ယေရမိ 39:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ထိုသူတို့ကိုမြင်သောအခါ ညအချိန်တွင်ပင် ဘုရင့်ဥယျာဉ်တော်လမ်းအတိုင်းပြေး၍ မြို့ရိုးနှစ်ခုကြားရှိတံခါးမှ မြို့ပြင်သို့ထွက်ပြီး အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ဤအဖြစ်အပျက်ကိုယုဒဘုရင်ဇေဒကိ နှင့် စစ်သူရဲကောင်းတို့မြင်လေလျှင်ညဥ့်အခါ မြို့ထဲမှထွက်ပြေးရန်ကြိုးစားကြ၏။ သူ တို့သည်ဥယျာဉ်တော်လမ်းဖြင့်မြို့ရိုးနှစ်ခု ကြားရှိတံခါးမှထွက်၍ ယော်ဒန်ချိုင့်ဝှမ်း သို့ရှေ့ရှုထွက်ပြေးကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နှင့် တ ကွ စစ် သား အ ပေါင်း တို့ သည် ထို သူ တို့ ကို မြင် လျှင်၊ ညဉ့် အ ခါ ဥ ယျာဉ် တော် လမ်း၊ မြို့ ရိုး နှစ် ထပ် ကြား မ လွယ် တံ ခါး ဖြင့်၊ မြို့ တွင်း မှ ထွက် ၍ အ ရာ ဗာ ချိုင့် လမ်း သို့ ပြေး သွား ကြ ရာ အခန်းကိုကြည့်ပါ။Judson Bible4 ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်းတို့သည် ထိုလူများကိုမြင်လျှင်၊ ညအခါပြေး၍ ဥယျာဉ်တော်လမ်းကိုလိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။