Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 32:5 - Common Language Bible

5 မင်း​ကြီး​သည်​မြို့​တော်​ကာ​ကွယ်​ရေး​အ​တွက် ခိုင်​ခံ့​စေ​ရန် မြို့​ရိုး​များ​ကို​ပြန်​လည်​ပြု​ပြင် ခြင်း၊ ပြ​အိုး​များ​ကို​ဆောက်​လုပ်​ခြင်း၊ အ​ပြင် မြို့​ရိုး​တစ်​ထပ်​ကို​တည်​ဆောက်​ခြင်း​တို့​ကို ပြု​တော်​မူ​၏။ ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ဟောင်း အ​ရှေ့​ပိုင်း​၌​ရှိ​သော​မြေ​က​တုတ်​များ​ကို ပြု​ပြင်​၍ လှံ​နှင့်​ဒိုင်း​လွှား​အ​မြောက်​အ​မြား ကို​ပြု​လုပ်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဟေ ဇ ကိ မင်း လည်း၊ အား ယူ ၍၊ ပြို ပျက် သော မြို့ ရိုး နှင့် ပြင် မြို့ ရိုး ကို ပြု ပြင် လျက်၊ ပြ အိုး များ ကို လည်း တည် ဆောက် သည့် ပြင်၊ ဒါ ဝိဒ် မြို့ ရှိ မိ လ္လော ပြ အိုး ကို ခိုင် ခံ့ စေ ပြီး မှ၊ စစ် လက် နက်၊ ဒိုင်း လွှား များ စွာ ကို လုပ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထို့နောက် ဟေဇကိ​မင်းကြီး​သည် မိမိကိုယ်ကို အားမာန်သွင်း​လျက် ကျိုးပျက်​နေ​သော​မြို့ရိုး​အားလုံး​ကို ပြန်လည်​ပြုပြင်​၏​။ ရဲတိုက်​များ​ကို​လည်း တည်ဆောက်​၏​။ မြို့ရိုး​အပြင်ဘက်​တွင် မြို့ရိုး​တစ်​ခု​ကို​ထပ်မံ​တည်ဆောက်​၏​။ ဒါဝိဒ်​မြို့​ရှိ မိလ္လော​ကို​လည်း ခိုင်ခံ့​အောင်​ပြုလုပ်​၏​။ လက်နက်​နှင့်​ဒိုင်းလွှား​အမြောက်အမြား​ကို​လည်း ပြုလုပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 32:5
18 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ခံ​တပ်​ကို​သိမ်း​ယူ​တော်​မူ​ပြီး နောက်​ထို​ခံ​တပ်​အ​တွင်း​၌​နေ​ထိုင်​တော်​မူ ၍​ယင်း​ကို​ဒါ​ဝိဒ်​မြို့​ဟု​သ​မုတ်​တော်​မူ​၏။ မင်း ကြီး​သည်​ထို​ခံ​တပ်​ပတ်​လည်​တွင်​တောင်​ကုန်း အ​ရှေ့၊ မြေ​ဖို့​ထား​ရာ​အ​ရပ်​မှ​အ​စ​ပြု​၍ မြို့​ကို​တည်​တော်​မူ​၏။-


ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။-


ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။


ယော​ရှ​မင်း​၏​မှူး​မတ်​တို့​သည်​သူ့​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​၏။ ထို​သူ​တို့​အ​နက်​ရှိ​မတ် ၏​သား​ယော​ဇ​ကာ​နှင့်​ရှော​မေ​ရ​၏​သား​ယ​ဟော ဇ​ဗပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​သိ​လ ရွာ​သွား​ရာ​လမ်း​ရှိ​ဖို့​မြေ​ပေါ်​တွင်​တည်​ဆောက် ထား​သော​စံ​နန်း​၌​သူ့​အား​လုပ်​ကြံ​ကြ​၏။ သူ့ အား​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မ​ဇိ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။


ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-


ရော​ဗောင်​သည်​မိ​မိ​၏​ရာ​ဇ​အာ​ဏာ​တည်​မြဲ အောင်​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​နှင့်​သူ ၏​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​တ​ရား​တော်​ကို​စွန့်​ပယ်​၍၊-


ယော​ယ​ဒ​သည်​ခြောက်​နှစ်​မျှ​စောင့်​ဆိုင်း​နေ ပြီး​နောက် အ​ရေး​ယူ​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ ပြီ​ဖြစ်​ကြောင်း​ဆုံး​ဖြတ်​လျက် တပ်​မ​တော် အ​ရာ​ရှိ​ငါး​ဦး​ဖြစ်​ကြ​သော​ယေ​ရော​ဟံ ၏​သား​အာ​ဇ​ရိ၊ ယော​ဟ​နန်​၏​သား​ဣရှ​မေ​လ၊ သြ​ဗက်​၏​သား​အာ​ဇ​ရိ၊ အဒါ​ယ​၏​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား​ဧ​လိ​ရှ​ဖတ်​တို့ နှင့်​သ​ဘော​တူ​ညီ​ချက်​ရ​ပြီး​နောက်၊-


ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-


အမ္မုန်​အ​မျိုး​သား​တို့​သည်​သြ​ဇိ​အား​လက် ဆောင်​ပဏ္ဏာ​များ​ဆက်​သ​ရ​ကြ​၏။ သူ​သည် အ​လွန်​တန်​ခိုး​ကြီး​မား​လာ​သ​ဖြင့်​သူ​၏ ဂုဏ်​သ​တင်း​သည်​အီ​ဂျစ်​ပြည်​သို့​ပင်​ပျံ့​နှံ့ သွား​လေ​၏။


ထို​နောက်​မ​နာ​ရှေ​သည်​ဒါ​ဝိဒ်​မြို့​တော်​အ​ရှေ့ ဘက်​ဂိ​ဟုန်​စမ်း​ချောင်း​အ​နီး​ချိုင့်​ဝှမ်း​တစ်​နေ ရာ​မှ မြောက်​ဘက်​ငါး​တံ​ခါး​နှင့်​သြ​ဖေ​လ​ဟု ခေါ်​တွင်​သည့်​အ​ရပ်​တိုင်​အောင်​အ​ပြင်​မြို့​ရိုး ကို​မြှင့်​တင်​လိုက်​လေ​သည်။ မင်း​ကြီး​သည်​ယု​ဒ ပြည်​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​ရှိ​သ​မျှ​တွင် လည်း​တပ်​မှူး​တစ်​ယောက်​ကို​တပ်​စု​တစ်​စု​နှင့် တ​ကွ​ခန့်​ထား​တော်​မူ​၏။-


ဤ​အ​ဖြစ်​အ​ပျက်​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ နှင့် စစ်​သူ​ရဲ​ကောင်း​တို့​မြင်​လေ​လျှင်​ညဥ့်​အ​ခါ မြို့​ထဲ​မှ​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​၏။ သူ တို့​သည်​ဥ​ယျာဉ်​တော်​လမ်း​ဖြင့်​မြို့​ရိုး​နှစ်​ခု ကြား​ရှိ​တံ​ခါး​မှ​ထွက်​၍ ယော်​ဒန်​ချိုင့်​ဝှမ်း သို့​ရှေ့​ရှု​ထွက်​ပြေး​ကြ​လေ​သည်။-


အ​ချင်း​ချင်း​တစ်​ကောင်​နှင့်​တစ်​ကောင် အ​နှောင့်​အ​ယှက်​လည်း​မ​ဖြစ်​စေ​ကြ။ သူ​တို့​ခံ​တပ်​များ​ကို​ဖြတ်​၍​ပျံ​သန်း ကြ​သော်​လည်း၊ သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ဆီး​မ​တား​နိုင် ကြ။


ထို​နောက်​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​မှ မြို့​သား​အ​ပေါင်း​တို့​သည်​စု​ဝေး​လျက် ရှေ​ခင် မြို့​ရှိ​အ​ထိမ်း​အ​မှတ်​သ​ပိတ်​ပင်​သို့​သွား ရောက်​၍ အ​ဘိ​မ​လက်​အား​မင်း​မြှောက်​ကြ လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ