Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 25:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့ပြင် အစ္စရေး​လူမျိုး​ထံမှ စစ်သူရဲ​တစ်သိန်း​ကို​လည်း ငွေ​တာလန်​တစ်ရာ​ဖြင့် ငှား​သေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 အာ​မ​ဇိ​သည်​ထို​သူ​များ​အ​ပြင်​ဣသ​ရေ​လ ပြည်​မှ စစ်​သည်​တစ်​သိန်း​ကို​လည်း​ငွေ​လေး တန်​ပေး​၍​ငှား​ရမ်း​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဣ သ ရေ လ စစ် ခေါင်း မာ သူ တစ် သိန်း ကို လည်း၊ ငွေ ချိန် ခွက် သုံး ထောင် နှင့် ငှား ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ခွန်​အား​ကြီး​သော ဣ​သ​ရေ​လ​သူ​ရဲ​တစ်​သိန်း​ကို​လည်း ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ငှား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 25:6
3 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့ သိ​သောအခါ ဟာနုန်​မင်းကြီး​နှင့် အမ္မုန်​အမျိုးသား​တို့​သည် မက်ဆိုပိုတေးမီးယား​ပြည်​၊ ဆီးရီးယားမာခါ​ပြည်​၊ ဇောဘ​ပြည်​တို့​မှ စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​ကို ငွေ​တာလန်​တစ်ထောင်​ဖြင့်​ငှားရမ်း​ဖို့ လူ​လွှတ်​လိုက်​၏​။


အာမဇိ​မင်းကြီး​သည် ယုဒ​လူမျိုး​တို့​ကို စုဝေး​စေ​ပြီး ယုဒ​လူမျိုး​နှင့်​ဗင်္ယာမိန်​လူမျိုး​အပေါင်း​တို့​တွင် ထောင်တပ်မှူး​၊ ရာတပ်မှူး​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် နေရာ​ချထား​၏​။ ထို့ပြင် အသက်​နှစ်ဆယ်​နှင့်​အထက်​ရှိ​သူ​တို့​ကို စာရင်းကောက်​ရာ​တွင် လှံ​နှင့်​ဒိုင်းလွှား​တို့​ကို ကိုင်ဆောင်​ပြီး စစ်မှုထမ်း​နိုင်​သူ လက်ရွေးစင်​စစ်သည် သုံးသိန်း​ရှိ​၏​။


သို့သော် ဘုရားသခင်​၏​လူ​တစ်ယောက်​က ရှင်ဘုရင်​ထံ​ရောက်လာ​၍ “​အရှင်မင်းကြီး​၊ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​နှင့်အတူ​ရှိ​တော်​မ​မူ​။ ဧဖရိမ်​အမျိုးသား​တစ်ယောက်​နှင့်​မျှ အတူ​ရှိ​တော်​မ​မူ​။ ထို့ကြောင့် အစ္စရေး​စစ်တပ်​ကို မင်းကြီး​နှင့်အတူ မ​ချီတက်​စေ​ပါ​နှင့်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ