သုတ္တံကျမ်း။ 25:28 - မြန်မာ့စံမီသမ္မာကျမ်း28 မိမိ၏စိတ်ကိုမချုပ်တည်းနိုင်သောသူသည် ပြိုပျက်၍တံတိုင်းမရှိသောမြို့နှင့်တူ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 စိတ် ကို ချုပ် တည်း ခြင်း ကင်း သော သူ သည်၊ ရင် တား မဲ့ လျက်၊ ပေါက် ပျက် သော မြို့ ကဲ့ သို့ ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible28 ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။