ ဘုရင် ယော ရှ ဖတ်၊ ယ ဟော ရံ၊ အာ ခ ဇိ မင်း တို့ သီး သန့် ထား ခဲ့ ရာ အ လှူ များ နှင့် ကိုယ် တိုင် သီး သန့် ထား ရာ အ လှူ များ မှ စ သော ဗိ မာန် တော်၊ နန်း တော်၊ ဘ ဏ္ဍာ တိုက် များ ရှိ ရွှေ ကို ယူ လျက် ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း ထံ ပေး လိုက် သည့် အ တွက် တပ် လှည့်၍ ပြန် လေ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
18 ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော်တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်းစေသမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာတွင် တွေ့သမျှသောရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလထံသို့ ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကိုထား၍ သွား၏။
အခန်းကိုကြည့်ပါ။ ကော်ပီ