ထို့ကြောင့် ထာဝရဘုရားသည် နာသန်ကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ နာသန်သည် ဒါဝိဒ်မင်းကြီးထံသို့ရောက်လျှင် “မြို့တစ်မြို့တွင် လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ချမ်းသာ၍ တစ်ဦးမှာ ဆင်းရဲ၏။
၂ ရာချုပ် 25:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်၏လူတစ်ယောက်က ရှင်ဘုရင်ထံရောက်လာ၍ “အရှင်မင်းကြီး၊ ထာဝရဘုရားသည် အစ္စရေးလူမျိုးနှင့်အတူရှိတော်မမူ။ ဧဖရိမ်အမျိုးသားတစ်ယောက်နှင့်မျှ အတူရှိတော်မမူ။ ထို့ကြောင့် အစ္စရေးစစ်တပ်ကို မင်းကြီးနှင့်အတူ မချီတက်စေပါနှင့်။ Common Language Bible သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။- Garrad Bible ထို ကာ လ၊ ဘု ရား သ ခင့် လူ ယုံ တော် သည် လာ၍၊ အို ဘု ရင် မင်း၊ ဣ သ ရေ လ အ လုံး အ ရင်း အား၊ လိုက် ခွင့် ပြု တော် မ မူ ပါ လင့်။ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး တည်း ဟူ သော ဧ ဖ ရိမ် အ မျိုး သား တို့ နှင့် အ တူ၊ ရှိ တော် မူ သည် မ ဟုတ်။ Judson Bible သို့ရာတွင် ဘုရားသခင်၏လူတစ်ယောက်သည်လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကို မလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်းဟူသော ဧဖရိမ်အမျိုးသားအပေါင်းတို့နှင့်အတူ ရှိတော်မမူ။ |
ထို့ကြောင့် ထာဝရဘုရားသည် နာသန်ကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ နာသန်သည် ဒါဝိဒ်မင်းကြီးထံသို့ရောက်လျှင် “မြို့တစ်မြို့တွင် လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ချမ်းသာ၍ တစ်ဦးမှာ ဆင်းရဲ၏။
ထို့ကြောင့် ရှင်ဘုရင်သည် အတိုင်ပင်ခံတို့နှင့်ဆွေးနွေးတိုင်ပင်၍ ရွှေနွားသငယ်ရုပ်နှစ်ရုပ်ကို သွန်းလုပ်ပြီး ပြည်သူတို့အား “ဂျေရုဆလင်မြို့သို့ တက်သွားရသည်မှာ သင်တို့အဖို့ ခက်ခဲလှပါ၏။ အို အစ္စရေးလူမျိုးတို့၊ ကြည့်ပါ။ ဤသည်မှာ သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားများဖြစ်ပါ၏”ဟု မိန့်ဆို၏။
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
ထိုအမျိုးသမီးက မိမိခင်ပွန်းအား “အကျွန်ုပ်တို့ထံ မကြာခဏဝင်ထွက်သွားလာသောဤသူသည် ဘုရားသခင်၏သန့်ရှင်းသောလူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။
ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသော ငါတို့၏ခေါင်းဆောင် ဖြစ်၏။ ယဇ်ပုရောဟိတ်များသည်လည်း သင်တို့နှင့်တိုက်ခိုက်ရန် တံပိုးခရာမှုတ်၍စစ်ငြာသံပေးလျက် ရှိ၏။ အို အစ္စရေးအမျိုးတို့၊ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် စစ်မတိုက်ကြနှင့်။ သင်တို့အောင်နိုင်မည်မဟုတ်”ဟု အော်ပြော၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ထို့ပြင် အစ္စရေးလူမျိုးထံမှ စစ်သူရဲတစ်သိန်းကိုလည်း ငွေတာလန်တစ်ရာဖြင့် ငှားသေး၏။
ဧဖရိမ်ကို ငါတွေ့စဉ်က တိုင်ရာမြို့ကဲ့သို့ စားကျက်မြေ၌ပေါက်သောအပင်နှင့်တူ၏။ သို့သော် ဧဖရိမ်သည် သူ့သားသမီးတို့ကို လူသတ်သမားထံ ခေါ်ထုတ်လာရတော့မည်။”
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။