ဟောရှေ 9:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဧဖရိမ်ကို ငါတွေ့စဉ်က တိုင်ရာမြို့ကဲ့သို့ စားကျက်မြေ၌ပေါက်သောအပင်နှင့်တူ၏။ သို့သော် ဧဖရိမ်သည် သူ့သားသမီးတို့ကို လူသတ်သမားထံ ခေါ်ထုတ်လာရတော့မည်။” အခန်းကိုကြည့်ပါ။Common Language Bible13 အရှင်ထာဝရဘုရား၊ သူတို့၏သား သမီးများအားရန်သူများလိုက်လံ၍ သတ်ဖြတ်နေသည်ကိုအကျွန်ုပ်မြင် ယောင်ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 တု ရု မြို့ ကဲ့ သို့၊ စား ကျက် တွင် စိုက် ပျိုး ဟန် ရှိ သော ဧ ဖ ရိမ် သည်၊ လုပ် ကြံ သူ တို့ အား၊ သား သ မီး တို့ ကို ထုတ် အပ် ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible13 ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ်၌ တည်ဟန်ရှိသော်လည်း၊ မိမိသားသမီးတို့ကို လူသတ်လက်သို့ အပ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ပွဲတော်နေ့၌ လူတို့ကိုဖိတ်ခေါ်သကဲ့သို့ ကြောက်လန့်ဖွယ်ရာတို့ကို အဘက်ဘက်မှ ကိုယ်တော်ဖိတ်ခေါ်တော်မူပြီ။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူတစ်ယောက်မျှမရှိ။ အကျွန်ုပ်ချီပိုက်၍ကျွေးမွေးစောင့်ရှောက်သောသူတို့ကို ရန်သူတို့ အကုန်အစင်ဖျက်ဆီးလေပြီ။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။