၂ ရာချုပ် 25:7 - Common Language Bible7 သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။- အခန်းကိုကြည့်ပါ။Garrad Bible7 ထို ကာ လ၊ ဘု ရား သ ခင့် လူ ယုံ တော် သည် လာ၍၊ အို ဘု ရင် မင်း၊ ဣ သ ရေ လ အ လုံး အ ရင်း အား၊ လိုက် ခွင့် ပြု တော် မ မူ ပါ လင့်။ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး တည်း ဟူ သော ဧ ဖ ရိမ် အ မျိုး သား တို့ နှင့် အ တူ၊ ရှိ တော် မူ သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible7 သို့ရာတွင် ဘုရားသခင်၏လူတစ်ယောက်သည်လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကို မလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်းဟူသော ဧဖရိမ်အမျိုးသားအပေါင်းတို့နှင့်အတူ ရှိတော်မမူ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သို့သော် ဘုရားသခင်၏လူတစ်ယောက်က ရှင်ဘုရင်ထံရောက်လာ၍ “အရှင်မင်းကြီး၊ ထာဝရဘုရားသည် အစ္စရေးလူမျိုးနှင့်အတူရှိတော်မမူ။ ဧဖရိမ်အမျိုးသားတစ်ယောက်နှင့်မျှ အတူရှိတော်မမူ။ ထို့ကြောင့် အစ္စရေးစစ်တပ်ကို မင်းကြီးနှင့်အတူ မချီတက်စေပါနှင့်။ အခန်းကိုကြည့်ပါ။ |
ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။