၄ ရာ 4:27 - မြန်မာ့စံမီသမ္မာကျမ်း27 တောင်ပေါ်ရှိဘုရားသခင်၏လူထံသို့ရောက်သည်နှင့် သူ့ခြေကိုဖက်ထားလေ၏။ ဂေဟာဇိသည် လာ၍သူ့ကိုတွန်းဖယ်မည်ပြုသောအခါ ဘုရားသခင်၏လူက “သူ့ကို လွှတ်ထားလိုက်ပါ။ သူစိတ်သောကရောက်နေ၏။ ထာဝရဘုရားသည် ငါ့အား မဖော်ပြဘဲ ထိန်ချန်ထားလေပြီ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible27 သို့ရာတွင်ဧလိရှဲထံသို့ရောက်သောအခါဦး ညွှတ်ပျပ်ဝပ်ပြီးလျှင် ဧလိရှဲ၏ခြေကိုဖက်၏။ ဂေဟာဇိသည်အမျိုးသမီးအားတွန်းဖယ်မည် ပြုသောအခါ ဧလိရှဲက``သူ့အားရှိစေတော့။ သူသည်အလွန်စိတ်ဆင်းရဲလျက်နေသည်ကို မမြင်သလော။ ဤအမှုနှင့်ပတ်သက်၍ ထာဝရ ဘုရားသည်ငါ့အားဖော်ပြတော်မမူခဲ့'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible27 က ရ မေ လ တောင် ရှိ ဘု ရား သ ခင့် လူ ယုံ တော် ထံ ရောက်၍ ခြေ ကို ဖက် လျက် နေ သော မိန်း မ အား တွန်း ဖယ် ရန် ဂေ ဟာ ဇိ ချဉ်း လာ လျှင် ဘု ရား သ ခင့် လူ ယုံ တော် က ရှိ စေ တော့။ သူ သည် စိတ် ပူ ပန် လေ စွ။ ငါ့ အား ဖော် ပြ တော် မ မူ ဘဲ ဘု ရား သ ခင် ထိန် ချန် လေ ပြီ ဟု ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဘုရားသခင်၏လူရှိရာ တောင်ပေါ်သို့ ရောက်သောအခါ၊ သူ၏ခြေတို့ကို ဖက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှာ ချဉ်းလာလျှင်၊ ဘုရားသခင်၏လူက သူ့ကိုမဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထိုအကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထားတော်မူပြီဟု ဆို၏။ အခန်းကိုကြည့်ပါ။ |