ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
၃ ရာ 12:22 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယထံသို့ရောက်လာ၍ Common Language Bible သို့ရာတွင်ဘုရားသခင်သည် ပရောဖက် ရှေမာယကိုစေလွှတ်၍၊- Garrad Bible ရှေ မာ ယ သို့ ဗျာ ဒိတ် တော် ရောက် လာ သည် မှာ Judson Bible သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူ ရှေမာယသို့ရောက်၍၊ |
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
ဗေသလမြို့တွင် အသက်ကြီးသောပရောဖက်တစ်ပါးရှိရာ သူ့သားတို့သည် သူ့ထံလာ၍ ထိုနေ့၌ ဗေသလမြို့တွင် ဘုရားသခင်၏လူ ပြုခဲ့သောအမှုအလုံးစုံကို ပြောပြကြ၏။ ရှင်ဘုရင်အားပြောခဲ့သောစကားတို့ကိုလည်း သူတို့ဖခင်ကြီးအား ပြောပြလျှင်
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ထိုအခါ ထိုအမျိုးသမီးက ဧလိယအား “သင်သည် ဘုရားသခင်၏လူဖြစ်ကြောင်း၊ သင်ဆင့်ဆိုသောထာဝရဘုရား၏စကားတော်သည် မှန်ကန်ကြောင်းကို အကျွန်ုပ်သိပါပြီ”ဟု ဆို၏။
ထိုအခါ ဧလိရှဲက သူ့အား “နောက်နှစ် ဤအချိန်တွင် သင်သည် သားကို ချီပွေ့ရလိမ့်မည်”ဟု ဆိုလျှင် သူက “မဖြစ်နိုင်ပါ အကျွန်ုပ်၏သခင်။ အို ဘုရားသခင်၏လူ၊ အရှင့်အစေအပါးကို မလှည့်စားပါနှင့်”ဟု ပြန်လျှောက်၏။
ထို့နောက် မိမိခင်ပွန်းကိုခေါ်၍ “ငယ်သားတစ်ဦးနှင့် မြည်းတစ်ကောင်ကို အကျွန်ုပ်ထံ ပို့ပေးပါ။ အကျွန်ုပ်သည် ဘုရားသခင်၏လူထံသို့ အမြန်သွားပြီး ပြန်လာပါမည်”ဟု ဆို၏။
ထိုသို့ သူထွက်သွား၍ ဘုရားသခင်၏လူရှိရာ ကရမေလတောင်ပေါ်သို့ ရောက်လာ၏။ ဘုရားသခင်၏လူသည် သူ့ကို အဝေးမှမြင်လျှင် ငယ်သားဂေဟာဇိအား “ကြည့်ပါ။ ရှုနင်မြို့သူ လာနေပါသည်တကား။
တောင်ပေါ်ရှိဘုရားသခင်၏လူထံသို့ရောက်သည်နှင့် သူ့ခြေကိုဖက်ထားလေ၏။ ဂေဟာဇိသည် လာ၍သူ့ကိုတွန်းဖယ်မည်ပြုသောအခါ ဘုရားသခင်၏လူက “သူ့ကို လွှတ်ထားလိုက်ပါ။ သူစိတ်သောကရောက်နေ၏။ ထာဝရဘုရားသည် ငါ့အား မဖော်ပြဘဲ ထိန်ချန်ထားလေပြီ”ဟု ဆို၏။
ထိုမိန်းမသည် ဘုရားသခင်၏လူထံသို့လာ၍ပြောပြသောအခါ သူက “ထိုဆီများကို သွားရောင်းပြီး အကြွေးများကို ဆပ်ပါ။ ကျန်ငွေကို သင်နှင့်သင့်သားတို့ အသက်မွေးဖို့ အသုံးပြုပါ”ဟု ဆို၏။
ထိုသို့ အစ္စရေးဘုရင်သည် မိမိအဝတ်ကိုဆုတ်ဖြဲကြောင်း ဘုရားသခင်၏လူဧလိရှဲကြားလျှင် ရှင်ဘုရင်ထံလူလွှတ်၍ “အဘယ်ကြောင့် ကိုယ့်အဝတ်ကိုဆုတ်ဖြဲရသနည်း။ ထိုသူကို အကျွန်ုပ်ထံသို့ လွှတ်လိုက်ပါ။ အစ္စရေးပြည်တွင် ပရောဖက်ရှိကြောင်းကို သူသိရလိမ့်မည်”ဟု မှာလိုက်၏။
ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ဘုရားသခင်၏လူ ဣဂဒါလိ၏သားဖြစ်သော ဟာနန်၏သားတို့ အခန်းသို့ သွား၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အတွင်းရှိ ရှလ္လုံ၏သား တံခါးစောင့်မာသေယနေသောအခန်း၏အပေါ်ထပ်၌ရှိသော အကြီးအကဲများ၏အခန်းနှင့်ကပ်လျက်ရှိ၏။
ဘုရားသခင်၏လူမောရှေ မကွယ်လွန်မီ အစ္စရေးအမျိုးသားတို့အား ပေးခဲ့သော ကောင်းချီးမင်္ဂလာကား ဤသို့ဖြစ်၏။
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။