ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
၂ ရာချုပ် 32:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။ Common Language Bible မင်းကြီးသည်မြို့တော်ကာကွယ်ရေးအတွက် ခိုင်ခံ့စေရန် မြို့ရိုးများကိုပြန်လည်ပြုပြင် ခြင်း၊ ပြအိုးများကိုဆောက်လုပ်ခြင်း၊ အပြင် မြို့ရိုးတစ်ထပ်ကိုတည်ဆောက်ခြင်းတို့ကို ပြုတော်မူ၏။ ထို့ပြင်ယေရုရှလင်မြို့ဟောင်း အရှေ့ပိုင်း၌ရှိသောမြေကတုတ်များကို ပြုပြင်၍ လှံနှင့်ဒိုင်းလွှားအမြောက်အမြား ကိုပြုလုပ်စေတော်မူ၏။- Garrad Bible ဟေ ဇ ကိ မင်း လည်း၊ အား ယူ ၍၊ ပြို ပျက် သော မြို့ ရိုး နှင့် ပြင် မြို့ ရိုး ကို ပြု ပြင် လျက်၊ ပြ အိုး များ ကို လည်း တည် ဆောက် သည့် ပြင်၊ ဒါ ဝိဒ် မြို့ ရှိ မိ လ္လော ပြ အိုး ကို ခိုင် ခံ့ စေ ပြီး မှ၊ စစ် လက် နက်၊ ဒိုင်း လွှား များ စွာ ကို လုပ် လေ ၏။ Judson Bible ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ၏။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့် တညီတည်းတည်၏။ ပြင်မြို့ရိုးကိုလည်း တည်၏။ ဒါဝိဒ်မြို့၌ မိလ္လောရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။ |
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
ဖာရောမင်းကြီး၏သမီးတော်သည် ဒါဝိဒ်မြို့မှထွက်၍ သူ့အတွက် ရှောလမုန်မင်းကြီးဆောက်လုပ်ပေးသော နန်းဆောင်သို့ ပြောင်းနေ၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုလည်း တည်ဆောက်၏။
ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
ရောဗောင်မင်းကြီးသည် နိုင်ငံတော်တည်မြဲ၍ အင်အားကြီးမားလာသောအခါ သူနှင့်အစ္စရေးလူမျိုးတစ်မျိုးလုံး ထာဝရဘုရား၏ပညတ်တော်များကို စွန့်ပယ်ကြလေ၏။
ခုနစ်နှစ်မြောက်တွင် ယောယဒသည် သတ္တိမွေးကာ ရာတပ်မှူးများဖြစ်သော ယေရောဟံ၏သားအာဇရိ၊ ယေဟောဟနန်၏သားဣရှမေလ၊ ဩဗက်၏သားအာဇရိ၊ အဒါယ၏သားမာသေယ၊ ဇိခရိ၏သားဧလိရှဖတ်တို့နှင့် ကတိသစ္စာပြု၍
ထိုအခါ အစ္စရေးဘုရင်ယောရှမင်းကြီးသည် ယောခတ်မင်းကြီး၏မြေး၊ ယောရှမင်းကြီး၏သား ယုဒဘုရင်အာမဇိမင်းကြီးကို ဗက်ရှေမက်မြို့တွင် ဖမ်းမိပြီး ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာ၏။ ထို့နောက် ဂျေရုဆလင်မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် အတောင်လေးရာဖြိုချပစ်ပြီး
အမ္မုန်လူမျိုးတို့သည် ဩဇိမင်းကြီးအား အခွန်ဆက်သပေးရ၏။ ဩဇိမင်းကြီးသည် အလွန်အင်အားကြီးမားလာပြီး အီဂျစ်ပြည်နယ်စပ်ထိတိုင်အောင် နာမည်ကျော်ကြားလေ၏။
ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။
မိမိ၏စိတ်ကိုမချုပ်တည်းနိုင်သောသူသည် ပြိုပျက်၍တံတိုင်းမရှိသောမြို့နှင့်တူ၏။
ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ထိုသူတို့ကိုမြင်သောအခါ ညအချိန်တွင်ပင် ဘုရင့်ဥယျာဉ်တော်လမ်းအတိုင်းပြေး၍ မြို့ရိုးနှစ်ခုကြားရှိတံခါးမှ မြို့ပြင်သို့ထွက်ပြီး အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
အချင်းချင်း မတိုးမတိုက်ဘဲ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ချီတက်ကြ၏။ လက်နက်ကြားတိုးဝင်သော်လည်း မကျဆုံး။
ထို့နောက် ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားအပေါင်းတို့သည် ရှေခင်မြို့ရှိ အထိမ်းအမှတ်ဝက်သစ်ချပင်ရှိရာသို့ စုရုံးသွားကြပြီး အဘိမလက်ကို မင်းမြှောက်ကြ၏။